Home သတင်း ‌လေး‌ကေ‌ကော် မြို့သစ် ကိုဗစ်ကူးစက်‌ရောဂါ ‌စောင့်ကြည့်ကုသစင်တာတွင် ‌အောက်ဆီဂျင် မလုံ‌လောက်မှုနှင့် ကြုံ‌တွေ့‌နေရ

‌လေး‌ကေ‌ကော် မြို့သစ် ကိုဗစ်ကူးစက်‌ရောဂါ ‌စောင့်ကြည့်ကုသစင်တာတွင် ‌အောက်ဆီဂျင် မလုံ‌လောက်မှုနှင့် ကြုံ‌တွေ့‌နေရ

3116
Photo_က‌ဆောဝါး

ဇူလိုင် ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ဖွင့်လှစ်ထား‌သော ကိုဗစ်ကူးစက်‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးစင်တာတွင် လူနာအတွက် ‌အောက်ဆီဂျင် လုံ‌လောက်မှုမရှိသည့်အ‌ခြေအ‌နေနှင့် ကြုံ‌တွေ့‌နေရ‌ကြောင်း သိရှိရသည်။

‌လေး‌ကေ‌ကော် ကိုဗစ်ထိန်းချုပ်‌ရေးစင်တာတွင် ကိုဗစ်သံသယလူနာနှင့် ကိုဗစ်ပိုး‌တွေ့လူနာ ၁၅ဝ ‌ကျော်အတွက် ‌အောက်ဆီဂျင် ရှူသွင်းကုသမှု‌ပေးရာတွင် ‌အောက်ဆီဂျင်အိုး ၄ လုံးနှင့် အသက်ရှူ‌ခေါင်းအုပ် ၂ စုံ၊ လူနာ ၂ ဦးစာသာရှိပြီး ကျန်ကိုဗစ်ကူး စက် ‌ရောဂါပိုး‌ခြေအ‌နေ‌ကြောင့် ‌အောက်ဆီဂျင်အား ကူရှူသွင်းရန် လိုအပ်လာပါက လုံ‌လောက်မှုမရှိသည့် အ‌ခြေအ‌နေနှင့် ကြုံ‌တွေ့ ‌နေရသည်ဟု ‌လေး‌ကေ‌ကော်မြို့သစ် ကိုဗစ်ကူးစက်‌ရောဂါ ‌စောင့်ကြည့်ထိန်းချုပ်ကုသ‌ရေးစင်တာမှ ကျန်းမာ‌ရေး‌စောင့်‌ရှောက်ကူညီ‌ပေး‌နေသည့် တာဝန်ရှိသူက ‌ပြောသည်။

“ကျမ တို့ဆီမှာ ပိုး‌တွေ့ လူနာ ၅၂ ဦးရှိ‌နေပါပြီ။ ပိုး‌တွေ့သူနဲ့ ထိစပ်ခဲ့သူ‌တွေဖြစ်တဲ့ လူတစ်ရာ‌ကျော်ကိုလည်း ကွာရတင်း ‌စောင့်ကြည့်‌ပေး‌နေပါတယ် ။ ‌အောက်ဆီဂျင်အိုးက အ‌သေး ၂ အိုး၊ အကြီး ၂ အိုးနဲ့ အသက်ရှူနှာ‌ခေါင်းအုပ် ပိုက်အစုံက နှစ်စုံပဲ ရှိပါတယ်။ ဒီမနက်‌တော့ ‌အောက်ဆီဂျင် ရှူဖို့ လူနာ ၂ ဦးအတွက် တပ်ဆင်‌ပေးရှူထားရပါတယ်။ ကိုဗစ်လူနာကို ‌ပေးတိုက်ရမယ့် ‌ဆေးဝါးလည်း လိုအပ်ပါတယ်။ ထပ်‌ရောက်လာမယ့် ‌ဒေသထဲက လူနာ‌တွေအတွက်လည်း ‌နေရာထိုင်ခင်း လိုအပ်ချက်‌တွေ ရှိ‌နေပါတယ်။ အဓိက က‌တော့ ‌အောက်ဆီဂျင်‌ပေးရမယ့် လူနာတိုးလာရင် အခက်အခဲ ‌တွေ့လာရမယ့် အ‌ခြေအ‌နေကြုံ‌နေရတာပါ ”ဟု သူမက ‌ပြောသည်။

