Home သတင်း မယ်‌တော်‌ဆေးခန်း ပြန်ဖွင့်၊ ကျန်းမာ‌ရေးဝန်‌ဆောင်မှု ၄မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသ‌ပေးသွားမည်ဟု ထုတ်ပြန်

မယ်‌တော်‌ဆေးခန်း ပြန်ဖွင့်၊ ကျန်းမာ‌ရေးဝန်‌ဆောင်မှု ၄မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသ‌ပေးသွားမည်ဟု ထုတ်ပြန်

1410

စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ကပ်‌ရောဂါ‌ကြောင့် ယာယီ ပိတ်ထားရသည့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ၊ မယ်‌တော်‌ဆေးခန်းကို စက် တင်ဘာလ ၂၂ရက်‌နေ့မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီး နာတာရှည်‌ရောဂါသည် အပါအဝင် ကျန်းမာ‌ရေးဝန်‌ဆောင်မှု ၄မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသ‌ပေးမည်ဟု ၎င်း‌ဆေးခန်းက ‌ကြေညာချက် ထုတ်ပြန်သည်။

ကိုဗစ်‌ရောဂါ ကူးစက်မှု‌ကြောင့် တစ်လ‌ကျော်ကြာ ယာယီပိတ်ထားရသည့် မယ်‌တော်‌ဆေးခန်းတွင် နာတာရှည်‌ရောဂါ အပြင် အခြားကျန်းမာ‌ရေးဝန်‌ဆောင်မှုများဖြစ်သည့် မျိုးဆက်ပွားကျန်းမာ‌ရေး ပြင်ပလူနာဌာန၊ က‌လေးကာကွယ်‌ဆေး ထိုးဌာနနှင့် မျိုးဆက်ပွား ကျန်းမာ‌ရေး အတွင်းလူနာဌာနတို့ကို ရက်အကန့်အသတ်ဖြင့် ကုသ‌ပေးသွားမည်ဖြစ်‌ကြောင်း ‌ဆေးခန်းတာဝန်ရှိသူက ယခုလို ‌ပြောသည်။

‌ဆေးခန်း‌ပြောခွင့်ရ ‌နော်ဆိုဖီယာလှက “ဒီအပတ်ထဲမှာ နာတာရှည်‌ရောဂါသည်‌တွေအတွက် ပြန်ဖွင့်‌ပေးတာ‌ပေါ့။ ပြန် ဖွင့်‌ပေးတယ်ဆို‌ပေမဲ့ တစ်ပတ်လုံး မဟုတ်ဘဲနဲ့ တစ်ပတ်ကို ၂ရက်။ ပြီး‌တော့ ပြီးခဲ့တဲ့လကတည်းက ဖွင့်ထား‌ပေးတဲ့ ကိုယ်ဝန်‌ဆောင်မိခင်နဲ့ က‌လေး‌စောင့်‌ရှောက်မှု ပညာ‌ပေးဌာနကိုကျ‌တော့ လူနာအ‌ရေအတွက်များ‌တော့ တစ်ရက် ထပ် တိုးပြန်ဖွင့်‌ပေးထားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌ဆေးခန်းပြန်ဖွင့်ပြီး ‌ဆေးကုသမည့် အစီအစဉ်များမှာ နာတာရှည် ‌ရောဂါသည်များအတွက် စက်တင်ဘာ ၂၂ ရက်‌နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ‌သောကြာ‌နေ့များတွင် နံနက် ၈နာရီမှ ည‌နေ ၄နာရီအထိ ဖွင့်လှစ်‌ပေးသွားမည်ဖြစ် သည်။

