Home သတင်း အရပ်သားကားဖြင့် သွားလာသည့် စစ်‌ကောင်စီအရာရှိကားကို KNLA တပ်မဟာ ၁ တိုက်ခိုက်၍ အရာရှိနှင့် ဇနီး‌သေဆုံး

အရပ်သားကားဖြင့် သွားလာသည့် စစ်‌ကောင်စီအရာရှိကားကို KNLA တပ်မဟာ ၁ တိုက်ခိုက်၍ အရာရှိနှင့် ဇနီး‌သေဆုံး

1252
Photo: KNLA တပ်မဟာ (၁)

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်တွင် ယ‌နေ့‌အောက်တိုဘာလ ၂၅ရက်‌နေ့ မွန်းလွဲပိုင်းက အရပ်သားကားဖြင့် သွားလာ‌နေသည့် စစ်‌ကောင်စီအရာရှိကားကို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ ၁ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၎င်းစစ်‌ကောင်စီအရာရှိနှင့် ဇနီး‌သေဆုံးပြီး လက်နက်တိုတစ်လက် သိမ်းဆည်းရမိသည်ဟု KNLA က ‌ပြောသည်။

ယ‌နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ကျိုက်‌ကော်မှ ပန္နဲ‌တောစခန်းသို့ အရပ်သား အိမ်စီးကားဖြင့် တက်လာသည့် ဗိုလ်မှူးအဆင့်ရှိ စစ်‌ကောင်စီအရှိနှင့် ဇနီးတို့ ကားကို ထုံးဘိုကြီးနှင့် အင်‌တောကြားတွင် ၎င်းတို့ တပ်ဖွဲ့ဝင်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မဟာ ၁မှ တပ်မှူးတစ်ဦးက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။

သူက ” သတင်းအတိအကျ ရထား‌တော့ ကျ‌နော်တို့လူ‌တွေ အဆင်သင့် သွား‌စောင့်ပြီး ဆွဲမိုင်းနဲ့ ဆွဲတာ၊ အဲဒီမှာ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိက ပွဲချင်းပြီးပဲ ‌သေသွားတယ်။ သူ့အမျိုးသမီးက‌တော့ ‌ဆေးရုံကို ပို့တဲ့အခါကျမှ ဆုံးသွားတယ်လို့ ကျ‌နော်တို့ ပြန်သိရတယ်။ အဲဒီဗိုလ်မှူးကိုင်တဲ့ အတိုတစ်လက်ရလိုက်တယ်‌ပေါ့‌နော်။ “ဟု ‌ပြောသည်။

Photo: KNLA တပ်မဟာ (၁)

အဆိုပါ အခင်းဖြစ်ပွားပြီး‌နောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်အ‌မြောက်အများသည် ထို‌နေရာသို့ ‌ရောက်ရှိလာပြီး ‌ဘေးပတ် ဝန်းကျင်တဝိုက်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု လုပ်‌ဆောင်ခဲ့သည်ဟုလည်း အဆိုပါ KNLA တပ်မှူးက ဆက်‌ပြောသည်။

ယမန်‌နေ့က ‌အောက်တိုဘာလ ၂၄ရက်‌နေ့တွင်လည်း အဆိုပါ ‌ဒေသတွင်( KNLA) နှင့် စစ်‌ကောင်စီတပ်တို့ အကြား တစ်ရက်အတွင်း ထိ‌တွေ့ ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၁၄ ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့‌သေးသည်ဟု KNU သထုံခရိုင်ဘက်က ယ‌နေ့ သတင်းထုတ်ပြန်ခဲ့သည်။