Home သတင်း ၁၂နိုင်ငံမှ ကာကွယ်‌ရေးဦးစီးချုပ်များ မြန်မာနိုင်ငံရှိ စစ်‌ကောင်စီအကြမ်းဖက်မှုကို ကန့်ကွက်

၁၂နိုင်ငံမှ ကာကွယ်‌ရေးဦးစီးချုပ်များ မြန်မာနိုင်ငံရှိ စစ်‌ကောင်စီအကြမ်းဖက်မှုကို ကန့်ကွက်

2140
Photo: Internet

မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံတွင် အပြစ်မဲ့ ပြည်သူများကို ဥပ‌ဒေမဲ့ ကျူးလွန်‌နေသည့် စစ်‌ကောင်စီ၏ အကြမ်းဖက်မှုများကို ကန့်ကွက် ရှုတ်ချ‌ကြောင်း နိုင်ငံ ၁၂နိုင်ငံရှိ ကာကွယ်‌ရေးဦးစီးချုပ်များက မတ်လ ၂၈ရက်‌နေ့တွင် ပူးတွဲ‌ကြေညာချက် ထုတ်ပြန်ခဲ့ သည်။

အဆိုပါ‌ကြေညာချက်ကို အ‌မေရိကန်ပြည်‌ထောင်စု၊ က‌နေဒါ၊ ယူ‌ကေ(ယူနက်တက်ကင်းဒမ်း)၊ ဩစ‌တြေးလျား၊ နယူးဇီ လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂျပန်၊ အီတလီ၊ ဂျာမနီ၊ ဂရိစ်နှင့် ကိုရီးယားသမ္မတနိုင်ငံများ၏ ကာကွယ်‌ရေးဦးစီးချုပ်များ က ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် ၁၂နိုင်ငံမှ ကာကွယ်‌ရေးဦးစီးချုပ်များအ‌နေဖြင့် မြန်မာ့တပ်မ‌တော် လက်နက်ကိုင်တပ်ဖွဲ့များ (စစ်‌ကောင်စီ)နှင့် ဆက်စပ်ရာ လုံခြုံ‌ရေးတပ်ဖွဲ့များက လက်နက်မဲ့ ပြည်သူများအ‌ပေါ် ‌သေ‌လောက်သည့်အင်အားများ အသုံးပြုခြင်းကို ရှုတ်ချ‌ကြောင်း ‌ဖော်ပြထားသည်။

အရည်အချင်းပြည့် တပ်မ‌တော်တစ်ရပ်ဟူသည် နိုင်ငံတကာ စံနှုန်းကျင့်ဝတ်ကို လိုက်နာရပြီး ပြည်သူလူထုအ‌ပေါ် အန္တရာယ်မပြုဘဲ ကာကွယ်‌စောင့်‌ရှောက်ရန် တာဝန်ရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန်နှင့် ယင်းလုပ်ရပ်များ‌ကြောင့် ဆုံးရှုံးသွားခဲ့ သည့် မြန်မာပြည်သူလူထု၏ ‌လေးစားမှု၊ ယုံကြည်လက်ခံနိုင်မှု ပြန်လည်ရရှိ‌ရေး ‌ဆောင်ရွက်ရန်ကိုလည်း စစ်‌ကောင်စီ ထံ ၎င်းကာကွယ်‌ရေးဦးစီးချုပ်များ၏ ပူးတွဲထုတ်ပြန်ချက်တွင် တိုက်တွန်းထားခဲ့သည်။