ထို့အပြင် ကိုယ်ဝန်‌ဆောင်မိခင်များ ‌စောင့်‌ရှောက်ခြင်း (ကိုယ်ဝန်အပ်လက်ခံခြင်း)၊ မိသားစုစီမံကိန်းနှင့်ဆိုင်‌သော သ‌န္ဓေ တားနည်းများ၊ ကိုယ်ဝန်ပျက်ကျပြီး‌နောက် ကျန်းမာ‌ရေး ပြန်လည်ပြုစု‌စောင့်‌ရှောက်‌ပေးခြင်း၊ မိခင်နှင့်က‌လေးများအ တွက် ‌မွေးဖွားပြီး ပြုစု‌စောင့်‌ရှောက်‌ပေးခြင်းဆိုင်ရာ မျိုးဆက်ပွားကျန်းမာ‌ရေး ပြင်ပဌာနကိုလည်း အပတ်စဉ် တနလင်္ာ၊ အဂင်္ါနှင့် ကြာသပ‌တေး‌နေ့များတွင် ဖွင့်လှစ်‌ပေးသွားမည် ဖြစ်သည်။

ထို့အတူ က‌လေးကာကွယ်‌ဆေးထိုးဌာနကို အပတ်စဉ် တနလင်္ာ၊ အဂင်္ါ နှင့် ကြာသပ‌တေး‌နေ့များတွင် နံနက် ၈နာရီမှ ၁၂နာရီအထိ ဖွင့်လှစ်‌ပေးသွားမည်ဖြစ်ပြီး က‌လေး‌မွေးဖွားခြင်းဆိုင်ရာ၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်ဝန်နှင့် ‌နောက်ဆက် တွဲပြဿနာ၊ ‌မွေးကင်းစ ပြဿနာဆိုင်ရာ မျိုးဆက်ပွားကျန်းမာ‌ရေး အတွင်းလူနာဌာနကို ၂၄နာရီ အချိန်ပြည့် ဖွင့်လှစ် သွားမည်ဖြစ်‌သော်လည်း ‌မွေးလူနာအတွက် ၎င်း၏ခင်ပွန်းဖြစ်သူအား လူနာ‌စောင့်တစ်ဦးအဖြစ်သာ ခွင့်ပြု‌ပေးသွားမည် ဖြစ်‌ကြောင်း မယ်‌တော်‌ဆေးခန်း၏ ‌ကြေညာချက်တွင် ‌ဖော်ပြပါရှိသည်။

သို့‌သော် အခြားကျန်းမာ‌ရေး ဝန်‌ဆောင်မှုများဖြစ်‌သော ခွဲစိတ်ကုသခြင်း၊ လူကြီး (အတွင်းနှင့် ပြင်ပ) လူနာဌာန၊ မျက်စိ ကုသခြင်းဌာန၊ သွားကျန်းမာ‌ရေးဌာန၊ က‌လေး(အတွင်းနှင့်ပြင်ပ) လူနာဌာန စသည့် ကျန်းမာ‌ရေးဝန်‌ဆောင်မှုများကိုမူ ယာယီ ဆက်ပိတ်ထားမည် ဖြစ်သည်။

ကိုဗစ် ကူးစက်ပြန့်ပွားမှု‌ကြောင့် မယ်‌တော်‌ဆေးခန်းရှိ ကျန်းမာ‌ရေးဝန်ထမ်းနှင့်အတူ မိသားစုဝင်များ၊ ကျန်းမာ‌ရေးဝန် ‌ဆောင်မှု‌ပေး‌နေသည့် လူထုအသိုင်းအဝိုင်းများ ‌ဘေးကင်းလုံခြုံ‌ရေးအတွက် ဇူလိုင် ၁၅ရက်‌နေ့မှစတင်ကာ မယ်‌တော် ‌ဆေးခန်းတွင် ကျန်းမာ‌ရေးဝန်‌ဆောင်မှု အားလုံး ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထား‌သော်လည်း ဩဂုတ်လ ၁၇ ရက်မှစ၍ သားဖွားဌာနကို ရက်အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်ကာ ကျမ်းမာ‌ရေးဝန်‌ဆောင်မှု ‌ပေးခဲ့သည်။