Home သတင်း ကိုဗစ်ကန့်သတ်ချက်ဖြင့် ပြင်ပထွက်ကဒ်မပါဘဲ သွားလာသူများ ဒဏ်‌ငွေ‌ပေး‌ဆောင်ရ

ကိုဗစ်ကန့်သတ်ချက်ဖြင့် ပြင်ပထွက်ကဒ်မပါဘဲ သွားလာသူများ ဒဏ်‌ငွေ‌ပေး‌ဆောင်ရ

835

ဇူလိုင် ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့တွင် ‌ရေကြီးသည့်ကာလအတွင်း ပြည်နယ်စစ်‌ကောင်စီက ထုတ်ပြန်ထားသည့် ကိုဗစ်ကန့် သတ်ချက် ‌ကြောင့် မြို့ခံပြည်သူများမှာ စားဝတ်‌နေ‌ရေးနှင့် ကျန်းမာ‌ရေးအတွက် သွားလာရာတွင် ဒဏ်‌ကြေး‌ငွေများ ‌ပေး‌ဆောင်‌နေရသည့် အခက်အခဲများ ကြုံ‌တွေ့‌နေရ‌ကြောင်း မြို့မိမြို့ဖများ၏ ‌ပြောပြချက်များအရ သိရှိရသည်။

လတ်တ‌လော ဖားအံမြို့၌ ‌နေအိမ်အပြင်ထွက် သွားလာ‌နေသူများကို ‌ရှောင်တခင် စစ်‌ဆေးမှုများရှိပြီး အပြင်ထွက်ခွင့် လက်မှတ်မပါဘဲ ပထမအကြိမ် ဖမ်းဆီးမိလျှင် ဒဏ်‌ငွေ ၅၀၀ဝကျပ်၊ ဒုတိယအကြိမ် ဖမ်းဆီးမိလျှင် ၁၀၀၀ဝကျပ်၊ ‌ပေး ‌ဆောင်ရသည့်အပြင် တတိယအကြိမ် ဖမ်းဆီးမိလျှင် ‌ထောင်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သိရ‌ကြောင်း ကဒ်မရရှိ၍ ကိုယ်တိုင်ဒဏ်‌ငွေ‌ပေး‌ဆောင်ခဲ့ရသည့် ‌ရေ‌ဘေးသင့်သူတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “မသိတဲ့ ပြည်သူ‌တွေအ‌နေနဲ့က‌တော့ စားဝတ်‌နေ‌ရေး အဆင်မ‌ပြေတာက တစ်‌ကြောင်း၊ ‌ရောဂါ‌တွေဖြစ်ရင် ကိုယ့်ဟာကိုယ် ဂရုစိုက်‌နေရတယ်။ ပိုး‌တွေ့လူနာ‌ကြောက်ရတဲ့အချိန် အဲ့လို‌တော့ မလုပ်‌ဆောင်သင့်ဘူး။ ကူညီရမယ့်အ ချိန် ပြည်သူ‌တွေ ဒုက္ခ‌ရောက်တာကို ထပ်ပြီး‌တော့ ‌ပေး‌နေသလို ဖြစ်‌နေတာ‌ပေါ့။ ‌ဈေး‌ရောင်း‌နေတဲ့ဆိုင်ခန်း‌တွေ လိုက် ပိတ်ခိုင်း‌နေတာ ‌တော်‌တော်ကို ပြည်သူအတွက် ဒုက္ခဖြစ်‌နေပါပြီး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်သူများ ယခုလို ကပ်‌ရောဂါ‌ဘေးများနှင့် ကြုံ‌တွေ့‌နေရချိန်တွင် ပြည်နယ်တာဝန်ရှိသူများက ကူညီကာကွယ်မှု လုပ် ‌ဆောင်ရမည့်အစား ယခုကဲ့သို့ ဒဏ်‌ငွေရိုက်သည့်အတွက် ပြည်သူများ ပို၍ဒုက္ခ‌ရောက်ကြရသည်ဟု အဆိုပါမြို့ခံက ဆက်‌ပြောသည်။

ဖားအံမြို့နယ် စည်ပင်သာယာ‌ရေး၊ ‌မော်‌တော်ပီကယ်၊ ရဲနှင့် ရပ်‌ကျေးအဖွဲ့တို့ပူး‌ပေါင်းကာ အပြင်ထွက်သွားလာသည့် ပြည်သူများကို ဖားအံမြို့အထွက် ဇာသပြင်သွားသည့် လမ်းဆုံ၊ ဘုရားဝင်းကြီးမီးပွိုင့်၊ လှိုင်းဘွဲလမ်းခွနှင့် နိဗ္ဗိန္ဒမီးပွိုင့် စသည့်‌နေရာများတွင် ‌ရှောင်တခင် စစ်‌ဆေးဖမ်းဆီးကာ အ‌ရေးယူ‌ဆောင်ရွက်လျက်ရှိသည်ဟု မြို့ခံများက ‌ပြောဆို‌နေ ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ဝရက်‌နေ့မှစ၍ ဖားအံမြို့‌ပေါ်ရှိ ရပ်ကွက်တိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးမှ အိမ်‌ထောင်စုတစ်စုလျှင် အိမ်ပြင်ထွက်ခွင့်လက်မှတ် ထုတ်‌ပေးထား‌သော်လည်း ယ‌နေ့အချိန်အထိ အဆိုပါကဒ်ကို မရရှိ‌သေးသည့် ‌နေအိမ်များလည်းရှိ‌နေ‌သေး‌ကြောင်း သက်ဆိုင်ရာ ရပ်ကွက်‌နေပြည်သူများ၏ ‌ပြောပြချက်အရ သိရသည်။

အလားတူ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ‌ရေကြီးကာလအတွင်း ရပ်ကွက်အလိုက် ကိုဗစ်စစ်‌ဆေး‌ရေးဂိတ် များ ထားရှိပြီး ‌ရေ‌ဘေး‌ရှောင်နှင့် အ‌ရေး‌ပေါ်သွားလာမှုတို့ကို တားမြစ်ထားသည့် ဂိတ်အချို့မှာလည်း ဒဏ်‌ငွေ‌ကောက်ခံ မှု‌ကြောင့် ‌ပေး‌ဆောင်ရခြင်းရှိသည်ဟုလည်း မြို့‌နေလူထုက ‌ပြောဆိုသည်။

ထို့အတူ မြဝတီ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့တွင် ဇူလိုင်လ ၂၆ရက်‌နေ့မှစတင်ကာ ‌မြေနိမ့်ပိုင်း‌နေ ရာများရှိ ‌နေအိမ်များတွင် ‌ရေကြီး‌ရေလျှံမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းမြို့နယ်များ၌ ‌ရေပြန်‌လျော့ကျ‌နေပြီးဖြစ်‌ကြောင်း သိရသည်။