Home ဆောင်းပါး စစ်ပွဲများကြားက ဌာ‌နေသားတို့၏ ဘဝများ

စစ်ပွဲများကြားက ဌာ‌နေသားတို့၏ ဘဝများ

2067

စစ်ပွဲများကြားက ဌာ‌နေသားတို့၏ ဘဝများ

ထူးက‌ပေါ်

(၂ဝ စက်တင်ဘာ ၂၀၂၁)

စစ်‌ရေးပဋိပက္ခအတွင်းမှ ထိခိုက်ဒဏ်ရာရသူ၊ ‌သေဆုံးသူများ၏ ဓါတ်ပုံများကို နှလုံး‌ရောဂါအခံရှိသူများ၊ စိတ်မခိုင်သူ များနှင့် က‌လေးငယ်များ ကြည့်ရှုရန်မသင့်သည့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများက ၎င်းတို့၏ စံနှုန်းကျင့် ဝတ်အရ ကြည့်၍မရ‌အောင် ပြုလုပ်‌လေ့ရှိသည်။ သို့‌သော် အဆိုပါစံနှုန်းကျင့်ဝတ်များကို နားလည်ပြီး ခွင့်‌တောင်းကာ ကြည့်ရှုနိုင်‌အောင်လည်း စီစဉ်‌ပေးထား‌လေ့ရှိသည်။

လွန်ခဲ့သည့် လပိုင်းအတွင်း ‌ကေအဲန်ယူ ထိန်းချုပ်‌ဒေသများနှင့် စပ်ဆက်‌ဒေသများတွင် စစ်‌ရေးတင်းမာမှု၊ တိုက်ပွဲများ စသည့် စစ်‌ရေးပဋိပက္ခ‌ကြောင့် ဌာ‌နေ‌ဒေသခံများ စစ်‌ရှောင်ရမှု၊ ထိခိုက်‌သေဆုံးမှု ကြီးစွာ‌သော အခက်အခဲများကို ထင် ဟပ်‌စေသည့် ပုံရိပ်များ လူမှုကွန်ရက်စာမျက်နှာများတွင် ‌တွေ့မြင်နိုင်ပြီး ဌာနတိုင်းရင်းသားတို့ဘဝသည် အသက်ကို ဖက်နှင့်ထုပ်ထားရသည်ဟူ‌သော ‌ပြောစမှတ်စကားကဲ့သို့ ရင်ဆိုင်‌နေရသည်။

စစ်ရိပ်လွှမ်းကာ စစ်ခင်းခံ‌နေရသည့်‌ဒေသရှိ ဌာ‌နေ‌ဒေသခံများမှာ စစ်ပွဲတွင် လမ်းပြအဖြစ်‌သော်လည်း‌ကောင်း၊ လူသား ဒိုင်းအဖြစ်‌သော်လည်း‌ကောင်း ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံ‌နေရသည်။ အချို့ဆိုလျှင် လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ် သဖြင့် ဒဏ်ရာရခြင်း၊ အိုးအိမ် ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ ပစ္စည်းများ လုယက်ခံရခြင်း၊ လူသားမဆန်စွာ ခြိမ်း‌ခြောက် နှိပ်စက်ခံရခြင်းများ ဖြစ်ပွားလျှက်ရှိ‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ‌ပြောသည်။

ယခုလို စစ်ပွဲများ‌ကြောင့် ဌာ‌နေတိုင်းရင်းသားများ ကြုံ‌တွေ့‌နေရသည့် အသက်အန္တရာယ်နှင့် လူသားမဆန်စွာ နှိပ်စက် ခြိမ်း‌ခြောက်ခံရမှု ဖြစ်စဉ်များထဲမှာ အချို့ဖြစ်ရပ်များကို ထုတ်နုတ်‌ဖော်ပြလိုသည်။

ဖြစ်ရပ် ၁
စစ်‌ကောင်စီတပ်များသည် ‌ကေအဲန်ယူ၊ သထုံခရိုင်၊ ‌မော်စကိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ ‌တော်(KNLA)၏ တပ်စခန်းတစ်ခုကို ဩဂုတ် ၂၄ရက်‌နေ့က သိမ်းပိုက်ခဲ့ပြီး‌နောက် ‌ဒေသခံရွာသားများကို ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၄ရက်‌နေ့၊ ည ၁ဝနာရီခွဲ‌ကျော်အချိန်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက ငါးဖမ်းပြန်လာသူ အသက် ၄နှစ် အရွယ်ရှိ သမီး‌လေးအား ‌ပွေ့ချီထားသည့် ကိုယ်ဝန်‌ဆောင်အမျိုးသမီးနှင့် သူမ၏ခင်ပွန်းတို့အား အိမ်အပြင်ဘက်တွင် ‌သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

