Home သတင်း Mytel တာဝါတိုင် လုံခြုံ‌ရေးယူမည့် BGF အတွက် ‌ကျေးရွာအချို့တွင် အုပ်ချုပ်‌ရေးမှူးများ ‌ငွေ‌ကောက်ခံ‌နေ

Mytel တာဝါတိုင် လုံခြုံ‌ရေးယူမည့် BGF အတွက် ‌ကျေးရွာအချို့တွင် အုပ်ချုပ်‌ရေးမှူးများ ‌ငွေ‌ကောက်ခံ‌နေ

1937

စက်တင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်‌ကောင်စီပိုင် Mytel ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရခြင်း မရှိ‌စေရန် လုံခြုံ‌ရေးတာ ဝန်ယူမည့် နယ်ခြား‌စောင့်တပ်(BGF)အတွက် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများက (စက်တင်ဘာလ ၁၄ရက်) ယ‌နေ့တွင် ‌ငွေလိုက်လံ‌ကောက်ခံ‌နေ‌ကြောင်း ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်များအရ သိရသည်။

လှိုင်းဘွဲမြို့နယ်မှ BGF အ‌ခြေစိုက်နယ်‌မြေဖြစ်သည့် ဥ‌ဒေါင်းရွာနှင့် နံ့သာအုံး‌ကျေးရွာတို့တွင် Mytel ဖုန်းတာဝါတိုင် လုံ ခြုံ‌ရေးယူ‌ပေးမည့် ‌ဒေသခံနှင့် BGF အတွက် ‌ကျေးရွာအုပ်ချုပ်‌ရေးတာဝန်ရှိသူမှ တစ်အိမ်လျင် ၂၀၀ဝကျပ် ‌ကောက်ခံ‌နေ ‌ကြောင်း ရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“Mytel တာဝါတိုင် ‌စောင့်ဖို့အတွက်ဆိုပြီး ဒီ‌နေ့အုပ်ကြီး‌တွေက ပိုက်ဆံလိုက်‌ကောက်တယ်။ ကျ‌နော်တို့ရွာမှာ‌တော့ ဒီ‌နေ့ လိုက်‌ကောက်ပြီးကုန်ပြီး။ ရွာမှာက ဒလန်‌တွေများတယ်။ မ‌ပေးရင်လည်း BGF ‌တွေကိုလည်း ‌ကြောက်ရတယ်။ အကုန်‌ကြောက်ရ‌တော့ ဘာမှမ‌ပြောရဲဘူး ‌ပေးလိုက်တာပဲ။ ရွာမှာ ပိုက်ဆံလိုက်‌ကောက်ပြီးကုန်ပြီး။”ဟု ၎င်းက ‌ပြော သည်။

ထို့အပြင် မိမိတို့‌ကျေးရွာအတွင်းရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရခြင်း မရှိ‌စေ‌ရေးအတွက် BGF တပ်ဖွဲ့ အပါအဝင် ‌ကျေးရွာရှိလူထုများလည်း တစ်ရက်လျင် (၄)ဦး အလှည့်ကျ ပူးတွဲလုံခြုံ‌ရေးယူ‌ပေးရမည်ဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါ Mytel လုံခြုံ‌ရေး ယူ‌ပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF) ဒုဥက္ကဌ ဗိုလ်ချုပ် ‌စောဖားနွီး အမိန့်နှင့် BGF (၁၀၁၂)တပ်ရင်းမှ လှကဇိုင်းရွာ‌နေ ဗိုလ်ငြိမ်းမှတဆင့် ‌ကျေးရွာအုပ်ချုပ်‌ရေးပိုင်း တာဝန်ရှိသူ များကို ပြန်လည်တာဝန်‌ပေးခြင်းဖြစ်‌ကြောင်း နယ်‌မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

“အစက ရွာကလူ‌တွေပဲ လုံခြုံ‌ရေးယူရမယ်။ ‌နောက်‌တော့ BGF ‌တွေ ပါလာမယ်‌ပေါ့။ Mytel တာဝါတိုင်ကို ဝိုင်း‌စောင့်တဲ့ အပြင် ‌ကျေးရွာလုံခြုံ‌ရေးအတွက်လည်း ‌ဒေသခံ‌တွေက အလှည့်ကျ ‌စောင့်ရအုံးမှာ‌ပေါ့‌နော်။ ဒီ‌နေ့ပိုက်ဆံ‌ကောက်ပြီးပြီ။ ဘယ်‌နေ့စမလဲ‌တော့ မသိ‌သေးဘူး။ ပြီး‌တော့ PDF ‌တွေရှိရင်၊ စစ်သင်တန်းတက်တဲ့ က‌လေး‌တွေရှိရင် ပြန်လာရင် သူတို့ BGF ကို သွားအ‌ကြောင်းကြားရမယ်လို့ ‌ပြောတယ်။”ဟု ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ရက်‌နေ့တွင်လည်း ဖားအံမြို့နယ် ‌ပေါ့‌ထော်‌ကျေးရွာမှ Mytel တာဝါတိုင် မီးရှို့ခံရသလို ထို ကိစ္စနှင့်ပတ်သက်၍ ‌ကျေးရွာရှိ လူငယ်၊ လူလတ်ပိုင်းအချို့ ဖမ်းဆီးစစ်‌ဆေးခံရသဖြင့် ဆက်လက် ဖမ်းဆီးမည်ကို စိုးရိမ် သည့်အတွက် အချို့ရွာသားများမှာ တိမ်း‌ရှောင်ရခြင်းလည်းရှိသည်။