Home သတင်း စစ်‌ရေးသတင်းများ‌ကြောင့် ‌လေး‌ကေ‌ကော်အနီးတဝိုက် ‌ဒေသခံများ လုံခြုံ‌ရေးအတွက် ပြင်ဆင်‌နေ

စစ်‌ရေးသတင်းများ‌ကြောင့် ‌လေး‌ကေ‌ကော်အနီးတဝိုက် ‌ဒေသခံများ လုံခြုံ‌ရေးအတွက် ပြင်ဆင်‌နေ

1840
Photo: K' Hsaw Wah

စက်တင်ဘာ ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်၊ ‌လေး‌ကေ‌ကော်မြို့သစ် အနီးဝန်းကျင်ရှိ ‌ဒေသခံပြည်သူများသည် အာဏာသိမ်း စစ်‌ကောင်စီတပ်ဖွဲ့နှင့် ‌ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလာမည့်သတင်းများ‌ကြောင့် ‌နေအိမ်ခြံဝင်းများ တွင် ဗုံးခိုကျင်းများကို လုံခြုံ‌ရေးအရ ပြင်ဆင်‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

‌လေး‌ကေ‌ကော်မြို့သစ်ဧရိယာ၌ ပါဝင်‌သော မယ်‌ထော်သ‌လေး၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီး၊ ဘဲဟိက‌လော်၊ ဖလူးကြီး၊ ဖလူး‌လေး၊ ရ‌သေ့ဂူ ‌ကျေးရွာများတွင် ‌နေထိုင်ကြ‌သော ‌ဒေသခံများအ‌နေဖြင့် ‌နေအိမ်ခြံဝင်းများအတွင်း ဗုံးခိုကျင်းများ တူးထားကြသည့်အပြင် စားနပ်ရိက္ခာ စု‌ဆောင်းခြင်း၊ အသိမိတ်‌ဆွေများရှိရာ အခြားရပ်ရွာ‌ဒေသများသို့ စစ်‌ဘေးကို ‌ရှောင်တိမ်း‌ပြောင်း‌ရွှေ့ထားရန် ပြင်ဆင်လုပ်‌ဆောင်‌နေကြခြင်းဖြစ်သည်။

ထို့အပြင် စစ်‌ရေးအရ ‌လေ‌ကြောင်းတိုက်ခိုက်ခံရမှုများ စစ်‌ကောင်စီစခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ၊ ‌မြေပြင်၌ ထိ‌တွေ့တိုက်ပွဲဖြစ်လာပါက စစ်‌ဘေး‌ရှောင်နိုင်ရန် မိသားစုတိုင်း သတိအ‌နေအထားဖြင့် ပြင်ဆင်‌နေထိုင်ကြရန် KNU ၏ ‌ကျေးရွာအုပ်ချုပ်‌ရေး တာဝန်ရှိသူများမှလည်း လိုက်လံအသိ‌ပေးထား‌ကြောင်း သိရသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး‌နောက် စစ်‌ကောင်စီဘက်မှ ‌လေး‌ကေ‌ကော်မြို့သစ်အတွင်းသို့ စစ်‌ဆေး‌ရေးပုံစံဖြင့် ဝင်‌ရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁၈ရက်‌နေ့တွင် အင်အားအလုံးအ ရင်းဖြင့် ညအချိန်၌ဝင်‌ရောက်ရန် ကြိုးပမ်းခဲ့ရာ KNU နယ်‌မြေတာဝန်ရှိသူများ၏ သ‌ဘောတူညီမှု မရရှိခဲ့ခြင်း‌ကြောင့် ပြန်လည်ဆုတ်သွားခဲ့‌သော်လည်း နှစ်ဖက် ထိပ်တိုက်ဖြစ်ပွားမည့် အ‌နေအထားအထိ ရှိခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်‌နေ့တွင် မြဝတီခရိုင် စစ်‌ကောင်စီ၊ ရဲနှင့် အုပ်ချုပ်‌ရေးမှူးများ ပါဝင်‌သော အင်အား (၂၀) ‌ကျော်အဖွဲ့သည် ‌လေး‌ကေ‌ကော်မြို့သစ်အတွင်း၌ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PDF) သတင်းများ ထွက်‌ပေါ်လာခြင်း ‌ကြောင့် ဝင်‌ရောက်စုံစမ်းစစ်‌ဆေးမှုများ ပြုလုပ်ခဲ့‌သေးသည်။

Photo: K’ Hsaw Wah

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)၏ စက်တင်ဘာလ ၇ရက်‌နေ့ အ‌ရေး‌ပေါ် ‌ကြေညာချက် ထွက်‌ပေါ်လာခြင်းနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့များနှင့်မဆို ပူး‌ပေါင်းလုပ်‌ဆောင်မည့် KNU ၏ သ‌ဘောထားထုတ်ပြန် ချက်များ‌ကြောင့် KNU ထိန်းချုပ်နယ်‌မြေအတွင်း စစ်‌ကောင်စီ အပါအဝင် နယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ စစ် ‌ရေးလှုပ်ရှားသွားလာမှုရှိခဲ့သည်။

KNU ထိန်းချုပ်နယ်‌မြေအတွင်း စစ်တပ်နှင့် BGF တို့ ဝင်‌ရောက်လှုပ်ရှားမှုများ‌ကြောင့် နှစ်ဖက် ထိ‌တွေ့တိုက်ပွဲများ ဖြစ် ပွားခဲ့သလို ဗိုလ်‌ကျော်သက် ဦးစီးသည့် ခွဲထွက် DKBA တပ်ဖွဲ့ဝင်များ၊ နယ်‌မြေခံ PDF တပ်ဖွဲ့ဝင်များနှင့် KNU လက် ‌အောက်ခံ KNLA တပ်ဖွဲ့ဝင်များ ပူး‌ပေါင်း၍ ဩဂုတ်လအတွင်း စစ်‌ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့‌သေးသည်။

လက်ရှိတွင် လူဦး‌ရေ ၃၀၀၀‌ကျော် ‌နေထိုင်လျှက်ရှိ‌သော ‌လေး‌ကေ‌ကော်မြို့သစ်သည် နယ်‌မြေအ‌နေအထားအရ အနီးအ နားတွင် စစ်‌ကောင်စီ၏ လက်နက်ကြီးကုန်းတစ်ခု တည်ရှိသည်။

၎င်းမြို့သစ်ကို ယခင် အစိုးရလက်ထက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အ‌ကောင်အထည်‌ဖော်မှု၏ ပြယုဂ်အ‌နေဖြင့် ‌နေရပ် ပြန် ဒုက္ခသည်များနှင့် စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ဂျပန်နိုင်ငံ အ‌ခြေစိုက် နိပွန်‌ဖောင်‌ဒေးရှင်း၏ အကူအညီများ ဖြင့် KNU နှင့် အစိုးရတို့ ပူး‌ပေါင်း‌ဆောက်လုပ်ခဲ့သည့် မြို့သစ်ဖြစ်ပြီး KNU ၏ ထိန်းချုပ်မှု‌အောက်တွင်ရှိသည်။