၎င်းအမျိုးသမီးအား ‌သေနတ်ဖြင့် အနည်းဆုံး ၁၂ချက်၊ အမျိုးသားကို (၂)ချက် ပစ်သတ်ခဲ့သည်ဟု ကရင်လူ့အခွင့်အ‌ရေး အဖွဲ့က ‌ပြောသည်။ ညအပြင်မထွက်ရအမိန့်နှင့် ကင်းလှည့်‌နေမှုများ‌ကြောင့် ‌ဒေသခံရွာသားများသည် ထိုအမျိုးသမီးနှင့် ခင်ပွန်းတို့အား စက်တင်ဘာလ ၅ရက် မနက် ၄နာရီ‌နောက်ပိုင်းမှသာ သွား‌ရောက်ကူညီ‌ပေးနိုင်ခဲ့သည်။

‌ဒေသခံရွာသားများ လာ‌ရောက်ကူညီသည့်အချိန်တွင် ကိုယ်ဝန်‌ဆောင်အမျိုးသမီးမှာ ‌သေဆုံးသွားပြီး ဖြစ်သည်။ အမျိုး သမီးနှင့် ဒဏ်ရာရ‌နေသည့် သူမ၏ခင်ပွန်းအား ‌ဆေးရုံလူနာတင်ကားဖြင့် ‌မော်လမြိုင်‌ဆေးရုံသို့ ‌နေ့လည်ပိုင်းမှသာ ပို့‌ဆောင်ခဲ့ကြသည်။ ထို‌ဆေးရုံသို့‌ရောက်ရှိချိန်တွင် ကျန်းမာ‌ရေးဝန်ထမ်းများ၏ ဆန်းစစ်ချက်အရ ‌သေဆုံး‌နေပြီးဖြစ် သည့် ကိုယ်ဝန်‌ဆောင်အမျိုးသမီး၏ သ‌န္ဓေသားမှာလည်း တစ်ပါတည်း ‌သေဆုံးသွားခဲ့သည်။

ခင်ပွန်းဖြစ်သူကိုမူ ‌မော်လမြိုင်‌ဆေးရုံမှ ‌ဆေးဝါးကုသမှု မပြုလုပ်နိုင်သည့်အတွက် ရန်ကုန်‌ဆေးရုံသို့ ဆက်ပို့‌ဆောင်ခဲ့ ‌သော်လည်း ရန်ကုန်‌ဆေးရုံသို့‌ရောက်ရှိပြီး ၄ရက်‌မြောက်‌နေ့တွင် ‌သေဆုံးသွားခဲ့သည်။ စစ်‌ကောင်စီက အခင်းဖြစ်စဉ်ကို ‌ပေါက်ကြားမှု မရှိ‌ရေးအတွက် ‌သေဆုံးသူ၏ မိခင်အား ‌ငွေကျပ် ၃သိန်း‌ပေးခဲ့သည်ဟု ကရင်လူ့အခွင့်အ‌ရေးအဖွဲ့က ‌ပြော သည်။

ဖြစ်ရပ် ၂
KHRG သတင်းထုတ်ပြန်ချက်အရ မူ‌တြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာ‌ထော‌ကျေးရွာအုပ်စု၊ မာ‌ထော‌ကျေးရွာ ဘုန်း‌တော် ကြီး‌ကျောင်း အဝင်‌ပေါက်၌ ဩဂုတ် ၁၅ရက်‌နေ့ နံနက် ၈နာရီခွဲခန့်တွင် ဗုံးတစ်လုံး‌ပေါက်ကွဲသည်။ ဗုံး‌ပေါက်ကွဲမှု ‌ကြောင့် ရွာသားတစ်ဦး၏ နွားတစ်‌ကောင် ထိခိုက်ခဲ့သည်။ ရွာသားများသည် နွားကိုသတ်ပြီး စစ်‌ကောင်စီတပ်သားများ အား အသားအချို့ ‌ရောင်းခဲ့သည်။

အဆိုပါဗုံး‌ပေါက်ကွဲမှုနှင့် နီးသည့်အိမ်မှ ရွာသားသုံးဦးကို စစ်‌ကောင်စီတပ်က ဖမ်းဆီးကာ ဗုံး‌ဖောက်ခွဲသူများဟု စွပ်စွဲခဲ့ သည်။ ၎င်းတို့သုံးဦး ကန်‌ကျောက်ရိုက်နှက်ခံရသလို တစ်ဦးကို ‌သေနတ်‌ပြောင်းထိပ်ဖြင့် ငယ်ထိပ်ကိုထိုး‌သော‌ကြောင့် ‌သွေးထွက်ဒဏ်ရာရရှိခဲ့သည်။

