Home သတင်း အာဇာနည်များ၏ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း ယုံကြည်စွာ ‌လျှောက်လှမ်းရန် KNLA ဒုစစ်ဦးစီးချုပ် တိုက် တွန်း‌ပြောဆို

အာဇာနည်များ၏ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း ယုံကြည်စွာ ‌လျှောက်လှမ်းရန် KNLA ဒုစစ်ဦးစီးချုပ် တိုက် တွန်း‌ပြောဆို

4450

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယခင် အာဇာနည် ‌ခေါင်း‌ဆောင်များမှ ချမှတ်ထားခဲ့သည့် လမ်းစဉ်နှင့် ပန်းတိုင်အတိုင်း ယုံကြည်စွာ ‌လျှောက် လှမ်းပါက ‌တော်လှန်‌ရေး ရာနှုန်းပြည့် ‌အောင်မြင်နိုင်‌ကြောင်း KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ယမန်‌နေ့ ညက အွန်လိုင်း‌ပေါ် ကျင်းပသည့် ၇၁ နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အထိမ်းအမှတ် အစီအစဉ်တွင် တိုက်တွန်း‌ပြောဆိုသွားခဲ့သည်။

လက်ရှိ ကရင့်‌တော်လှန်‌ရေး ကာလတစ်‌လျှောက် ပါဝင်လာသူများအ‌နေဖြင့် ယခင် အာဇာနည်‌ခေါင်း‌ဆောင်များ မှ ချမှတ်ခဲ့သည့် လမ်းစဉ်နှင့် ပန်းတိုင်အ‌ပေါ် ယုံကြည်မှုအားနည်း‌နေခြင်း‌ကြောင့် ‌တော်လှန်‌ရေးကာလရှည် ကြာ‌နေရခြင်းဖြစ်‌ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “‌တော်လှန်‌ရေး လှုပ်ရှားမှုကာလတစ်‌လျှောက် ပြန်ကြည့်မယ်ဆိုရင် တချို့က ကိုယ့်ပန်းတိုင်ကိုယ့် လမ်းစဉ်‌တွေအ‌ပေါ် မယုံကြည်ကြဘူး။ အ‌ခြေအ‌နေအ‌ပေါ်မှာပဲ ကြည့်ပြီး လုပ်သွားကြတာ။ ဒါ‌ကြောင့် ဒီလို အတု အ‌ယောင်မျိုး‌တွေ ရှိ‌နေတာ‌ကြောင့် ‌တော်လှန်‌ရေးကာလက နှစ် ၇ဝ ‌ကျော်ခဲ့ရပြီး။ ဒါ‌ကြောင့် ‌ပြောချင်တာ က အာဇာနည်‌တွေရဲ့ ‌မျှော်မှန်းချက်‌တွေ ရင်ထဲမှာ အမြဲရှင်သန်‌နေအုံးမယ်ဆိုရင် ရာနှုန်းပြည့်ပန်းတိုင်ကို ‌ရောက်နိုင်မှာပဲ” ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းမှု‌ကြောင့် မိမိရန်သူ၏ မတည်ငြိမ်သည့် အ‌ခြေအ‌နေများဖြစ်‌ပေါ်‌နေချိန် ယခုကာလတွင် အားလုံးအတွက် အခွင့်အခါ‌ကောင်းသည့် အ‌ခြေအ‌နေတွင် ရှိ‌နေ ပြီး သွား‌နေသည့်လမ်း‌ကြောင်းမှား‌နေလျှင် ပြန်ပြင်ဆင်ပြီး တစ်ခုတည်း‌သော လမ်း‌ကြောင်းဖြစ်သည့် လွတ် ‌မြောက်‌ရေး ပန်းတိုင်ကိုသာ သွားသင့်‌ကြောင်းလည်း KNLA ဒုတိယစစ်ဦးစီးချုပ်က ဆက်‌ပြောသည်။

စစ်မှန်သည့် ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စုကို တည်‌ဆောက်သွားမည်ဖြစ်‌ကြောင်းနှင့် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့်သာ ‌ဖြေရှင်းနိုင်‌ကြောင်း အစဉ်တစိုက် ‌ပြောဆိုလာခဲ့သည့် KNU -ကရင်အမျိုးသား အစည်းအရုံးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ဦးသိန်းစိန် အစိုးရနှင့် ငြိမ်းချမ်း‌ရေး စတင်‌ဆွေး‌နွေးလာခဲ့ရာတွင် ‌ခေါင်း‌ဆောင်ပိုင်း သ‌ဘောထားကွဲလွဲမှုများ ‌ပေါ်‌ပေါက်ခဲ့‌သော်လည်း ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့ တွင် အခြား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးခဲ့ကြသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ စစ်အာဏာသိမ်းပြီး‌နောက် NCA လမ်း‌ကြောင်းဖြင့် သွား‌နေခဲ့သည့် ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်များလည်း ရပ်တန့်သွား‌သော်လည်း အာဏာသိမ်းစစ်တပ်မှ NCA လမ်း‌ကြောင်းအတိုင်း ဆက်လက် သွားရန် ‌ပြောဆို‌နေစဉ် KNU မှ စစ်အာဏာသိမ်းမှုကို လက်မခံရှုတ်ချ‌ကြောင်း ‌ပြောဆိုခဲ့သည်။ သို့‌သော်လည်း အာဏာသိမ်းပြီး လပိုင်းအကြာတွင် အဖွဲ့၏ ဥက္ကဌအပြင် ထိပ်ပိုင်း‌ခေါင်း‌ဆောင်တချို့မှ NCA လမ်း‌ကြောင်းအတိုင်း ဆက်လုပ် သွားရန် ကိုယ်ပိုင်သ‌ဘောထားများ အသီးသီးထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

