စက်တင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့၊ စည်ပင်သာယာရေးရုံးရှေ့တွင် စက်တင်ဘာ ၂၂ရက်၊ ယနေ့မနက်ပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲနေရာအနီး နေထိုင်သူ ဒေသခံတစ်ဦးက ယနေ့မနက် ၁ဝနာရီဝန်းကျင်ခန့်တွင် စည်ပင်ရုံးရှေ့နားမှ ကျယ် လောင်သည့် ပေါက်ကွဲသံတစ်ချက် ကြားရကြောင်းနှင့် အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မတွေ့ရ ကြောင်း ပြောသည်။
စစ်အာဏာသိမ်းပြီး ၈လခန့်တွင် ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဘုရားသုံးဆူ၊ မြဝတီနှင့် ကော့ကရိတ် စသည့် မြို့ ကြီးအချို့နှင့် မြို့ပြင်ပနေရာများ၌ အလားတူ လက်နက်၊ မိုင်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း လူထိ ခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု အနည်းငယ်ရှိသည်။
သို့သော် စက်တင်ဘာ ၂ဝရက် ညပိုင်းက မြဝတီမြို့၊ အမှတ် ၄ရပ်ကွက် အောင်မြေရွှေဘုံ ၂လမ်း၌ နေအိမ်တွင်း မိုင်းစမ်း သပ်ပေါက်ကွဲမှု၌ အမျိုးသား နှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရမှုဖြစ်ခဲ့သည်။
အလားတူ စက်တင်ဘာ ၁၄ရက် မနက်ပိုင်းကလည်း မြဝတီမြို့ အရှေ့တောင်ဘက်ရှိ လေးကေကော်မြို့သစ်တွင် နေအိမ်အတွင်းမှ မိုင်းစမ်းသပ်ပေါက် ကွဲမှုကြောင့် နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။



