ထို့‌နောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားသုံးဦးအား ထိုင်ခိုင်းပြီး လမ်းနှစ်ဘက်စလုံးရှိ ‌ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကျည်ခွံများကို ထိုရွာသားသုံးဦး၏ ‌ခေါင်း‌ပေါ်သို့ကျ‌စေခဲ့သည်။ စစ်‌ကောင်စီတပ်ဖွဲ့က ၎င်းတို့‌ကြောင့် ဒဏ် ရာရသူများကို ကုသ‌ပေးမည်ဟု‌ပြော‌သော်လည်း ရွာသားများက ငြင်းပယ်ခဲ့သည်။ ထို့‌နောက် စစ်သားများက ဖမ်းဆီး ထားသည့် ရွာသားသုံးဦး၏ မိသားစုအချက်အလက်များကို ရယူသွားသည်။

ပစ်ခတ်မှုပြုလုပ်ချိန်အတွင်း စစ်‌ကောင်စီတပ်သားများမှ အိမ်နှစ်လုံးကိုပစ်ခတ်ရာ အိမ်ထဲတွင် လူမရှိ‌သော‌ကြောင့် ထိခိုက် ဒဏ်ရာရရှိသူများ မရှိခဲ့။ သို့‌သော် ထိုသို့ ရမ်းပစ်ခြင်း‌ကြောင့် ရွာဘုန်း‌တော်ကြီးတပါး၏ ညာဘက်လက်ဖျံတွင် ဒဏ်ရာရခဲ့သည်။ ထို့အပြင် စစ်သားများသည် ၎င်းတို့အား KNLA တပ်သားများ တိုက်ခိုက်ပါက အနီးအနားရှိအိမ်များကို မီးရှို့ပစ်မည်ဟုလည်း ခြိမ်း‌ခြောက်ခဲ့‌ကြောင်း KHRG က သတင်းထုတ်ပြန်သည်။

“ကံ‌ကောင်းစွာနဲ့ စစ်သားတစ်‌ယောက်မှ ထိခိုက်ဒဏ်ရာရတာ၊ ‌သေတာမရှိဘူး။ စစ်သားတစ်‌ယောက် ‌သေသွားရင် ငါ့ကို သတ်ပစ်မှာ‌သေချာတယ်။”ဟု ဖမ်းဆီးခံရသူတစ်ဦးက‌ပြောဆို‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့က ‌ဖော်ပြထားသည်။

အလားတူ စစ်‌ရေးပဋိပက္ခ ဖြစ်‌ပေါ်‌နေသည့် ‌ကေအဲန်ယူ၊ မူ‌တြော်(ဖာပွန်)ခရိုင်နှင့် သထုံခရိုင်အတွင်း ‌ဒေသခံအမျိုးသမီး များကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး‌ခေါ်‌ဆောင်ကာ လမ်းပြခိုင်းခြင်း၊ ‌ဒေသခံများ၏ ကားများကို ဆွဲသုံးကာ ‌မောင်းပို့ ခိုင်းခြင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်ဒိုး‌ကျေးရွာ၌ စစ်‌ရှောင်‌နေသည့် ရွာသားတစ်ဦး၏အိမ်သို့ စစ်သားများ လာ ‌ရောက်တပ်စွဲကာ အိမ်‌မွေးကြက်များကို သတ်စားခြင်းနှင့် ပစ္စည်းအချို့ ယူ‌ဆောင်သွားခြင်းများလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ရပ်များအ‌ပေါ် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) ဒါရိုက်တာ ‌နော်ထူးထူးက “အခု ပြန်ကြည့်မယ်ဆိုရင် စစ် ‌ကောင်စီတပ်ရဲ့လုပ်ရပ်‌တွေက ဒီ(IHL) တားမြစ်မှုဥပ‌ဒေကို အထင်အရှား ချိုး‌ဖောက်‌နေတာပဲ။ ဒါက ပြည်သူ‌တွေအ တွက် စိုးရိမ်စရာဖြစ်‌စေသလို အထူးသဖြင့် အမျိုးသမီး‌တွေအတွက်က ပိုစိုးရိမ်ရတယ်။”ဟု စက်တင်ဘာ ၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဖြစ်ရပ်များမှာ ‌ကျေးရွာများတွင်သာ ဖြစ်‌ပေါ်‌နေခြင်းမဟုတ်။ မြို့‌ပေါ်တွင်လည်း အရပ်သားများ ပစ်ခတ်ခံရကာ ‌သေဆုံးမှုဖြစ်စဉ်များ ဖြစ်‌ပေါ်ခဲ့သည်။ ထူးခြားမှုအ‌နေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်‌နေ့တွင် ဖားအံမြို့ အမှတ် ၄ရပ်ကွက်‌နေ ကို‌ကျော်ဇင်ဝင်း (ခ) တ‌ကောင်ငကျွဲကို ‌နေအိမ်‌ရှေ့၌ရှိ‌နေစဉ် ‌သေနတ်သမား ၂ဦးက ကားဖြင့်လာ‌ရောက် ပစ်သတ်သွားသည့် ဖြစ်စဉ်ဖြစ်‌ပေါ်ခဲ့သည်။

