Home သတင်း ထိုင်းပြန်မြန်မာလုပ်သားများကို မြဝတီနယ်စပ်တွင် တရက်ခြား ၃၀ဝဦးအထိ ထပ်တိုးလက်ခံ

ထိုင်းပြန်မြန်မာလုပ်သားများကို မြဝတီနယ်စပ်တွင် တရက်ခြား ၃၀ဝဦးအထိ ထပ်တိုးလက်ခံ

1204

စက်တင်ဘာ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံမှ ‌နေရပ်ပြန် မြန်မာလုပ်သားများကို မြဝတီနယ်စပ်တွင် ယခင်က တစ်ရက်ခြား လူ ၂၀ဝဦးသာ လက်ခံခဲ့ရာမှ ယ‌နေ့ စက်တင်ဘာလ ၂၄ရက်‌နေ့မှစ၍ တစ်ရက်ခြား လူ ၃၀ဝအထိ တိုးမြှင့်လက်ခံ‌ဆောင်ရွက်‌နေ‌ကြောင်း သိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်း ဂယက်‌ကြောင့် ထိုင်းပြန်မြန်မာလုပ်သား ကြိုဆိုလက်ခံခြင်းကို ကာလအတန်ကြာ ရပ်နား ထားခဲ့ပြီး ဩဂုတ်လ ၁ရက်‌နေ့မှစ၍ လူဦး‌ရေ ၂၀ဝကို တစ်ရက်ခြားသာ လက်ခံလာခဲ့ရာမှ ယ‌နေ့ စက်တင်ဘာလ ၂၄ ရက်‌နေ့မှစ၍ ‌နောက်ပိုင်း လူ ၃၀ဝအထိ လက်ခံ‌ပေးသွားမည်ဟု ‌နေရပ်ပြန်များကို ကြိုဆိုလက်ခံ‌ပေး‌နေသည့် ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်‌ရေးတံတား BCF ဇုန်မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“ဒီက‌နေ့ ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်မြန်မာလုပ်သား အမျိုးသား ၁၅၂ဦးနှင့် အမျိုးသမီး ၁၃၉ဦး၊ စုစု‌ပေါင်း ၂၉၁ဦး ပြည်တွင်း သို့ ဝင်‌ရောက်ခဲ့ပါတယ်။ အရင်က ကရင်ပြည်နယ်အတွင်း ပြန်မည့်သူ‌တွေကိုပဲ ကိုဗစ်-၁၉ ရှိမရှိ စစ်‌ဆေး‌ပေးရာက ဒီက ‌နေ့ကစပြီး ပြန်လာသူအားလုံးကို ကိုဗစ်‌ရောဂါပိုး ရှိမရှိ စစ်‌ဆေးသွားပါမယ်။”ဟု ၎င်းဇုန်တာဝန်ရှိသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ရောဂါပိုး‌တွေ့ရှိသူများကို မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ‌ရွှေမြဝတီ ကိုဗစ်စင်တာနှင့် မဲကနယ်ရှိ ကိုဗစ်တိုး ချဲ့စင်တာ‌တွေမှာထားရှိပြီး ကုသမှုခံယူ‌စေမှာဖြစ်‌ကြောင်း၊ ‌ရောဂါပိုး မ‌တွေ့ရှိသူများကိုလည်း အဆိုပါကွာရန်တင်း (Quarantine Center)များတွင် နှစ်ပတ်ခန့်ထားရှိပြီး ၎င်းတို့ပြန်လိုသည့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ပို့‌ဆောင်‌ပေးသွားမည်ဟု သိရသည်။

ဩဂုတ်လ ၁ရက်‌နေ့မှစ၍ ယ‌နေ့ စက်တင်ဘာ ၂၄ရက်‌နေ့ထိ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံမှ ပြန်လာသူ ၅,၇၅၈ဦး ရှိခဲ့‌ကြောင်း အမှတ်(၂)ချစ်ကြည်‌ရေးတံတား BCF ဇုန်တွင် ‌စေတနာ့ဝန်ထမ်း(Volunteer)အဖြစ် ‌နေရပ်ပြန်ကြိုဆို‌ရေး ကို ကိုဗစ်ကာလတစ်‌လျှောက် ‌ဆောင်ရွက်‌ပေး‌နေသည့် ဦးမိုး‌ကျော်က ‌ပြောသည်။