Home သတင်း ငြိမ်းချမ်း‌ရေးအတွက် ရင်ဖွင့်သံများ

ငြိမ်းချမ်း‌ရေးအတွက် ရင်ဖွင့်သံများ

1660

ငြိမ်းချမ်း‌ရေးအတွက် ရင်ဖွင့်သံများ

စက်တင်ဘာလ ၂၁ရက်‌နေ့သည် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့သည်။ ယခုနှစ် ၂၀၂၁ခုနှစ်တွင် ကျ‌ရောက်‌သော နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့၏ ‌ဆောင်ပုဒ်မှာ “မျှတပြီး ‌ရေရှည်တည်တံ့‌သော ကမာ္ဘ ကြီးအတွက် ပိုမို‌ကောင်းမွန်‌သော ပြန်လည်ရယူခြင်း”ဖြစ်သည်။

ထို‌နေ့အတွက် မတူညီ‌သော နယ်‌မြေ‌ဒေသတွင် ‌နေထိုင်လျှက်ရှိကြသည့် ကရင်‌ဒေသခံများ၏ ငြိမ်းချမ်း‌ရေး‌မျှော်မှန်း ချက်နှင့် ကြုံ‌တွေ့ခံစားရမှု ရင်ဖွင့်သံများကို ‌ကေအိုင်စီက စုစည်းတင်ဆက်ထားပါသည်။

‌ဒေသခံ အမျိုးသမီးတစ်ဦး (မြဝတီမြို့)
‌ပေါက်ကွဲသံ‌တွေက ခဏခဏဖြစ်‌နေ‌တော့ ကြည့်ရတာ နယ်ခံလူ‌တွေ ကျမတို့ အပါအဝင် သိပ်မတုန်လှုပ်‌တော့ ဘူး။ ဟင်းရွက်စုံသည်‌တွေ၊ အီကြာ‌ကွေးသည်‌တွေ ပုံမှန်လိုပဲ ‌ဈေးလှည့်‌ရောင်း‌နေတာ စားဝတ်‌နေ‌ရေးအတွက်။ ‌နေ့တဓူ ဝအတွက် သွားလာလှုပ်ရှား‌နေကြတာပဲ။ အိမ်ထဲ‌အောင်းရင် ‌ကြောက်စိတ်ပိုများတယ်။ အပြင်ထွက် လမ်းမကြီးဘက် ‌ဈေးဘက်‌တွေဆို လူ‌တွေက သွားလာမပျက်ဘဲ စည်ကား‌နေ‌ရော။

ငြိမ်းချမ်းတယ်ဆိုတာ ဒီအချိန်၊ ဒီလိုအ‌ခြေအ‌နေက တစ်နိုင်ငံလုံး ဘယ်‌နေရာမှ မငြိမ်းချမ်းဘူး။ ကိုယ့်‌နေရာ ဘယ်အချိန် ထဖြစ်မလဲ စိုးရိမ်‌ကြောင့်ကြ‌နေရတာပဲ။ ည(စက်တင်ဘာ ၂၀)က ‌ပေါက်ကွဲမှုဖြစ်‌တော့ ‌နောက်ဆက်တွဲ ‌တွေက ဘယ်လိုဖြစ်လာမလဲ ကြိုမသိနိုင်ဘူး‌လေ။ ဒါ‌ပေမယ့် ကိုယ့်ဖာသာကိုယ် သတိထားပြီး ‌နေရတာပဲ။ ငြိမ်းချမ်းဖို့ ဘာကို‌မျှော်လင့်‌နေလဲဆို‌တော့ ကိုယ်‌နေထိုင်ရာ ပတ်ဝန်းကျင်မှာ ‌ကြောက်စိတ်ကင်းမဲ့စွာ သွားလာလှုပ်ရှားချင်တာ အမှန်ပဲ။ အခုက ဘယ်သူ့ကို ‌ကြောက်လို့‌ကြောက်ရမှန်းမသိ‌တော့ဘူး။
——————————

‌စောဆန်းဘရိုက် (ဘန့်ဒုံယန်းဒုက္ခသည်စခန်း၊ ကန်ချနဘူရီခရိုင်)
ကျ‌နော်တို့နိုင်ငံမှာ‌တော့ငြိမ်းချမ်း‌ရေးလို‌ပြော‌နေ‌ပေမဲ့လည်း၊ဘာမှမ‌တွေမြင်ရပါဘူး။ နိုင်ငံတကာငြိမ်းချမ်း‌ရေး ‌နေ့မှာ ကိုယ့်နိုင်ငံအတွက် ‌မျှော်လင့်‌နေရုံကလွဲပြီး ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်း‌ရေးတည်‌ဆောက်ဖို့က အရမ်းခက်ခဲ ‌နေ‌သေးတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်း‌ရေးအတွက် လှုပ်ရှား‌နေတဲ့အရာ‌တွေကို ကျ‌နော်တို့က ပြန်ပြီး‌လေ့လာသင်ယူရ မယ်။

