Home သတင်း တပ်မဟာ (၅)နယ်‌မြေဘက်သို့ နယ်ခြား‌စောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ‌ရောက်ရှိ‌နေ‌ကြောင်း KNU ဆို

တပ်မဟာ (၅)နယ်‌မြေဘက်သို့ နယ်ခြား‌စောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ‌ရောက်ရှိ‌နေ‌ကြောင်း KNU ဆို

17504

‌မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်းစစ်‌ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာကူညီပို့‌ဆောင်‌ပေးရန် KNU- ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) နယ်‌မြေဘက်သို့ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ‌ရောက်ရှိ‌နေ‌ကြောင်း တပ်မဟာ (၅) ဘက်က ‌ပြောသည်။

တပ်အင်အားမလုံ‌လောက်မှုနှင့် ရိက္ခာလမ်း‌ကြောင်းများ ဖြတ်‌တောက်ခံထားရသည့် တပ်မဟာ(၅) နယ်‌မြေ အ တွင်းရှိ စစ်‌ကောင်စီ တပ်စခန်းများသို့ ရိက္ခာများ ကူညီပို့‌ဆောင်‌ပေးရန် BGF တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ရက်ပိုင်းမှစပြီး ကမာ‌မောင်းမြို့သို့ အင်အား ၅၀ဝ ‌ကျော် ‌ရှောက်ရှိ‌နေသည်ဟု KNU တပ်မဟာ (၅) ‌ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တစ်ပတ်က ကျ‌နော်တို့ သတင်းရတာက စစ်တပ်နဲ့အတူ သူတို့ အင်အား ၁၅ဝ ‌လောက် တက်လာတယ်လို့ ကြားတယ်။ မ‌နေ့ကလည်းပဲ အင်အား (၄၀၀)‌လောက် ထပ်တက်လာတယ်လို့ သတင်း ရတယ်။ ဒါ‌ကြောင့် ဒီမှာ ၅၅ဝ ‌လောက်ရှိတာ‌ပေါ့။ ဒီဘက်မှာ‌တော့ စစ်တပ်အတွက် ရိက္ခာပို့ဖို့အတွက် ကူညီ‌ပေး တာ‌ပေါ့။ တချို့ကျ‌တော့ တပ်မဟာ (၁)ဘက်ကို တက်သွားပြီး စစ်တပ်နဲ့ သွားပူး‌ပေါင်းတာမျိုး လုပ်တယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအတွက် ကမာ‌မောင်းမှ‌နေ၍ ဖာပွန်အထိ ၎င်းမှတဆင့် ၎င်းတို့အ‌ခြေစိုက် စခန်းများ အထိ ရိက္ခာပို့‌ပေးရန် BGF ကို ညွှန်ကြားမှုမျိုးရှိ‌ကြောင်းနှင့် ယခင်လများက KNUဘက်မှ သိမ်းယူထားသည့် စစ်‌ကောင်စီ တပ်စခန်းများကို ပြန်လည်သိမ်းယူ‌ပေးရန် သတင်းများထွက်‌ပေါ်‌နေ‌ကြောင်းလည်းဟု ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့ က ဆက်‌ပြောသည်။

ယခု‌ရောက်ရှိလာသည့် BGF တပ်ဖွဲ့ဝင်များကို မည်သူ ဦး‌ဆောင်ပြီး မည်သည့် တပ်ရင်းတပ်ဖွဲ့ဝင်များ ဖြစ်‌ကြောင်းကို အ‌သေးစိတ်မသိရှိရ‌သေး‌ကြောင်း နှင့် ယခင်ရှိပြီးသား အ‌ခြေစိုက်တပ်ရင်းများမှာ (၁၀၁၃) တပ်ရင်းနှင့် (၁၀၁၄) တပ်ရင်းများသာဖြစ်ပြီး လက်ရှိတွင် ‌ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များမှာ ကမာ‌မောင်း တွင်သာ စခန်းချ ရပ်နား‌နေ‌သေး‌ကြောင်း KNU က ဆိုသည်။