စစ်အာဏာသိမ်းပြီး‌နောက် KNU တပ်မဟာထိန်းချုပ်နယ်‌မြေတချို့တွင် စစ်‌ကောင်စီတပ်နှင့် KNU လက်‌အောက်ခံ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွား‌နေစဉ်ကာလအတွင်း ထိုသို့ သ‌ဘောထား ထုတ် ပြန်ချက်များ ‌ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး နိုင်ငံ‌ရေးအရ ‌တွေ့ဆုံညှိနှိုင်းလိုသည့် သ‌ဘောထားများကို ‌ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့‌သော် ယခုနှစ် ကျ‌ရောက်သည့် ၇၁ နှစ်‌မြောက် အာဇာနည်‌နေ့အတွက် ‌ပေးပို့သည့် KNU ဥက္ကဌ၏ သဝဏ်လွှာ တွင်မူ စစ်တပ်အာဏာသိမ်းမှု‌ကြောင့် ‌တွေ့ဆုံညှိနှိုင်း‌ရေးအပါအဝင် နိုင်ငံ‌ရေးလုပ်ငန်းစဉ်များ ‌နောက်ပြန်လှည့် ‌နေပြီး နိုင်ငံ‌ရေးပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေးလိုသည့် နိုင်ငံ‌ရေးဆန္ဒ (Political Will) မရှိသ‌ရွေ့ ‌တွေ့ဆုံ ‌ဆွေး‌နွေးမှု အတွက် ‌မျှော်လင့်ချက်ထား၍မရနိုင်‌ကြောင်း ထည့်သွင်း ‌ဖော်ပြ‌ပြောဆိုခဲ့သည်။

၎င်းအပြင် နိုင်ငံ‌ရေး ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုအတွက် လမ်းဖွင့်ထား‌ကြောင်း ဥက္ကဌကြီးမှ ဆက်လက်‌ပြောဆိုထားသလို တစ်ဖက်တွင်လည်း မိမိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် ကာကွယ်သွားရမည်ဖြစ်‌ကြောင်း လည်း ဆက်လက်‌ပြောဆိုထားသည်။

တစ်ချိန်ထဲတွင် KNU ဥက္ကဌကြီး ‌စောမူတူး‌စေးဖိုးအပါအဝင် ဗဟို အလုပ်အမှု‌ဆောင် ‌ကော်မတီ‌ခေါင်း‌ဆောင် များအ‌ပေါ် အယုံအကြည်မရှိ‌တော့‌သော‌ကြောင့် လက်ရှိ ရာထူးများမှ ချက်ချင်း နုတ်ထွက်‌ပေးရန် အ‌ဝေး‌ရောက် ကရင်တိုင်းရင်းသားများက ‌တောင်းဆိုမှုများလည်း ထွက်‌ပေါ်လာခဲ့သည်။

ယမန်‌နေ့ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇၁ နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ အခမ်းအနားကို KNU ထိန်းချုပ်နယ်‌မြေအသီးသီးအပြင် ကရင်ပြည်နယ် နှင့် အခြား‌သောတိုင်း‌ဒေသကြီးအချို့ အပါအဝင် နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများမှလည်း အသီးသီး ပြုလုပ်ကျင်းပခဲ့ကြသည်။

ယမန်‌နေ့ညက ပြုလုပ်သည့် အွန်လိုင်း‌ပေါ်မှ အာဇာနည်‌နေ့အစီအစဉ်တွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် လူဦး‌ရေ ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြပြီး KNLA သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ကရင့်အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံကို ဖတ်ကြားခြင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲမှ အား‌ပေးစကား‌ပြောကြားခြင်း၊ အ‌မေး အ‌ဖြေများပြုလုပ်နှင့် ‌တေးသီချင်း‌ဖျော်‌ဖြေတင်ဆက်ခြင်းတို့ ပါဝင်ခဲ့ကြသည်။

အလားတူ ဩဂုတ်လ ၁၂ရက်‌နေ့၊ မနက် ၉နာရီခွဲမှ ၁၁နာရီခွဲအထိ ကရင်ပြည်နယ်အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ ‌သော ၇၁နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ အွန်လိုင်းအခမ်းအနားတွင် ‌ကေအဲန်ယူ အပါအဝင်၊ ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်များ၊ မွန် ပအိုဝ်း ကရင် အရပ်ဖက်အဖွဲ့များ စုစု‌ပေါင်း လူဦး‌ရေ ၁၀ဝ ပါဝင်တက် ‌ရောက်ခဲ့ကြသည်။

ထိုအခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဌ၏ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ အာဇာနည်‌နေ့ ဂုဏ်ပြုကဗျာဖတ်ကြား ခြင်း၊ ‌တေးသီချင်း ‌ဖျော်‌ဖြေတင်ဆက်ခြင်း၊ ကရင်အာဇာနည်‌နေ့ဖြစ်‌ပေါ်လာပုံ၊ ကျင်းပရခြင်းရည်ရွယ်ချက်၊ ယခင်က ကျင်းပပြုလုပ်ခဲ့သည် စစ်‌ရေးပြ အခမ်းအနား ပါဝင်‌သော ကရင်အာဇာနည်‌နေ့ မှတ်တမ်းရုပ် သံပြသခြင်း များအပြင် ဖားအံမြို့တွင် ပန်း‌ခွေချကာ သံလွင်မြစ်ထဲ‌မျောချသည့် အစီအစဉ်များကိုလည်း ကျင်းပ‌ရေး ‌ကော်မတီဝင်များက ‌ဆောင်ရွက်ခဲ့ကြသည်။