ကျ‌နော်တို့ရဲ့‌ခေါင်း‌ဆောင်‌တွေက လုပ်ပြ၊‌ပြောပြရမယ်။ ဒါမှ ကျ‌နော်တို့ရဲ့ ‌နောင်လာမယ့် မျိုးဆက်သစ်‌တွေက ငြိမ်းချမ်း‌ရေးအသီးအပွင့်‌တွေကို မြင်ရ၊စားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျ‌နော်တို့ဒုက္ခသည်စခန်းအတွင်းမှာ ‌နေထိုင်တာ လည်း အပြင်ပန်းကကြည့်ရင် ‌အေး‌ဆေး‌နေထိုင် လုပ်ကိုင်စား‌သောက်‌နေရတယ်လို့ထင်ရ‌ပေမဲ့ စိတ်ပိုင်းဆိုင်ရာ အကြပ် အတည်း‌တွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု‌တွေက အမြဲတမ်း ရှိ‌နေတယ်။ ဒါ‌ကြောင့် ငြိမ်းချမ်းမှုဆိုတာက‌တော့ သိပ်မရှိသ ‌လောက်ပါပဲ။
———————————

‌နော်သဲ‌နေ (အီတူးထာ့စခန်း-သံလွင်ကမ်းနား)
ကျမတို့စခန်းရွာ‌လေးမှာက ‌နေလို့‌တော့ရပါ‌သေးတယ်။ သို့‌သော် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်းအမှတ် ကို အရင်နှစ်‌တွေလို ကျမတို့လုပ်လို့မရဘူး။ ဘာဖြစ်လဲဆို‌တော့ ကူးစက်‌ရောဂါ‌ကြောင့် အဟန့်အတားဖြစ်တာ၊ ပြီး‌တော့ စစ်‌ရေးစစ်ရာ စိုးရိမ်ထိတ်လန့်‌နေရချိန်မှာ အီတူးထာ့မှာရှိ‌နေကြတဲ့ ကျမတို့အတွက်က ငြိမ်းချမ်း‌ရေး အပြည့် အဝ မရှိ‌သေးဘူးလို့ ‌ပြောရမှာပဲ။ ကပ်‌ရောဂါ၊ စစ်‌ရေး စတဲ့အခက်အခဲမျိုးစုံ‌တွေက ကျမတို့အနီးအနားမှာပဲ ဖြစ်ရှိ‌နေ ‌တော့ စား‌သောက်‌ရေးအတွက် ဝင်‌ငွေရှာဖို့ လမ်း‌ကြောင်းကလည်း ခက်ခဲမှု‌တွေနဲ့ပြည့်‌နေတယ်။ ဒီကြားထဲ သွားလာ ‌ရေးလည်း တားဆီးမှု‌တွေဖြစ်‌နေ‌တော့ အလုပ်ရှာရတာ မလွယ်၊ ဝင်‌ငွေမရှိ‌တော့ ကျမတို့‌တွေ စိတ်ဖိစီးမှု ဖြစ်တာ‌ပေါ့။ ဒီက‌နေ့ နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့မှာ ကျမတို့အတွက်က‌တော့ မငြိမ်းချမ်း‌နေပါဘူး။

လူသားတစ်‌ယောက်အ‌နေနဲ့က‌တော့ ကျမတို့လည်း ‌အေး‌အေးချမ်းချမ်း ‌နေချင်တယ်။ စိတ်လွတ်လပ်မှု ရှိချင် တယ်။ အခွင့်အ‌ရေးအပြည့်နဲ့ စိတ်တိုင်းကျ ‌နေထိုင်ချင်တယ်။ ဒါ‌ပေမယ့်လည်း ကျမတို့နယ်‌မြေမှာ‌တော့ ငြိမ်းချမ်းမှု မရှိ ပါဘူး။ စစ်‌ရေးပဋိပက္ခ‌တွေကလည်း ကျမတို့လို ဌာ‌နေလူထုရဲ့ ‌နေရာထိုင်ခင်းနဲ့ အခွင့်အ‌ရေး‌တွေကို ဖျက်ဆီး‌နေတယ်။ စိုးရိမ်ပူပန်မှု‌တွေ၊ အ‌ကြောက်တရား‌တွေကြားမှာ ‌နေရ‌တော့ မလုံခြုံဘူး။ မငြိမ်းချမ်းဘူး။ ကျမတို့လည်း စိုးရိမ်‌ကြောက် ရွံ့မှု မရှိတဲ့ လွတ်လပ်မှုနဲ့ ‌နေချင်တာ‌ပေါ့။ နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့ဆို‌ပေမယ့် ဗမာပြည်နဲ့ ‌ကော်သူး‌လေနယ်‌မြေ‌တွေ လည်း မငြိမ်းချမ်း‌သေးပါဘူး။