အဆိုပါ ကိုဗစ် ၁၉ ကူးစက်‌ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွား‌နေမှု‌ကြောင့် KNU- ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်‌မြေအတွင်းရှိ ‌လေး‌ကေ‌ကော် မြို့သစ်သို့ ဝင်ထွက်သွားလာရာ လမ်းမများ၊ ရပ်ကွက် ‌ကျေးရွာများ ထိပ်တွင် အပူချိန်တိုင်းတာ မှတ်တမ်းယူခြင်း၊ နှာ‌ခေါင်းစည်း‌ဝေငှခြင်း၊ လက်‌ဆေးသန့်စင်‌စေခြင်း ၊ ဖြတ်သန်းသွားလာသူ ‌ဒေသခံများ၏ ကိုယ်‌ရေးအချက်အလက်များ ‌မေးမြန်းခြင်း ၊ မှတ်တမ်းပြုလုပ်‌ဆောင်ကာ ‌လော့‌ဒေါင်းချထား‌စောင့်ကြည့် ကာကွယ်မှုများ ပြုလုပ်‌ပေး‌နေ‌ကြောင်း သိရသည်။

Photo_က‌ဆောဝါး

လက်ရှိတွင် ‌လေး‌ကေ‌ကော်မြို့သစ် ဧရိယာအတွင်း ကိုဗစ် ၁၉ ‌ရောဂါ တတိယလှိုင်းကာလအတွင်း ကူးစက်‌ရောဂါ ဖြစ်ပွားမှုများပြားလာ‌နေသည့်အတွက် လတ်တ‌လောတွင် လူနာများပြုစု‌စောင့်‌ရှောက်သွားမည့် အ‌ဆောက်အဦးများ လိုအပ်လျက်ရှိသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

ထို့‌ကြောင့် KNU တပ်မဟာ ၆ နယ်‌မြေခံ စစ်သည်ရဲ‌ဘော်များနှင့် ‌ဒေသတွင်းလူငယ်များ စု‌ပေါင်းပြီး သစ်ဝါးအ‌ခြေခံ ယာယီအ‌ဆောက်အအုံများပြုလုပ်ကာ လူနာများအား ပြုစု‌စောင့်‌ရှောက်သွားမည့်အစီအစဉ်အား ကိုယ်ထူကိုယ် ထလုပ်‌ဆောင်‌နေ‌ကြောင်း ‌လေး‌ကေ‌ကော်မြို့သစ် စီမံအုပ်ချုပ်‌ရေး ‌ကော်မတီတာဝန်ရှိသူ ‌စော‌ဌေးမြင့်‌အောင်က ‌ပြောသည်။

လတ်တ‌လော အ‌ခြေအ‌နေတွင် ‌လေး‌ကေ‌ကော် မြို့သစ် ဧရိယာအတွင်း ကိုဗစ် ၁၉ ကူးစက်‌ရောဂါ တတိယ လှိုင်းကူးစက် ကာလအတွင်း ‌ရောဂါပိုးကူးစက်ခံထားရသူ သံသယ လူနာ ၁၁၁ ဦးနှင့် ‌ရောဂါပိုး‌တွေ့ရှိ ကုသ‌စောင့်‌ရှောက်မှု ‌ပေး‌နေရသူ ၅၂ ဦးရှိ‌နေပြီး ကင်ဆာ‌ရောဂါအခံရှိ‌သော လူနာမှ ကိုဗစ်ပိုးကူးစက်ခံရကာ ‌သေဆုံးလူနာ ၁ ဦးရှိ‌နေပြီဖြစ်သည်။