အဆိုပါ BGF တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့်အပတ်မှစ၍ ‌ရောက်ရှိလာ‌နေ‌ကြောင်း ကြားသိရသည်ဟုလည်း ကမာ‌မောင်း ‌ဒေသခံတစ်ဦးက အတည်ပြု‌ပြောဆိုပြီး ၎င်းတို့အ‌နေဖြင့် အပြင်ထွက်သွားလာရန် ‌ကြောက်ရွံ့‌နေ ရ‌သော‌ကြောင့် ‌ရောက်ရှိလာသည့် အင်အားနှင့် စခန်းချ‌နေသည့် ‌နေရာကို အတိအကျ မ‌ပြောနိုင်‌ကြောင်း ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ အပတ်က ၄ ရက် ၅ ရက်‌လောက်က သူတို့ (BGF) တက်လာတယ်လို့‌တော့ သတင်းကြား တယ်။ ဒါ‌ပေမဲ့ ဘယ်‌လောက်ရှိသလဲ‌တော့ မသိဘူး။ ကျ‌နော်တို့က အခုက အပြင်မထွက်ရဲဘူး။ တကယ်လို့ လိုက်သွားလို့ အပြင်မှာ ‌တွေ့ရင် ပစ်မယ်ဆိုပြီး ‌ပြောထားတယ်။ ဗုံး‌တွေ ‌ထောင်ထားတာလည်းရှိ‌တော့ လိုက်မ သွားရဲဘူး။”ဟု ‌ပြောသည်။

လတ်တ‌လောအ‌ခြေအ‌နေအရ ဖာပွန်မြို့နှင့် အနီးတစ်ဝိုက်တွင် ခြုံခိုတိုက်ခိုက်ခံရမှုနှင့် မိုင်းနင်း‌ပေါက်ကွဲမှုများ ကြုံ‌တွေ့ရလျှင် စစ်‌ကောင်စီတပ်မှ ‌ဒေသခံ ‌ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ပြန်လည်ခြိမ်း‌ခြောက် ပစ်ခတ်မှုများ ပြုလုပ်‌နေ‌ကြောင်း KNU ဘက်က ‌ပြောဆိုပြီး ‌နေ့စဉ် ပစ်ခတ်သံများ ကြား‌နေရ‌ကြောင်းလည်း ဖာပွန်မြို့အနီး ‌ဒေသခံများက ဆိုသည်။

အလားတူ စစ်‌ကောင်စီ နှင့် စစ်‌ရေးတင်းမာ‌နေသည့် KNU တပ်မဟာ (၁) ဘက်တွင်လည်း နယ်ခြား ‌စောင့်(BGF) တပ်ဖွဲ့ဝင်များ စစ်‌ကောင်စီတပ်များနှင့် ပူး‌ပေါင်း၍ အလုံးအရင်းဖြင့် ‌ရောက်ရှိ‌နေပြီး နှစ်ဖက် ထိ‌တွေ့ ပစ်ခတ်မှုများလည်း ရှိခဲ့‌ကြောင်း KNU တပ်မဟာ (၁) ဘက်က ပြီးခဲ့သည့် ရက်ပိုင်းများက ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

‌ကေအဲန်ယူ နယ်‌မြေအတွင်းဖြစ်ပွား‌နေသည့် တိုက်ပွဲအချို့တွင် စစ်‌ကောင်စီနှင့်အတူ နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သတင်းထွက်‌ပေါ်‌နေမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် ၊ နယ်ခြား‌စောင့် တပ်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက ငြင်းဆိုထားသည်ဟု ယမန်‌နေ့ (‌မေလ ၃ရက်) DVB သတင်းဌာနတွင် ‌ဖော်ပြခဲ့သည်။

စစ်‌ကောင်စီ တပ်စခန်း (၂)ခုကို KNU တပ်မဟာ (၅)ဘက်မှ တိုက်ခိုက်သိမ်းယူပြီး‌နောက် စစ်‌ကောင်စီဘက်မှ ‌လေ‌ကြောင်းဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ‌ဒေသခံအရပ်သား ထိခိုက်‌သေဆုံးမှုများဖြစ်‌ပေါ်ခဲ့သလို ‌သောင်းနှင့်ချီသည့်‌ဒေသခံများလည်း ထွက်‌ပြေးတိမ်း‌ရှောင်း‌နေခဲ့ကြရသည်။

စစ်အာဏာသိမ်းပြီး‌နောက် အပစ်ရပ်‌ဆွေး‌နွေးပွဲများ ရပ်တန့်သွားပြီး KNU တပ်မဟာ (၅) နှင့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များအကြား စစ်‌ရေးပဋိပက္ခများ ပိုမိုတင်းမာလာခဲ့ကာ KNUဘက်မှ ရိက္ခာလမ်း‌ကြောင်းများကို ဖြတ် ‌တောက်မှုများပြုလုပ်ခြင်း‌ကြောင့် စစ်‌ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပိုတိုး လုပ်‌ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။