Home သတင်း မြဝတီမြို့၊ အာရှလမ်းရှိ ခလရ(၂၇၅)တပ်ဝင်း တိုက်ခိုက်ခံရ

မြဝတီမြို့၊ အာရှလမ်းရှိ ခလရ(၂၇၅)တပ်ဝင်း တိုက်ခိုက်ခံရ

4856

စက်တင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယ‌နေ့ စက်တင်ဘာ ၂၁ရက် ညဦးပိုင်းက စစ်‌ကောင်စီတပ်ဝင်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက တိုက်ခိုက်မှုဖြစ်ပွားခဲ့‌ကြောင်း ကိုယ်တိုင် ကြားသိခဲ့ကြသည့် မြို့ခံပြည်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ယ‌နေ့ည ၈နာရီ‌ကျော်အချိန်က မြဝတီမြို့၊ အာရှလမ်းဘက်ရှိ ခလရ(၂၇၅) တပ်၏ အ‌ရှေ့ဘက်တွင် ‌သေနတ်သံ အချက် ၃၀‌ကျော် ကြားရပြီး လက်နက်ကြီး ပစ်ခတ်သံ ၁ချက်လည်း ကြားခဲ့ရသည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများ က ‌ပြောသည်။

“လက်နက်ကိုင်အဖွဲ့တစ်ခုက‌နေပြီး ၂၇၅ တပ်ဝင်းကို အရင်ပစ်လို့ တပ်ထဲက‌နေပြီး ပြန်ပစ်သလို စိမ်းလဲ့မြိုင်ကား ဝင်းအနီးက တပ်စခန်းက‌နေပြီး ပစ်ကူ‌နေတာ‌တွေလည်း ရှိခဲ့ပါတယ်။ ပစ်ခတ်မှုက‌တော့ ၁ဝမိနစ်ဝန်းကျင်ပဲ ကြာ တယ်။ အခု ၈နာရီခွဲခန့်မှာ‌တော့ ‌သေနတ်သံ‌တွေ မကြားရ‌တော့ဘူး။”ဟု ဖြစ်စဉ်‌နေရာအနီးရှိ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ထိုသို့ ပစ်ခတ်မှု‌ကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု အ‌ခြေအ‌နေကို‌တော့ မသိရ‌သေးဘဲ ဆက်လက် စုံစမ်းသွား မည်ဖြစ်သည်။

ယမန်‌နေ့ စက်တင်ဘာလ ၂ဝရက်၊ ညပိုင်းကလည်း မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ‌အောင်‌မြေ‌ရွှေဘုံရှိ ‌နေအိမ်တစ် အိမ်တွင် လာ‌ရောက်ငှားရမ်း‌နေထိုင်သူများက လက်လုပ်မိုင်း ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦး ‌သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြဝတီခရိုင်‌ဆေးရုံသို့ ပို့‌ဆောင်ခဲ့သည်။

အဆိုပါ‌နေအိမ်၏ ‌နောက်‌ဖေး‌ရေကန်‌ဘေးမှ PVC ပိုက်ဖြင့်ပြုလုပ်ထား‌သော ပြုလုပ်ဆဲ လက်လုပ်မိုင်း နှစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး ၎င်း‌ပေါက်ကွဲမှုနှင့်ပတ်သက်၍ ‌နေအိမ်တွင် ကျန်ရှိသူ (၃)ဦးကို တာဝန်ရှိသူများက ‌ခေါ်‌ဆောင် သွားကာ ဆက်လက် စစ်‌ဆေး‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။