Home သတင်း မြဝတီမြို့ရှိ ကြံ့ခိုင်‌ရေးပါတီမှ ပြည်နယ်လူမှု‌ရေးဝန်ကြီး‌ဟောင်း၏‌နေအိမ်‌ရှေ့ လက်လုပ်ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့

မြဝတီမြို့ရှိ ကြံ့ခိုင်‌ရေးပါတီမှ ပြည်နယ်လူမှု‌ရေးဝန်ကြီး‌ဟောင်း၏‌နေအိမ်‌ရှေ့ လက်လုပ်ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့

1275

‌မေလ ၂၃ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ အမှတ် ၂ ရပ်ကွက် ကြံခင်းလမ်းရှိ ယခင် ကြံ့ခိုင်‌ရေးပါတီ လက်ထက် ကရင်ပြည်နယ်လူမှု‌ရေး ဝန်ကြီး‌ဟောင်း ဦးချစ်လှိုင်၏ ‌နေအိမ်‌ရှေ့တွင် ယ‌နေ့ (‌မေလ ၂၃ရက်) နံနက်ပိုင်းက လက်လုပ်ဗုံး တစ်လုံး ‌ပေါက်ကွဲမှု ဖြစ်သွားခဲ့‌ကြောင်း သိရသည်။

“ယ‌နေ့ ‌မေလ ၂၃ ရက် နံနက် ၅ နာရီ အချိန်ခန့်မှာ ဦးချစ်လှိုင်၏ ‌နေအိမ် ‌ဈေးဆိုင်‌ရှေ့မှာ လက်လုပ်ဗုံး (အ‌ပျော့စား)‌ပေါက်ကွဲမှုဖြစ်သွား ခဲ့တာပါ။ လူ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူး “ဟု ဖြစ်စဉ် အနီးဝန်းကျင်မှ ပြည်သူတစ်ဦးက ‌ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင်း၌ ဗုံး‌ပေါက်ကွဲမှုများအ‌နေဖြင့် အမှတ် ၃ ရပ်ကွက်ရုံး‌ရှေ့တွင် တစ်ကြိမ်၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်‌ရေးမှူး‌နေအိမ် ခြံဝင်းအတွင်းတစ်ကြိမ်၊ မြို့နယ် ကြံ့ခိုင်‌ရေးပါတီရုံး‌ဘေးတွင်တစ်ကြိမ်၊ ပြီးခဲ့သည့် ရက်ပိုင်းက အမှတ် ၁ ရပ်ကွက် ယုဇနလမ်းရှိ ဦးစိုး‌နောင် ဆိုသူ၏ ‌နေအိမ်ဆိုင်‌ရှေ့တွင် တစ်ကြိမ်နှင့် ယ‌နေ့ နံနက် ကြံ့ခိုင်‌ရေးပါတီဝင် ပြည်နယ်လူမှု‌ရေး ဝန်ကြီး‌ဟောင်း ဦးချစ်လှိုင် ဆိုသူ၏ ‌နေအိမ်‌ရှေ့တွင်တစ်ကြိမ် စုစု‌ပေါင်း ၅ ကြိမ်တိတိ‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ဗုံး‌ပေါက်ကွဲမှု ၅ ကြိမ်တိတိ ဖြစ်သွားခဲ့‌သော်လည်း လူ တစ်ဦးတစ်‌ယောက်မျှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိခဲ့‌ပေ။ သို့‌သော် မြဝတီမြို့ ပြင်‌ကျေးရွာများ ဖြစ်‌သော ‌ဝှေ့ရှမ်းရွာ၊ မဲ့ပလဲ့ရွာ၊ ဇရပ်ဖြူကုန်းရွာနှင့် အင်ကြင်းမြိုင်ရွာ စသည့် ‌ကျေးရွာများမှ အုပ်ချုပ်‌ရေးမှူး ၄ ဦးတိတိ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ‌ကြောင်း သိရသည်။