မတ်လ ၈ ရက်၊ ၂၀၂၁။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၇စုရှိ ရွာပေါင်း ၂ဝမှ ဒေသခံလူထု သုံးထောင်နီးပါး ပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ၂၀၂၁ခုနှစ်၊ မတ်လ ၈ရက်နေ့တွင် ကျောက်ကြီးမြို့သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ချီတက်ဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းအား ကျောက်ကြီးမြို့အဝင်၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပိတ်ဆို့တားဆီးထားပြီး မြို့တွင်းအဝင်မခံဘဲ ပစ်ခတ်လူစုခွဲရန် ပြောဆိုသဖြင့် နေ့လည် ၁၂နာရီ ခန့်အချိန်တွင် ဆန္ဒပြသူများက ငြိမ်းချမ်းစွာ လူစုခွဲပြီး ပြန်လည်ဆုတ်ခွာခဲ့ကြသည်။



