ထိုဖြစ်စဉ်၏ အ‌ကြောင်းရင်းကို အတိအကျ မသိရ‌သော်လည်း ပစ်သတ်ခံရခြင်းမှာ သူသည် စစ်‌ကောင်စီသတင်း‌ပေးဟု ‌ကျော်‌ဇော်သည့်အတွက်‌ကြောင့် ဖြစ်နိုင်သည်ဟု ‌ဒေသခံများက သုံးသပ်‌ပြောဆို‌နေကြသည်။ ထို့အပြင် ဖားအံမြို့‌ပေါ် နှင့် အနီးတဝိုက်ရွာများတွင်လည်း ထင်‌ယောင်ထင်မှားဖြင့် အဖမ်းခံရမည်ကို စိုးရိမ်‌နေရသည်ဟု ဌာ‌နေ‌ဒေသခံတို့က ‌ပြောသည်။

မကြာမီ‌ရောက်ရှိလာမည့် ပွင့်လင်းရာသီတွင် စစ်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ဌာ‌နေတိုင်းရင်းသားတို့ စိုးရိမ်‌နေကြသ လို မည်သို့ဆက်ဖြစ်လာမည်ကို မည်သူမျှ တပ်အပ်မ‌ပြောနိုင်သည့် အ‌ခြေအ‌နေဖြစ်‌နေသည်။ ဖြစ်စဉ်အားလုံး၏ အ‌ခြေ ခံအ‌ကြောင်းရင်းမှာ တည်ငြိမ်‌အေးချမ်းမှု မရှိဘဲ စစ်‌ရေးလှုပ်ရှားမှုများနှင့် စစ်ဆင်‌ရေးသဖွယ် စစ်တပ်လှုပ်ရှားမှုများမှ ထိပ်တိုက်တိုက်ပွဲများ ဖြစ်‌ပေါ်လာခဲ့ခြင်းဖြစ်ပြီး အကျိုးဆက်အ‌နေဖြင့် ဌာ‌နေတိုင်းရင်းသားများမှာ စိုးရိမ်စိတ်များဖြင့် ‌နေ့တဓူဝ ရင်ဆိုင်‌နေကြရာ ပြည်သူများအတွက် စစ်ပွဲများမရှိရန် လိုသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကမူ တိုက်ပွဲများသည် မိမိတို့‌ကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟု ‌ပြောဆိုသည်။ ‌ကေအဲန်ယူအ‌နေဖြင့် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန်ကိုသာ လိုလား‌သော်လည်း နည်းပရိ ယာယ်အရ နိုင်ငံ‌ရေးစကားမ‌ပြောဘဲ အချိန်ဆွဲကာ စစ်‌ရေးအရ တိုက်ခိုက်လာလျင် တိုက်ပွဲများရှိ‌နေမည်သာဖြစ်သည် ဟု ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ပြောသည်။

“သူတို့ဘက်က စစ်‌ရေးနဲ့ ‌ဖြေရှင်းမယ်ဆိုရင်‌တော့ တိုက်ပွဲက ရှိမှာပဲ။ ဖြစ်နိုင်ရင်‌တော့ ငြိမ်းချမ်း‌ရေးနည်းလမ်းနဲ့ သွားလို့ ရရင် ကျ‌နော်တို့လည်း ငြိမ်းချမ်းတဲ့နည်းလမ်းအတိုင်း သွားချင်ပါတယ်လို့ ‌ပြောချင်ပါတယ်။”ဟု ပဒို‌စောလစ္စတန်က မှတ်ချက်ပြုသည်။