Home သတင်း ပစ်ခတ်မှုများ‌ကြောင့် တိမ်း‌ရှောင်‌နေရသည့် ‌ကော့ကရိတ်‌တောင်ပိုင်း‌ဒေသခံအချို့ ‌နေရပ်မပြန်နိုင်‌သေး

ပစ်ခတ်မှုများ‌ကြောင့် တိမ်း‌ရှောင်‌နေရသည့် ‌ကော့ကရိတ်‌တောင်ပိုင်း‌ဒေသခံအချို့ ‌နေရပ်မပြန်နိုင်‌သေး

1225
Photo: CJ

‌အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ် (‌ကော့ကရိတ်မြို့‌တောင်ပိုင်း) တွင် ယခုလဆန်းပိုင်းကတည်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် ထွက်‌ပြေး‌ရှောင်‌နေကြရသည့် ‌ဒေသခံအချို့မှာ ယခုအချိန်ထိ ‌နေရပ်မပြန်နိုင်‌သေး‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရှိရသည်။

‌ကော့ကရိတ်မြို့နယ် ‌တောင်ပိုင်း‌ကျေးရွာဖြစ်သည့် ရွာသစ်၊ ‌ကော့နွဲ၊ မြို့‌ဟောင်း စသည့် ‌ကျေးရွာမှ ‌ဒေသခံများ သည် ယခုလ‌အောက်တိုဘာလ ၁ ရက်‌နေ့မှ လကုန်ပိုင်းအထိ နယ်‌မြေခံ KNLA တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့ အကြား ပစ်ခတ်မှု‌ကြောင့် တိမ်း‌ရှောင်‌နေကြရသည့် ၎င်း‌ကျေးရွာများရှိ ‌ဒေသခံအချို့မှာ ယခုအချိန်ထိ မိမိတို့‌နေအိမ်ကို ပြန်လည်‌နေထိုင်ခြင်းမရှိ‌သေးဘဲ ‌ဆွေမျိုးနှင့် အသိမိတ်‌ဆွေများ‌နေအိမ်များတွင် ခိုလှုံ‌နေရဆဲဖြစ်သည်ဟု ‌ဒေသခံရွာသားများက ‌ပြောသည်။

‌ဒေသခံရွာသားတစ်ဦးက “တချို့ကလည်း ပြန်လာပြီ၊ အကုန်လုံး‌တော့ ပြန်မ‌ရောက်‌သေးဘူး‌ပေါ့‌နော်။ တချို့ကလည်း စစ်တပ်နဲ့နီးလို့ ပြန်မလာရဲကြဘူး။ ဒါ‌ပေမယ့်လည်း အဆင်‌ပြေ‌အောင်‌နေ‌နေရတာ‌ပေါ့‌နော်။ ‌ဆွေမျိုးအိမ်သွား‌နေတာရှိတယ်။ အသိမိတ်‌ဆွေ‌တွေမှာ အိမ်သွား‌နေတာ‌တွေရှိတယ်။ ဒီလိုအကြာကြီး ‌နေမယ်ဆိုရင်‌တော့ အဆင်မ‌ပြေဘူး‌ပေါ့‌နော်။ ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁ ရက်‌နေ့မှ ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့အထိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် -KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)နှင့် တပ်ရင်း(၂၇) နှင့် စစ်‌ကောင်စီတပ် စကခ-၁၃ လက်‌အောက်ခံ ခမရ-၅၅၆၊ ခမရ-၅၆ဝတို့အကြား လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ‌နေ့စဉ်လိုလို အပြန်အလှန်ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံများ စိုးရိမ်‌ကြောက်လန့်ပြီး ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြခြင်းဖြစ် သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာတွင် စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ထို‌ကျေးရွာများရှိ ‌ဒေသခံများ၏ ‌နေအိမ်နှင့် အိမ်‌မွေးတိရိစာ္ဆန်များကို လက်နက်ကြီးကျည် ထိမှန်မှုများရှိခဲ့သည်။ ၎င်းအပြင် စစ်‌ကောင်စီတပ်များသည် ‌ကျေးရွာများအတွင်းဝင်‌ရောက်ပြီး ‌ဒေသခံအချို့ကို ဖမ်းဆီးကာ လမ်းပြအဖြစ်‌ခေါ်‌ဆောင်အသုံးပြုခြင်း၊ လူ‌နေအိမ်များကို ‌ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်‌ဆောင်ခဲ့သည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၅ ရက်‌နေ့တွင်လည်း ‌နေအိမ်‌စောင့်‌နေသည့် ‌ကျေးရွာတာဝန်ရှိသူ ‌စောမြင့်‌အောင်ဆိုသူကိုလည်း စစ်‌ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟုလည်း ‌ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။

‌ကော့ကရိတ်‌တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် KNLAနှင့် စစ်‌ကောင်စီတပ်တို့အကြား ပစ်ခတ်မှုအတွင်း စစ်‌ကောင်စီဘက်မှ ၂ဝ ဦး‌ကျော်ကျဆုံးပြီး ၃၀‌ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ‌ပြောဆိုခဲ့သည်။ သို့‌သော် ‌ကေအိုင်စီ-ကရင်သတင်းဌာနအ‌နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့‌ပေ။

လက်ရှိ ‌ကော့ကရိတ်မြို့‌တောင်ပိုင်းတွင် ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ မရှိ‌တော့‌သော်လည်း ‌ကော့ကရိတ်-ကျိုက်ဒုံလမ်းမ‌ပေါ်ရှိ ရွာသစ်‌ကျေးရွာ ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်း နှင့် ကမိုင်ကုန်းဘုန်းကြီး‌ကျောင်းများတွင် စစ်‌ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။