Home သတင်း စစ်‌ကောင်စီခန့်အပ်ထားသည့် မြဝတီမြို့မှ ရာအိမ်မှူးတစ်ဦး ‌သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ‌သေဆုံး

စစ်‌ကောင်စီခန့်အပ်ထားသည့် မြဝတီမြို့မှ ရာအိမ်မှူးတစ်ဦး ‌သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ‌သေဆုံး

1306

ဇွန်လ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တွင် ယ‌နေ့ ဇွန်လ ၂၃ ရက်၊ နံနက် ၆ နာရီခွဲခန့်က စစ်‌ကောင်စီမှ ခန့်အပ်ထားသည့် ရာအိမ်မှူးတစ်ဦး ‌သေနတ်ဖြင့် နှစ်ချက်တိတိ ပစ်ခတ်ခံရပြီး ‌သေဆုံးသွားခဲ့သည်။

‌သေနတ်ဖြင့် ပစ်သတ်ခံရသူ ရာအိမ်မှူး ဦးသန်း‌ဌေး(၅၈)နှစ်သည် မြဝတီမြို့ အမှတ် (၂) ရပ်ကွက် မြို့ပတ် (၂) လမ်းရှိ ‌နေအိမ်‌ရှေ့တွင် ထိုင်‌နေစဉ် ကား အမဲ‌ရောင်ဖြင့် အမည်မသိ ‌သေနတ်သမားများမှ လာ‌ရောက်ပစ် ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ‌ပြောသည်။

ပစ်ခတ်ခံရမှု‌ကြောင့် ရာအိမ်မှူး ဦးသန်း‌ဌေးတွင် ဝမ်းဗိုက်နှင့်ရင်ဘတ်တို့တွင် ‌သေနတ် ဒဏ်ရာ ၂ ချက်ရရှိပြီး မြဝတီ‌ဆေးရုံမှတဆင့် ‌မော်လမြိုင်‌ဆေးရုံသို့ ပို့‌ဆောင်စဉ် လမ်းတွင်‌သေဆုံးသွား၍ မြဝတီသို့ ပြန်‌ခေါ်လာ‌ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုမှာ ပြီးခဲ့သည့် မတ်လ တတိယအပတ်ခန့်က ၎င်း၏ ‌နေအိမ်‌ရှေ့ လမ်းမတွင် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြလူငယ်များမှ သဲအိတ် ဘန်ကာ များဖြင့် စု‌ဝေး‌နေစဉ် ၎င်းရာအိမ်မှူးက စစ်‌ကောင်စီသို့ သတင်း‌ပေး၍ ဆန္ဒပြ လူငယ်တစ်ချို့ အဖမ်းခံခဲ့ရသည်ဟု စွပ်စွဲချက်များနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ‌သေဆုံးသူ၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး‌နောက် ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြမှုများရှိခဲ့ပြီး ယင်းဆန္ဒပြမှုများ နှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူ လူ ၁၀ဝ ‌ကျော်ရှိကာ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မမျိုးစုံဖြင့် အမှုရင်ဆိုင် ထိန်းသိမ်းခံ ‌နေဆဲဖြစ်သည်။