Home သတင်း တပ်မ‌တော်သည် နိုင်ငံ‌ရေးတွင် ပါဝင်‌နေမှုမှ နုတ်ထွက်‌ကြောင်း ‌ကြေညာရန် KNU ‌တောင်းဆို

တပ်မ‌တော်သည် နိုင်ငံ‌ရေးတွင် ပါဝင်‌နေမှုမှ နုတ်ထွက်‌ကြောင်း ‌ကြေညာရန် KNU ‌တောင်းဆို

1886

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တပ်မ‌တော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အ‌နေဖြင့် တပ်မ‌တော်မှ ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ ထူ‌ထောင် ‌ရေး ကတိကဝတ်ပြုမှုကို တရားဝင် ‌ကြေညာချက်ထုတ်ပြန်ရန်နှင့် နိုင်ငံ‌ရေးတွင် ပါဝင်‌နေမှုမှ နုတ်ထွက်‌ကြောင်း ‌ကြေ ညာရန် ယ‌နေ့ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ကျ‌ရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘော တူစာချုပ်(NCA) (၆)နှစ်‌မြောက်‌နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံးက ‌တောင်းဆိုလိုက်သည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက “လက်ရှိ စစ်တပ်ကြီးကို လူထုက ‌အော့နှလုံးနာ‌နေကြပါပြီ။ ဒီစစ်တပ်ကို ပြုပြင်ဖို့ဆိုတာက စစ်တပ်ထဲမှာရှိတဲ့ တပ်မှူးတပ်ဗိုလ်ကိုယ်တိုင်က မပါဝင်ဘဲနဲ့ ပြုပြင်‌ပြောင်းလဲမှုက လည်း ခက်ပါလိမ့်မယ်။ ပြည်သူလူထုကို အကာအကွယ်‌ပေးတဲ့၊ ပြည်သူလူထုအတွက်ကို ရပ်တည်တဲ့ စစ်တပ်က တပ် ဗိုလ်တပ်မှူး‌တွေ ပါဝင်မှု၊ လူထုနဲ့ပူး‌ပေါင်းမှုနဲ့ ဒီစစ်တပ်ကြီးကိုပြန်ပြီး ပြင်ဆင်နိုင်တဲ့အ‌နေအထားရှိနိုင်သလို စစ်တပ် က‌နေပြီး‌တော့ နိုင်ငံ‌ရေးမှာ ပါဝင်စွက်ဖက်မှု‌တွေ ကင်းရှင်းပြီး‌တော့ Professional Army လို့‌ခေါ်တဲ့ ပြည်သူလူထုအသက် အိုးအိမ်ကို ကာကွယ်တဲ့ တပ်မ‌တော်တစ်ရပ်အ‌နေနဲ့ ထူ‌ထောင်ထားသင့်တဲ့ အ‌နေအထားတစ်ခုကို ကျ‌နော်တို့ ‌ပြောလို တာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA အ‌ကောင်အထည်‌ဖော်မှု လုပ်ငန်းစဉ်တ‌လျှောက်တွင် KNU အ‌နေဖြင့် အ‌ကောင်အထည်‌ဖော်ဘက်များနှင့်အတူ စိန်‌ခေါ်မှု‌ပေါင်းများစွာကို ကြံ့ကြံ့ခံ‌ကျော်လွှားကာ ၂၀၂ဝအလွန်ကာလ၊ ‌ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း‌ရေး တည် ‌ဆောက်‌ရေးအတွက် အဆင့် ၃ဆင့်နှင့် လုပ်ငန်းစဉ် ၃ရပ် ပါဝင်သည့် တဆင့်စီ တိုးတက်မှုရယူနိုင်မည့် ဒီမိုက‌ရေစီဖက်ဒ ရယ်ပြည်‌ထောင်စု ထူ‌ထောင်‌ရေးလမ်း‌ကြောင်းကို သ‌ဘောတူရယူနိုင်ခဲ့‌သော်လည်း ၂၀၂၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက် ‌နေ့တွင်ဖြစ်‌ပေါ်ခဲ့သည့် စစ်အာဏာသိမ်းယူမှုသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA) အ‌ခြေခံမူများ အားလုံးအ‌ပေါ် ချိုး‌ဖောက်မှု ဖြစ်‌ပေါ်‌စေသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့‌ကြောင့် NCA အ‌ကောင်အထည်‌ဖော်မှုလုပ်ငန်းစဉ်များအားလုံးကိုလည်း ရပ်တန့်‌စေပြီး တပ်မ‌တော်သည် နိုင်ငံ‌ရေးပြ ဿနာကို အင်အားသုံးအ‌ဖြေရှာသည့် စစ်အာဏာရှင်စနစ်သို့ ပြန်လည်‌ရောက်သွားပါ‌တော့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း‌ပြောဆိုထားသည်။

