Home သတင်း ကိုဗစ်ကူးစက်မှု‌ကြောင့် မယ်လဒုက္ခသည်စခန်းတွင် ‌သေဆုံးသူ ၄ ဦးရှိလာ

ကိုဗစ်ကူးစက်မှု‌ကြောင့် မယ်လဒုက္ခသည်စခန်းတွင် ‌သေဆုံးသူ ၄ ဦးရှိလာ

1531

စက်တင်ဘာ ၁၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်‌ရောဂါကူးစက်မှု‌ကြောင့် ‌သေဆုံးသူ ၄ဦးရှိ လာသည်ဟု မယ်လဒုက္ခသည်စခန်းတွင် ‌နေထိုင်သူများထံမှ သိရှိရသည်။

အမည်မ‌ဖော်လိုသည့် မယ်လဒုက္ခသည်စခန်းတွင် ‌နေထိုင်သူတစ်ဦးက “‌ရောဂါအခံရှိတဲ့ လူကြီးပိုင်း‌တွေ‌ပေါ့။ ‌ကျောက် ကပ်‌ရောဂါအခံ ရှိတဲ့သူ‌တွေ‌ပေါ့။ ဆုံးသွားတဲ့ ၄‌ယောက်ကလည်း သိရသ‌လောက်‌တော့ ‌ကျောက်ကပ်‌ရောဂါ ရှိထားတဲ့ လူ‌တွေပဲ‌ပေါ့‌နော်။ အဲ့မှာ မွတ်စလင်မ်တစ်‌ယောက် ပါတယ်‌ပေါ့‌နော်။ အားလုံးက‌တော့ မယ်လဒုက္ခသည်စခန်းကပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ကိုဗစ်‌ရောဂါ ကူးစက်ခံရသည့် positive လူနာများ၊ ‌အောက်ဆီဂျင်လိုအပ်‌နေသူများနှင့် အလွန်ဖျားနာသူများကို ၎င်းတို့၏‌နေအိမ်မှ မယ်လ‌ဆေးရုံသို့ ‌ပြောင်း‌ရွှေ့ထားရှိကုသထားရာ စခန်းရှိ‌ဆေးရုံတွင် ကိုဗစ်ပိုး ကူးစက်ခံရသူ ၁ဝဦး ခန့်ရှိသည်ဟုလည်း အဆိုပါစခန်းတွင်း‌နေထိုင်သူက ဆက်‌ပြောသည်။

မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ် positive လူနာများနှင့်ထိ‌တွေ့ထားသည့် သံသယလူနာ‌ပေါင်း ၅၀ဝ ဝန်းကျင်ခန့်ရှိ ပြီး ၎င်းတို့ကို သက်ဆိုင်ရာရပ်ကွက်အလိုက် ဘာသာ‌ရေး‌ကျောင်း(ဗလီ)၊ တီဘီကုန်းနှင့် အလယ်တန်း‌ကျောင်းများတွင် အများဆုံးကို သီးခြား‌နေရာ(ကွာရန်တင်း)၌ ထားရှိလျက်ရှိသည်ဟု စခန်းတွင်း ‌နေထိုင်သူများက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လက မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်‌ရောဂါ‌ကြောင့် ‌သေဆုံးသူ ၃ဦးရှိခဲ့ပြီး စက်တင်ဘာလ (၁၁) ရက်‌နေ့တွင် တစ်ဦး ထပ်မံ ‌သေဆုံးခဲ့သည်။ ၎င်းအပြင် ကွာရန်တင်းစင်တာ၌ ထားရှိသူများထဲတွင် ကိုဗစ်ပိုး ထပ်မံကူး စက်သည့် လူနာများ ရှိလာသည်ဟုလည်း အဆိုပါစခန်းတွင်း ‌နေထိုင်သူက ဆက်‌ပြောသည်။

လတ်တ‌လောတွင် မယ်လစခန်းအတွင်းအပြင် ဝင်ထွက်သွားလာမှုနှင့် ရပ်ကွက်‌ကျော်၍ သွားလာမှုကို ကန့်သတ်ထား သည့်အပြင် ပိုးကူးစက်သူ တစ်ဦး သို့မဟုတ် နှစ်ဦး တိုးလာပြီး ကိုဗစ်လူနာများနှင့် ထိ‌တွေ့ထားသူများကို သက်ဆိုင်ရာ ရပ်ကွက်အလိုက်ရှိ ကွာရန်တင်းစင်တာများ၌ ထားရှိသည်ဟု စခန်းတွင်း ‌နေထိုင်သူများထံမှ သိရှိရသည်။