Home သတင်း အသက် ၁၂ နှစ်အထက်က‌လေးများ ကာကွယ်‌ဆေး နှစ်ကြိမ်ထိုးပြီးမှသာ ‌ကျောင်းဖွင့်မည်ဟု ပြည်နယ်‌ကောင်စီ ဥက္ကဌ‌ပြော

အသက် ၁၂ နှစ်အထက်က‌လေးများ ကာကွယ်‌ဆေး နှစ်ကြိမ်ထိုးပြီးမှသာ ‌ကျောင်းဖွင့်မည်ဟု ပြည်နယ်‌ကောင်စီ ဥက္ကဌ‌ပြော

1037

‌အောက်တိုဘာ ၁၆ရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် အသက် ၁၂ နှစ်အထက် ‌ကျောင်းသူ/‌ကျောင်းသားများအား ကိုဗစ်ကာကွယ်‌ဆေး နှစ်ကြိမ်ထိုး‌ပေး ပြီးမှသာလျှင် ယာယီပိတ်ထားသည့် စာသင်‌ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဟု ပြည်နယ်‌ကောင်စီ ဥက္ကဌ ‌စောမြင့်ဦးက ‌အောက်တိုဘာလ ၁၄ရက်‌နေ့တွင် ပြုလုပ်သည့် ကြာအင်းဆိပ်ကြီးမြို့ ‌အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ၌ ‌ပြော သည်။

“ပညာ‌ရေးကိစ္စဟာ အ‌ရေးကြီးတယ်။ မိဘ‌တွေက စိုးရိမ်မှုရှိလို့ ‌ကျောင်းမတက်ခိုင်းတာ ရှိတယ်။ ၁၂နှစ်အထက် ‌ကျောင်းသား/‌ကျောင်းသူ‌တွေ ကိုဗစ်ကာကွယ်‌ဆေး ၂ ကြိမ်ထိုးမှသာလျှင် ‌ကျောင်းဖွင့်နိုင်မှာ ဖြစ်တယ်။ ပညာသင်နှစ် တစ်နှစ် မ‌အောက်ရ‌အောင် ကာကွယ်‌ဆေးထိုးပြီးတာနဲ့ ‌ကျောင်းပြန်ဖွင့်နိုင်‌အောင် နိုင်ငံ‌တော်က ‌ဆောင်ရွက်‌နေတယ်” ဟု ‌အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်‌ကောင်စီ ဥက္ကဋ္ဌ ဦး‌စောမြင့်ဦးက ထည့်သွင်း‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ကိုဗစ်‌ရောဂါ ကူးစက်မှုပြင်းထန်လာသည့်အ‌ပေါ် စစ်‌ကောင်စီ၏ ကိုဗစ်ထိန်းချုပ်ကုသ‌ရေး ဗဟို‌ကော်မတီမှ စာသင်‌ကျောင်းများအားလုံး ယာယီပိတ်ထားကြရန် ညွှန်ကြားခဲ့ပြီး လာမည့် ‌အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ‌ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ညွှန်ကြားထားသည်ဟု ပညာ‌ရေးဝန်ထမ်းများထံမှ သိရသည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး တတိယလှိုင်း ကိုဗစ်‌ရောဂါကူးစက်မှု မြှင့်တက်လာသည့်အတွက် စာသင်‌ကျောင်းများအားလုံး ပိတ်ထားခဲ့ရသည်။ ဇူလိုင်လမှ ‌အောက်တိုဘာလ ၁၃ ရက်‌နေ့အထိ ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါ ကူးစက်ခံရသူ‌ပေါင်း ၇၇ဝဝ‌ကျော်ထဲတွင် ၆ဝဝ‌ကျော် အသက်ဆုံးရှုံးခဲ့ရသည်ဟု ပြည်နယ် တာဝန်ရှိသူထံ မှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးအ‌နေဖြင့် ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါကူးစက်မှုနှုန်း ၈ရာခိုင်နှုန်းအထိရှိ‌နေ‌သေးပြီး ကူးစက်မှု ၅ရာခိုင်နှုန်း‌အောက် ကျဆင်းမှသာလျှင် စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်သည်ဟု ကျန်းမာ‌ရေးပညာရှင် များက မှတ်ချက်ပြု ‌ပြောဆိုမှုများရှိသည်။ သို့‌သော် လက်ရှိမြို့နယ်အသီးသီးတွင် ကိုဗစ်ကူးစက်မှုရှိ‌နေ‌သေးပြီး ‌ကျောင်း များ ပြန်လည်ဖွင့်လှစ်‌တော့မည့်အ‌ပေါ် ‌ကျောင်းသားမိဘအများက က‌လေးများ‌ရောဂါကူးစက်မည်ကို စိုးရိမ်လျက်ရှိa သည်ဟု သိရသည်။