Home သတင်း ဖားအံမြို့တွင် အိမ်ငှားများကို ဧည့်စာရင်း ‌ကောက်ယူ‌နေ

ဖားအံမြို့တွင် အိမ်ငှားများကို ဧည့်စာရင်း ‌ကောက်ယူ‌နေ

2172

စက်တင်ဘာ ၁၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်တွင် အိမ်ငှားရမ်း‌နေထိုင်သူများကို ဧည့်စာရင်းတိုင်ခိုင်းပြီး စာရင်း‌ကောက်ယူမှုများ ရှိ‌နေပြီဖြစ်သည်ဟု အိမ်ငှားထားသူ မြို့ခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့‌ပေါ်ရှိ အိမ်ပိုင်ရှင်တစ်ဦးက “ဧည့်စာရင်းတင်ခိုင်းကတည်းက အိမ်ငှားသူစာရင်း အ‌သေးစိပ်ယူပြီး ရပ်ကွက်ရုံး မှာ သွားတင်ပြထားရတယ်။ လူများရင် များလာသလို သွားတင်ရတယ်။ အရင်တုန်းကဆိုရင် ဒီလိုမျိုး‌တော့ တင်ပြရ တာ‌တွေ မရှိဘူး။ သူတို့ဘယ်အချိန် ဝင်စစ်မလဲ မသိရဘူး‌လေ။ လာငှားတဲ့လူစာရင်းကို။”ဟု ‌ပြောသည်။

လက်ရှိ ဖားအံမြို့‌ပေါ်တွင် အိမ်ပိုင်ရှင်များအ‌နေဖြင့် အိမ်ငှားရမ်းရာ၌ ဖားအံမြို့အနီးတဝိုက် မြို့နယ်များမှ သိရှိသူများ နှင့် ‌ထောက်ခံ‌ပေးသူများကိုသာ ဦးစား‌ပေး ငှားရမ်း‌နေကြသည်။ ရန်ကုန်တိုင်း‌ဒေသကြီးနှင့် အခြားတိုင်း‌ဒေသကြီးမှ လာ‌ရောက်သူများကို ထွက်ခွာလာသည့်‌ဒေသမှ ရပ်ကွက်‌ထောက်ခံစာပါရှိမှသာ အိမ်ငှားရမ်းသလို ‌ထောက်ခံ‌ပေးမည့် သူရှိပါကလည်း အိမ်ငှား‌လေ့ရှိပြီး ‌ထောက်ခံစာ မရှိသူများကိုမှု အိမ်ငှားခြင်း မပြု‌တော့‌ကြောင်း အိမ်ပိုင်ရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာ၊ ရပ်ကွက်များတွင် ငှားရမ်း‌နေထိုင်သူများနှင့် အိမ်ငှားပိုင်ရှင်၏ စာရင်းအ‌သေးစိတ်ကို ‌ကောက်ယူကာ စက်တင်ဘာလ ၁၇ရက်‌နေ့တွင် စာရင်းတင်ပြရန် အ‌ရှေ့‌တောင်တိုင်းစစ်ဌာန ချုပ်၊ စစ်ဦးစီးဌာန စစ်ဆင်‌ရေးဌာနခွဲမှ ညွန်ကြားသည့် ‌ကြေးနန်းစာတစ်‌စောင် လူမှုကွန်ရက်စာမျက်နှာများတွင် ‌ပေါ် ထွက်လာခဲ့သည်။

ယင်းညွန်ကြားစာအရ ကရင်ပြည်နယ်အ‌နေဖြင့် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်‌အောက်ခံ ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သကင်္န်းညီ‌နောင်၊ မြိုင်က‌လေး၊ နဘူး စသည့် အ‌ခြေချစစ်ဗျူဟာများတွင် ‌ကြေးနန်း ပို့ထားခြင်းရှိသည်ဟုလည်း ပါရှိသည်။

ဖားအံမြို့အနီးရှိ ‌ကျေးရွာ‌ဒေသခံတစ်ဦးက “ရွာမှာ‌တော့ အဲလိုအပြင်လူ‌တွေ အိမ်လာငှား‌နေတာ သိပ်မရှိဘူး။ ဆို‌တော့ တိုင်ရတာ‌တော့ မရှိ‌သေးဘူး။ ဒီလိုမျိုး တိုင်ခိုင်းတာက မြို့အပြင်မှာ PDF ‌တွေ စု‌နေတာလား၊ CDM ‌တွေ လာခို‌နေတာ လား၊ အဲဒီစာရင်း‌တွေ သိချင်တဲ့သ‌ဘောဖြစ်မယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌နေအိမ်၊ တိုက်ခန်းပိုင်ရှင်များအ‌နေဖြင့် ငှားရမ်းမည်ဆိုပါက ငှားရမ်း‌နေထိုင်သူ၏ အ‌သေးစိတ် အချက်အ လက်များ ရယူကာ ရပ်ကွက် သို့မဟုတ် ‌ကျေးရွာအုပ်ချုပ်‌ရေး ဥပ‌ဒေပုဒ်မ(၁၇)အရ ဆိုင်ရာ ရပ်ကွက်၊ ‌ကျေးရွာ အုပ်ချုပ် ‌ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ရန်နှင့် မတိုင်ကြားထားလျင် တစ်စုံတစ်ရာ ဖြစ်‌ပေါ်လာပါက ဥပ‌ဒေအရ ငှားရမ်းအိမ်ခန်း များကို သိမ်းဆည်းခံရနိုင်‌ကြောင်းလည်း စစ်‌ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ဖားအံမြို့နယ်တွင် စစ်‌ဆေးမှုများလာပြီး ညပိုင်းတွင်လည်း ဧည့်စာရင်း စစ်‌ဆေးမှုများလာကာ ဖမ်းဆီးခံရသူအချို့လည်းရှိ‌ကြောင်း မြို့ခံများထံမှ သိရသည်။