Home သတင်း ‌နွေဦး‌တော်လှန်‌ရေးတွင် ကျဆုံးအာဇာနည်များအတွက် ဂုဏ်ပြုခြင်း နှင့်ဝတ်ပြုဆု‌တောင်းခြင်း ကျင်းပ

‌နွေဦး‌တော်လှန်‌ရေးတွင် ကျဆုံးအာဇာနည်များအတွက် ဂုဏ်ပြုခြင်း နှင့်ဝတ်ပြုဆု‌တောင်းခြင်း ကျင်းပ

2182

မတ်လ ၂၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ကျ‌ရောက်‌သော တပ်မ‌တော်‌နေ့ကို ဆန့်ကျင်‌သောအားဖြင့် ကရင်အမျိုးသားအစည်းအရုံး-KNU နယ်‌မြေ၌ “‌နွေဦး‌တော်လှန်‌ရေး တွင် ကျဆုံးသွား‌သော အာဇာနည် သူရဲ‌ကောင်းများအား ဂုဏ်ပြုခြင်းနှင့် ဝတ်ပြုဆု‌တောင်းခြင်း”‌ခေါင်းစဉ်ဖြင့် ဖ‌ယောင်းတိုင်မီးထွန်း ဝတ်ပြုဆု‌တောင်းပွဲတစ်ခု ယ‌နေ့ (မတ် ၂၇) ည‌နေပိုင်းတွင် ပြုလုပ်ကျင်းခဲ့သည်။

ထိုသို့ဝတ်ပြုဆု‌တောင်းရာတွင် ‌နွေဦး‌တော်လှန်‌ရေးအတွက် ကျဆုံးသွား‌သော အာဇာနည်များအတွက် ဂုဏ်ပြုခြင်းဖြင့်အားဖြင့် ဖ‌ယောင်းတိုင်မီးထွန်းငြိမ်သက်ခြင်းအပြင် ‌ကြွေး‌ကြော်သံ ၆ရပ်ဖြင့်လည်း ဆန္ဒ‌ဖော်ထုတ် ‌ကြွေး‌ကြော်ခဲ့ကြသည်။

အာဏာရှင်စနစ်ချုပ်ငြိမ်း‌ရေး၊ မတရားဖမ်းဆီး ထိန်းသိမ်းခံရသူများလွှတ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီ ရရှိ‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ဖျက်သိမ်း‌ရေး၊ ဒီမိုက‌ရေစီ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေတစ်ရပ်‌ပေါ်‌ပေါက်‌ရေးနှင့်ဘဝတူတိုင်းရင်းသားများ စည်းလုံးညီညွတ်‌ရေး စသည်ဖြင့် ‌ကြွေး‌ကြော်ခဲ့ကြသည်။

၎င်း ဂုဏ်ပြု ခြင်း နှင့် ဝတ်ပြုဆု‌တောင်းပွဲသို့ ‌ဒေသခံ ‌ကျေးရွာသားများ၊ နယ်‌မြေခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ဖွဲ့ဝင်များ၊ KNU ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၂၀ဝ နီးပါတက်‌ရောက်ခဲ့ကြသည်။