Home သတင်း CDM တွင်ပါဝင်သည့် သံ‌တောင်ကြီး ‌ထွေအုပ်ဝန်ထမ်း ၄၆ ဦး တရားဝင်အစိုးရတက်မှ လစာထုတ်မည်

CDM တွင်ပါဝင်သည့် သံ‌တောင်ကြီး ‌ထွေအုပ်ဝန်ထမ်း ၄၆ ဦး တရားဝင်အစိုးရတက်မှ လစာထုတ်မည်

1859

မတ်လ ၂ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဝန်ထမ်း ၄၆ ဦးသည် CDM (Civil Disobedience Movement) တွင် ပါဝင်ပြီး တရားဝင်အစိုးရ အာဏာပြန်ရမှသာ လစာထုတ်ယူသွားမည်ဖြစ်‌ကြောင်း အဆိုပါဝန်ထမ်းများက မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ CDM တွင်ပါဝင်သည့် ဝန်ထမ်းများအ‌နေဖြင့် ရုံးမတက်ခြင်းသည် မိမိတို့ရုံးကို စစ်တပ်က တပ်စွဲသိမ်းပိုက်ထားသည်သာမက အာဏာသိမ်း ‌ကောင်စီလက်‌အောက်တွင် မ‌နေလိုခြင်း‌ကြောင့် CDM တွင် ပါဝင်ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့ အ‌နေဖြင့် တရားဝင်အစိုးရနှင့်‌ရွေး‌ကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထား‌သော ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ (CRPH) ကိုသာ တာဝန်ခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့‌ကြောင့် အဆိုပါ ဝန်ထမ်း ၄၆ ဦး၏ လခ၊ လစာများကို ယခုကာလတွင် ထုတ်ယူမည် မဟုတ်ဘဲ တရားဝင်အစိုးရ အာဏာပြန်ရမှသာ ထုတ်ယူသွားမည်ဖြစ်ကာ လစာများ ‌ပျောက်ဆုံးပါက မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးရုံးတွင် ဆက်လက်တာဝန်ထမ်း ‌ဆောင်‌နေသူများက တာဝန်ခံရမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

အဆိုပါ ဝန်ထမ်းများ၏ ထုတ်ပြန်စာကို ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားပြု‌ကော်မတီ (CRPH) ထံသို့ ‌ပေးပို့ထားပြီး ‌ကော်မတီ၏ CDM supporting Team က လက်ခံရရှိထား သည်ဟု အမည်မ‌ဖော်လိုသည့် အဖွဲ့ဝင်တဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သံ‌တောင်ကြီးမြို့နယ် CDM တွင်ပါဝင်သည့် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ စည်ပင်သာယာ‌ရေးနှင့် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်း စုစု‌ပေါင်း ၂၀ဝ ဦးဝန်းကျင်ရှိပြီး ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လာရန် အမျိုးမျိုး ‌ပြောဆိုစည်းရုံးမှုများလည်းရှိ‌ကြောင်း သိရသည်။