Home သတင်း ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့တွင် ဗုံး‌ပေါက်ကွဲမှု တစ်ပြိုင်ထဲဖြစ်ပွား

ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့တွင် ဗုံး‌ပေါက်ကွဲမှု တစ်ပြိုင်ထဲဖြစ်ပွား

1164

စက်တင်ဘာ ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မ ရဲစခန်းအနီးနှင့် ဘုရားသုံးဆူမြို့ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန ရုံး အနီးတွင် ယ‌နေ့ စက်တင်ဘာ ၂၅ ရက်‌နေ့ ည‌နေ ၇ ‌ကျော်အချိန်တွင် ဗုံး‌ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားသွား‌ကြောင်း မြို့ခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲတပ်ဖွဲ့ရုံးအ‌နောက်ဘက်တွင် ဗုံး‌ပေါက်ကွဲမှုဖြစ်ပြီး‌နောက် မြို့‌ပေါ်ရပ်ကွက်တွင် ‌နောက်ထပ်ဗုံး‌ပေါက်ကွဲမှုဖြစ်‌ပေါ်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့‌ပေ။ အလားတူ ဘုရားသုံးဆူမြို့ ‌ထွေအုပ်ရုံးအနီးတွင်လည်း ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံ‌ရေးရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရသွား‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

“အသံကြီးကြီးတစ်ချက် ကြားရတယ်။ ပြီး‌တော့ ‌သေနတ်သံအငယ်‌တွေလဲကြားရတယ်။ လုံခြုံ‌ရေး‌စောင့်တဲ့ ရဲတပ်ဖွဲ့တစ်ဦး ထိခိုက်တယ်လို့ ကြားရတယ်။ မြို့ခံ‌တွေက ‌ကြောက်‌နေကြ‌တော့ အချို့ပုန်း‌ရှောင်‌နေတာမျိုးလုပ်ကြတယ်” ဟု ဘုရားသုံးဆူမြို့ခံ နိုင်နိုင်က ‌ကေအိုင်စီ သို့‌ပြောသည်။

ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့ ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်အ‌ပေါ် ထိခိုက်မှုအ‌ခြေအ‌နေအား ‌ကေအိုင်စီ -ကရင်သတင်းဌာနအ‌နေဖြင့် အတည်ပြုနိုင်ခြင်း မရ‌သေး‌ပေ။ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်‌နေ့က ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းမကြီးအနီး ‌ဝေါမာရွာအနီးတွင် စစ်‌ကောင်စီတပ်ဖွဲ့နှင့် KNLA အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး‌နောက် စစ်‌ကောင်စီဘက်မှ လုံခြုံ‌ရေးတိုးမြှင့်‌ဆောင်ရွက်မှု‌တွေ ရှိလာပြီး ‌ဒေသအတွင်း ပစ်ခတ်မှုဖြစ်လာမည်ကို အများစုစိုးရိမ်ကြသည်ဟု ‌ဒေသခံများထံမှ သိရသည်။