Home သတင်း နယ်‌မြေကျူး‌ကျော်လာသည့် စစ်‌ကောင်စီတပ်နှင့် KNU တပ်မဟာ(၆)တို့ ပစ်ခတ်မှုဖြစ်ပွား

နယ်‌မြေကျူး‌ကျော်လာသည့် စစ်‌ကောင်စီတပ်နှင့် KNU တပ်မဟာ(၆)တို့ ပစ်ခတ်မှုဖြစ်ပွား

2339

စက်တင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

နယ်‌မြေကျူး‌ကျော်ဝင်လာသည့် စစ်‌ကောင်စီ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် KNU- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)ရှိ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)တပ်ဖွဲ့ဝင်တို့ ယ‌နေ့ ‌နေ့လည် ၁၂နာရီဝန်းကျင် တွင် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့‌ကြောင်း KNU တာဝန်ရှိသူများထံမှ သိရသည်။

KNU တပ်မဟာ (၆)နယ်‌မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နတ်‌ချောင်းအလယ်ရွာ(‌ဒေသအ‌ခေါ် တံတားဦး)တွင် စစ်‌ရေး လှုပ်ရှား‌နေသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက နယ်‌မြေ‌ကျော်ဝင်လာသည့်အတွက် KNLA တပ်ရင်း (၁၇)၏ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်များနှင့် မိနစ် အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့‌ကြောင်း KNU ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စော လစ္စတန်က ယခုလို အတည်ပြု‌ပြောဆိုသည်။

၎င်းက “သတင်းရတာက ဒီ‌နေ့ ၁၂ နာရီ‌လောက်‌ပေါ့။ အဲ့ဒီက ကျူး‌ကျော်လာ‌တော့ ပစ်ခတ်မှု နည်းနည်း ဖြစ်သွားတယ် ‌ပေါ့။ တံတားဦးဘက်မှာဖြစ်တာ။ ထိခိုက်တာ‌တော့ မကြားဘူး။ ကိုယ့်လူ‌တွေက ‌စောင့်တာကတစ်‌နေရာ၊ ဟိုက ပတ်ပြီး ဝင်လာ‌တော့ ‌တွေ့‌တော့မှ လှမ်းပစ်ရင်း ဖြစ်တာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် ရပ်တန့်သွား‌သော်လည်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြန်ဆုတ် သွားခြင်း ရှိ၊မရှိကို မသိရ‌သေးသည့်အတွက် အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေဆဲဖြစ်‌ကြောင်း ပဒို‌စောလစ္စတန်က ဆက် ‌ပြောသည်။

အဆိုပါ‌ဒေသတွင် ယခင်စစ်‌ကောင်စီ တပ်ရင်း‌ဟောင်းဖြစ်သည့် ‌ခြေလျင်တပ်ရင်း (ခလရ-၃၂)၊ (ခလရ-၂၈၃)နှင့် (ခလရ -၂၈၄)တပ်ရင်းများ၏ လှုပ်ရှားနယ်‌မြေဖြစ်ပြီး လက်ရှိ ဖြစ်ပွားသည့် ပစ်ခတ်မှုတွင် မည်သည့်တပ်ရင်း လက်‌အောက်ခံ တပ်ဖွဲ့ဖြစ်‌ကြောင်းနှင့် တပ်ဖွဲ့အင်အားမည်မျှရှိ‌ကြောင်းကို KNU ခရိုင်တာဝန်ရှိသူများက အတည်ပြုချက် မရရှိ‌သေး‌ပေ။

ယခု ပစ်ခတ်မှုမတိုင်ခင် ၎င်း‌နေရာ နတ်‌ချောင်းအလယ်ရွာ‌အောက်ရှိ ‌ပေါ်‌တော်မူ‌ကျေးရွာသို့ ယမန်‌နေ့ စက်တင်ဘာလ ၂၁ရက်‌နေ့က အင်အား (၉၀)ခန့်ရှိသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌ရောက်ရှိ‌နေ‌ကြောင်းနှင့် ယ‌နေ့ စက်တင်ဘာလ ၂၂ ရက်‌နေ့တွင်လည်း ထပ်မံ ‌ရောက်ရှိလာ‌နေ‌ကြောင်း မျက်မြင်သက်‌သေ ‌ဒေသခံများက ‌ပြောဆိုပြီး အင်အားတိုးချဲ့ဝင် ‌ရောက်လာမှုနှင့် ပစ်ခတ်မှု အ‌သေးစိတ်ကို ဆက်လက် ကြိုးပမ်း‌နေဆဲဖြစ်သည်။