ဆက်လက်၍ ပဒို‌စောတာဒိုမူးက “အာဏာသိမ်းလိုက်တဲ့ကိစ္စက NCAရဲ့ အ‌ခြေခံမူထဲမှာ ပါတဲ့ အင်အားမသုံးရတို့၊ ညှိ နှိုင်းအ‌ဖြေရှာရမယ့်ကိစ္စ‌တွေ၊ ဖက်ဒရယ်တည်‌ဆောက်မှုအဆုံး‌ပေါ့ဗျာ။ အဲဒါ‌တွေ အကုန်လုံးကို ချိုး‌ဖောက်တဲ့ပုံစံ ဖြစ် သွားတာ‌ပေါ့။ NCA ဆိုတာက အဓိက ဘက်သုံးဘက်လို့ ‌ပြောလို့ရတာ‌ပေါ့။ အစိုးရပါတယ်။ စစ်တပ်ပါတယ်။ ပြီး‌တော့ တိုင်းရင်းသား‌တွေပါတယ်။ ဆို‌တော့ အစိုးရလည်း မရှိ‌တော့ဘူး။ စစ်တပ်ပဲ ကျန်‌တော့တယ်။ နိုင်ငံကို ဒီအ‌ခြေခံ‌အောက် ကပဲ တည်‌ဆောက်လို့မရနိုင်ဘူး‌ပေါ့‌နော်။ စစ်တပ်အာဏာသိမ်းလိုက်တာဟာ NCA ရဲ့ အ‌ခြေခံမူအကုန်လုံးကို ချိုး‌ဖောက်သွားတာပဲလို့ ‌ပြောချင်တာဖြစ်ပါတယ်။”ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းမှု ‌နောက်ဆက်တွဲအဖြစ် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးသည် ဖိနှိပ်မှု ‌ပေါင်းများဖြင့် လူမှုစီးပွားဒုက္ခ‌ပေါင်းများစွာကို ခါးစည်းရင်ဆိုင် ခံစား‌နေကြရပြီး နိုင်ငံပြိုလဲပျက်စီးလု အ‌နေအထားသို့ ‌ရောက်‌နေပြီဖြစ်ပြီး လက်ရှိကြုံ‌တွေ့ရသည့် ပြဿနာများ‌ပြေလည်‌ရေးမှာ ပါဝင်ပတ်သက်သည့် ‌ဆွေး‌နွေးဖက်များ၏ ရိုးသားမှုနှင့် သ‌ဘောတူညီချက်အ‌ပေါ် လိုက်နာရန်ထားရှိရမည့် သန္နိဌာန်ခိုင်မာမှုအ‌ပေါ် လုံးဝ မူတည်‌နေသည်ဟု လည်း KNU က ‌ပြောသည်။

KNU ၏ ‌တောင်းဆိုချက် ၆ချက်ထဲတွင် လက်ရှိ ဆိုးဝါး‌နေသည့် မြန်မာ့နိုင်ငံ၏ အ‌နေအထားအား ကယ်တင်နိုင်ရန်အ တွက် စစ်အာဏာသိမ်းယူပြီး‌နောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထား‌သော နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ အပါအဝင် ဖမ်း ဆီးခံပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်‌ပေးရန်၊ ဖြန့်ကျက်ထား‌သော တပ်အင်အားများကို ပြန်လည် ရုပ်သိမ်းပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ကြောင်း ‌ကြေညာရန်နှင့် အဆိုပါတို့အား အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက် ရန်၊ နိုင်ငံတကာ ‌ထောက်ကူမှုပြုသည့် အ‌ရေး‌ပေါ် လူသားချင်းစာနာ‌ထောက်ထားမှုလုပ်ငန်းများ လွတ်လပ်စွာ စတင် ‌ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ကုသ‌ရေးနှင့် ကာကွယ်‌ဆေးထိုးသည့်လုပ်ငန်းများ အပါအဝင် အခြား ‌သော ‌ဆေးဝါးကုသမှုလုပ်ငန်းဆိုင်ရာ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်းရန်ဟူ၍ သက်ဆိုင်သူအားလုံးကို KNU က ‌တောင်းဆိုလိုက်သည်။

အလားတူ စစ်အာဏာပြု အုပ်ချုပ်မှုအား အဆုံးသတ်နိုင်‌ရေး အ‌ထောက်အပံ့ဖြစ်‌စေမည့် နိုင်ငံတကာ ‌စေ့စပ်ညှိနှိုင်း‌ပေး မှုလုပ်ငန်းစဉ်ကို သ‌ဘောတူလက်ခံခြင်း၊ ညှိနှိုင်း‌ဆွေး‌နွေးခြင်းနှင့် ဘက်‌ပေါင်းစုံမှ အဓိကကျသည့် ကိုယ်စားပြုများပါဝင် ‌သော ညီညွတ်‌ရေးအစိုးရတစ်ရပ် ဖွဲ့စည်း အာဏာလွှဲ‌ပြောင်းကာ နှစ်‌ပေါင်း ၇၀‌ကျော်ကြာမြင့်သည့် ပြည်တွင်းနိုင်ငံ‌ရေး ပဋိပက္ခများ၏ အရင်းအမြစ်ပြဿနာများနှင့် အ‌ကြောင်းတရားများကို ညှိနှိုင်း‌ဖြေရှင်း‌ရေးအတွက် သ‌ဘောတူရန် စသည့်အချက်ကိုလည်း KNU က ‌တောင်းဆိုထားသည်။

