Home သတင်း တစ်ရက်အတွင်း ပစ်ခတ်မှု (၅) ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက် (၁၄) ဦးကျဆုံး၊ (၉) ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

တစ်ရက်အတွင်း ပစ်ခတ်မှု (၅) ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက် (၁၄) ဦးကျဆုံး၊ (၉) ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

1218

‌အောက်တိုဘာ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) နှင့် စစ်‌ကောင်စီတပ်တို့ အကြား ယမန်‌နေ့ ‌အောက်တိုဘာ (၂၄) ရက်‌နေ့ တစ်ရက်အတွင်း ထိ‌တွေ့ ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၁၄ ကျဆုံးကာ၊ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သထုံခရိုင်က ယ‌နေ့ သတင်းထုတ်ပြန်ခဲ့သည်။

ဘီးလင်းမြို့နယ် ဝင်းတာပန်‌ကျေးနယ်၊ ဝင်းတာပန်‌ကျေးရွာတွင် စခန်းချသည့် စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် စကခ (၈) လက်‌အောက်ခံ ခမရ (၄၀၆) စစ်‌ကြောင်း (၂)၊ BGF -၁၀၁၃ တပ်ခွဲ (၂) ပူး‌ပေါင်းတပ်ဖွဲ့မှ တပ်ချိန်းပြီးပြန်လာရာတွင် KNLA တပ်မဟာ (၁) လက်‌အောက်ခံတပ်များမှ ထီညာလူ‌ကျေးရွာနှင့် ဝမ်းဘဲအင်း‌ကျေးရွာကြား၊ အင်‌တော‌ကျေးရွာနှင့် ဝမ်းဘဲအင်း‌ကျေးရွာကြား၊ ‌ဆောဘိနား‌ကျေးရွာနီး၊ ထုံးဘို‌လေး‌ကျေးရွာနှင့် ဝီ‌ယော်‌ကျေးရွာအကြားနှင့် ထုံးဘိုကြီး‌ကျေးရွာနှင့် ထုံးဘို‌လေး‌ကျေးရွာတို့တွင် ကြားဖြတ်ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ‌ဖော်ပြထားသည်။

KNLA တပ်မဟာ ၁ မှ တပ်မှူးတစ်ဦးက ” အဲဒီ‌နေ့က သူတို့ အင်အား ၁၀ဝ ‌ကျော်‌ကျော်‌လောက် ပြန်လာတယ်။ မနက် ၄ နာရီခွဲ‌လောက်မှာ စပြီး‌တော့ ဆယ်နာရီခွဲ‌ကျော်အထိမှာ ၅ ကြိမ်တိတိ ကျ‌နော်တို့လူ‌တွေ သွားလုပ်တယ်‌ပေါ့‌နော်။ သူတို့ဘက်က ‌ခြေကျင်နဲ့ပဲ ပြန်ကြ‌တော့ ဒီလို ထိခိုက်ကျဆုံးမှုများတာ ဖြစ်ပါတယ်။ ကျ‌နော်တို့ဘက်က‌တော့ ထိခိုက်တာမရှိဘူး”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

Photo: KNU

ထို‌နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး‌နောက် ည‌နေပိုင်းတွင် ထုံးဘို‌လေး‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်း အတွင်းစခန်းချ တပ်စွဲထား‌သော တပ်ခွဲမှူး‌ကျော်ဇင်လှဦး‌ဆောင်သည့် တပ်မ (၂၂)၊ ခမရ (၂၀၁) တပ်ရင်းမှ လက်နက်ကြီး (၆ဝ မမ) ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထုံးဘိုကြီး‌ကျေးရွာ ရွာလယ်ရှိ ‌နော်‌ဆောင်ဘူး၏ အိမ်‌ဘေးသို့ကျ‌ရောက်‌ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု များရှိသည်လည်းဟု KNU ဘက်က ‌ပြောသည်။

‌ကေအဲန်ယူ-သထုံခရိုင်၊(တပ်မဟာ ၁ ) နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်‌ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်‌ရေးချိုး‌ဖေါက်မှုများ‌ကြောင့် နယ်‌မြေခံ (KNLA) တပ်မဟာ(၁) လက်‌အောက်ခံတပ်များနှင့် ရက်‌ပေါင်း (၂၀)အတွင်း တိုက်ပွဲ‌ပေါင်း ( ၃ဝ ) ‌ကျော် ဖြစ်ပွားခဲ့သည်ဟုလည်း KNU က သတင်းထုတ်ပြန်ထားသည်။