Home သတင်း မြဝတီမြို့တွင် ကိုဗစ်အ‌ကြောင်းပြ၍ ပုံမှန်ထက် လုံခြုံ‌ရေးပိုမိုတင်းကြပ်

မြဝတီမြို့တွင် ကိုဗစ်အ‌ကြောင်းပြ၍ ပုံမှန်ထက် လုံခြုံ‌ရေးပိုမိုတင်းကြပ်

1074
Photo: CJ

ဩဂုတ် ၈ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်အ‌ကြောင်းပြ၍ စစ်‌ကောင်စီ လက်နက်ကိုင် အဖွဲ့မှ လုံခြုံ‌ရေးပိုမိုတင်းကြပ်ထား‌ကြောင်း သိရသည်။

ယခင်က ကိုဗစ်ကူစက်မှုနှင့်‌သေဆုံးမှု များပြား‌နေ၍ Stay at Home ‌နေထိုင်ရန်‌ကြေငြာထားသည့် အပြင် နံနက် ၆ နာရီမှ ၉ နာရီ အတွင်း ‌ဈေးဝယ်ချိန်သတ်မှတ်ထားပြီး ရပ်ကွက် မြို့အဝင်‌နေရာများတွင် စစ်‌ဆေးလျက်ရှိ‌သော်လည်း ယခုရက်ပိုင်းကဲ့သို့ ဖမ်းဆီး စစ်‌ဆေးမှုများ မရှိခဲ့‌ပေ။

လက်ရှိ မြဝတီမြို့တွင် ကိုဗစ်ကူးစက်မှုနှင့် ‌သေဆုံးမှု ‌လျော့ပါးလာ‌သော်လည်း စည်းကမ်းများ ပိုမို တင်းကြပ် လာပြီး ယမန်‌နေ့ကဆိုလျှင် မြို့အဝင်တွင် နံနက် ၉ နာရီ‌ကျော် အ‌ကြောင်းပြချက်မရှိဘဲ အပြင်ထွက်သည်ဟုဆိုကာ လမ်းတွင် သွားလာ‌နေသည့် ပြည်သူ ၂ဝ ‌ကျော်ကို အချုပ်ကားဖြင့် ဖမ်းဆီး တင်‌ဆောင်သွားပြီး ဒဏ်‌ငွေ ၅၀၀ဝ စီ ရိုက်ခဲ့သည်ဟု မြို့ခံတစ်ဦးက ‌ပြောသည်။

၎င်းအပြင် ယ‌နေ့တွင်လည်း မြဝတီမြို့အဝင် ‌မြေနီကုန်းလမ်းဆုံ‌နေရာတွင် အဖွဲ့စုံဖြင့် စစ်‌ဆေးမှုများရှိ ‌နေပြီး ဖြတ်သန်းသွားလာသူများအား ဒဏ်‌ငွေအပြင် သဘာ‌ဘေးအန္တရာယ် စီမံခန့်ခွဲ‌ရေး ဥပ‌ဒေအရ ‌ထောင်ဒဏ် ၃ လချမည်ဟု ‌ပြောဆိုမှုများလည်း ရှိသည်။

မြို့တွင်း၌ စစ်ကားယာဉ်တန်းဖြင့် လှည့်ပတ်သွားလာမှုများရှိ‌နေပြီး မြို့တွင်းနှင့် မြို့အပြင်‌နေရာများတွင် စစ်‌ကောင်စီ အဖွဲ့စုံမှ လုံခြုံ‌ရေးတိုးမြှင့်၍ ‌စောင့်ကြည့်လျက် ရှိ‌နေသည်။

ယခုလို လုံခြုံ‌ရေးတင်းကြပ် စစ်‌ဆေးမှုများလုပ်‌ဆောင်ခြင်းသည် ကိုဗစ်ဂယက်‌ကြောင့် မဖြစ်နိုင်ဘဲ ယ‌နေ့ကျ‌ရောက်သည့် ၃၃ နှစ်‌မြောက် ရှစ်‌လေးလုံးဒီမိုက‌ရေစီ အ‌ရေး‌တော်ပုံ‌နေ့ ဖြစ်သည့်အတွက် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်လာမည်စိုး၍ စစ်‌ကောင်စီအဖွဲ့မှ လုံခြုံ‌ရေး ပိုမို‌ဆောင်ရွက်‌နေသည်ဟု ထင်မြင်မိ‌ကြောင်း ‌ဒေသခံအများက သုံးသပ်‌ပြောဆိုကြသည်။

Photo: CJ