KNU ၏ ထုတ်ပြန်‌တောင်းဆိုချက်နှင့်ပတ်သက်၍ တိုင်းရင်းသားနိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ နိုင်ဗညားမွန်က‌တော့ လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအခင်းအကျင်းအရ တပ်မ‌တော်သည် နိုင်ငံ‌ရေးတွင် ပါဝင်ပတ်သက်မှုမှ နုတ်ထွက်‌ကြောင်း ‌ကြေညာရန် ဖြစ်နိုင်‌ခြေမရှိ‌ကြောင်းလည်း ယခုလို သုံးသပ်‌ပြောဆိုသည်။

နိုင်ဗညားမွန်က “တပ်မ‌တော်က နိုင်ငံ‌ရေးမှာ ပါဝင်မှုနုတ်ထွက်‌ကြောင်း ‌ကြေညာဖို့သာသာ‌ပေါ့‌နော်။ စစ်‌ကောင်စီရဲ့ အားကိုးရတဲ့ မိတ်‌ဆွေလို့‌ပြောတဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ရဲ့ မလိုက်‌လျောနိုင်တဲ့ အ‌နေအထားမျိုးကျ‌တော့ တပ်မ‌တော်က နိုင်ငံ‌ရေးက နုတ်ထွက်‌ကြောင်း ‌ကြေညာဖို့ဆိုတာက လုံးဝဖြစ်နိုင်တဲ့ အ‌နေအထားမျိုးမရှိဘူးလို့ မြင် တယ်။”ဟု ‌ပြောသည်။

ထို့အပြင် KNU ၏ ထုတ်ပြန်‌ကြေညာချက်တွင် မရှင်းလင်းသည့်အချက်နှင့် စဉ်းစားစရာအချက်များစွာ ပါဝင်သည်ဟု တိုင်းရင်းသားနိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ နိုင်ဗညားမွန်က ‌ထောက်ပြ‌ပြောဆိုသည်။

၎င်းက “မရှင်းလင်းတဲ့ အချက်‌တွေ အများကြီးရှိတယ်။ ‌နောက်ပြီး‌တော့ အချို့အချက်‌တွေက စဉ်းစားချက်‌တွေ ဆက် ဖြစ်တယ်။ ထုတ်ပြန်ချက်ထဲမှာ ‌ပြောတဲ့ အဆင့် ၃ ဆင့်နဲ့ လုပ်ငန်းစဉ် ၃ ရပ်ဆိုတဲ့အ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ဖက်ဒရယ် ပြည်‌ထောင်စုကို တည်‌ဆောက်မယ်ဆိုလို့ရှိရင် ဒါက အရင် ၂၀၂ဝ ဩဂုတ်လမှာ ကျင်းပတဲ့ ၂၁ ပင်လုံအစည်းအ‌ဝေး ပြည်‌ထောင်စု သ‌ဘောတူညီချက် အစိတ်အပိုင်း ၃ကို အ‌ခြေခံတာဖြစ်တဲ့အတွက်‌ကြောင့် ဒါက NCA လမ်း‌ကြောင်းအ တိုင်းသွားတယ်ဆိုတာ ပိုရှင်းတယ်။ သူတို့ အဲလို ပုံစံသွားမယ်ဆို ကျ‌နော်ထင်တယ် သူတို့‌ပြောတဲ့ ဖက်ဒရယ်ပြည် ‌ထောင်စုက‌တော့ အလုပ်ဖြစ်မယ်လို့ ကျ‌နော် မမြင်ဘူး။”ဟု မှတ်ချက်ပြုသည်။

(NCA)ကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း(EAO) ၈ဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ဦး‌ဆောင်သည့် မြန်မာအစိုး ရတို့က လက်မှတ်‌ရေးထိုးခဲ့ကြသည်။ ထို့‌နောက် ၂၀၁၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၃ရက်‌နေ့တွင် မွန်ပြည်သစ်ပါတီ-NMSP နှင့် လားဟူ ဒီမိုကရက်တစ်ပါတီ-LDU တို့က ထပ်မံ ပါဝင်လာခဲ့ကြသဖြင့် EAO အဖွဲ့ ၁ဝဖွဲ့က NCA ကို လက်မှတ်‌ရေးထိုး ထားပြီးဖြစ်သည်။

လက်ရှိ စစ်‌ကောင်စီက ယ‌နေ့ ကျ‌ရောက်သည့် NCA အပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးခြင်း ၆နှစ်ပြည့် အခမ်းအနားသို့ KNU နှင့် လတ်တ‌လော စစ်‌ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်‌နေသည့် ချင်းအမျိုးသားတပ်ဦး-CNF မှလွဲ၍ ကျန်အပစ် ရပ်အဖွဲ့များအားလုံးမှာ လူပုဂ္ဂိုလ်ကိုယ်တိုင်ဖြင့်ဖြစ်‌စေ၊ အွန်လိုင်းမှတဆင့်ဖြစ်‌စေ တက်‌ရောက်ခဲ့ကြ‌ကြောင်းသိရသည်။