ကျမတို့ ကြုံ‌တွေ့ခံစား‌နေရတာက‌နေ ရုန်းထွက်လို့မရ‌သေးတာကလည်း ‌ခေတ်အဆက်ဆက် ပြည်သူကို နှိပ် စက်လာခဲ့တဲ့ စစ်အုပ်စု‌တွေ မကျဆုံး‌သေးလို့ပါပဲ။ နှိပ်စက်မှု‌တွေက မခံနိုင်‌တော့လို့ လူထု‌တွေ ရုန်းထဆန့်ကျင်‌နေတာ ‌တောင် အုပ်ချုပ်သူစစ်တပ်က ‌နောက်မဆုတ်ဘူး။ ဒီလို‌နေ့မျိုးမှာ ဖိနှိပ်မှု‌တွေက‌နေ အခွင့်အ‌ရေးပြည့်ဝတဲ့ ငြိမ်းချမ်းမှု ရရှိဖို့ နိုင်ငံတကာ အဖွဲ့အစည်း‌တွေနဲ့ ကုလသမဂ္ဂကလည်း ကျမတို့အတွက် လုပ်‌ဆောင်‌ပေး‌စေချင်ပါတယ်။
—————————–

CDM ဆရာမ (ကရင်ပြည်နယ်)
စစ်‌ဘေး‌ကြောင့် ‌ရောဂါ‌ဘေး‌ကြောင့် ပြည်သူ‌တွေမလုံခြုံဘူး။ CDM လုပ်တဲ့ ပြည်သူ့ဝန်ထမ်းဘဝ‌တွေ လုံခြုံမှုမရှိ‌တော့ ဘူး။ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတယ်။ ခုဆို ပြည်သူ‌တွေလည်း ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတယ်။ CDM လုပ်ရတာက ‌တော့ အရင်က‌ရော၊ အခု‌ရော ကျင့်သုံး‌နေတဲ့စနစ်ဆိုးကြီးကိုလည်း အမြစ်ကစ တွန်းလှန်ပြီး ‌ပြောင်းလဲချင်တယ်။

အခု ကျမ‌ရောက်‌နေတဲ့ နယ်‌မြေမှာ အသက်ကို ပဓာနမထားဘဲ ပြန်တွန်းလှန်မဲ့ pdf လူငယ်‌တွေရှိသလို တချို့ကျ‌တော့ ‌ငွေအားနဲ့ ‌ထောက်ပံ့တဲ့လူလည်း ရှိတယ်။ ပြီး‌တော့ တချို့က ကိုယ်တတ်ထားတဲ့ပညာနဲ့ ‌ဆေးရုံ၊ ‌ဆေးခန်း‌တွေမှာ ‌ဆေးကုသ‌ပေးတယ်။ ‌ဆေးသင်တန်း ‌တွေမှာ ‌ဆေးပညာ‌တွေ ပြန်လည်ပို့ချသင်ကြား‌ပေးတယ်။ တချို့ CDM ဝန်ထမ်း‌တွေလည်း က‌လေး‌တွေကို စာဝိုင်းသင်‌ပေးတယ်။ တချို့ကျ‌တော့ G-Z ‌တွေကို ထမင်း၊ဟင်း လိုက်ချက် ‌ပေးတယ်။ နိုင်ငံခြား‌ရောက် မိတ်‌ဆွေ၊ သူငယ်ချင်း‌တွေနဲ့ ‌ဆွေမျိုး‌မောင်နှမ‌တွေရဲ့ ‌ထောက်ပံ့ကူညီမှု‌တွေနဲ့ ဒီ‌နေရာက သင်တန်းသား‌တွေကို အာဟာရရှိ‌အောင် ချက်‌ကျွေး‌ပေးတယ်။

ကျမအ‌နေနဲ့ ကိုယ့်ဇာတိကိုလည်း အပူပင်ကင်းပြီး လူ‌တွေရဲ့အသက်အိုးအိမ်‌တွေ စီးပွား‌ရေး‌တွေ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး‌တွေအားလုံး ‌ခေတ်မီတိုးတက်တဲ့ ရပ်ရွာအဖြစ် မြင်ချင်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးဒီမိုက‌ရေစီ လိုချင် တယ်။ မြန်မာပြည်ကြီးလည်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်း‌ရေး ရ‌စေချင်တယ်။