Home သတင်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အတွင်းရှိ စစ်တပ်များ ထွက်ခွာ‌ပေး‌ရေး ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်‌တောင်းဆို

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အတွင်းရှိ စစ်တပ်များ ထွက်ခွာ‌ပေး‌ရေး ‌ဒေသခံများ ဆန္ဒထုတ်‌ဖော်‌တောင်းဆို

2796

မတ်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေ၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ ဘူးသို နှင့် လူ‌သော မြို့နယ် ရှိ‌ဒေသခံ ‌ကျေးရွာသား ၂,၅၀ဝ ‌ကျော်သည် ၎င်းတို့ ‌ဒေသတွင် စခန်းချ‌နေထိုင်ကြသည့် မြန်မာ့စစ်တပ်များ နယ်‌မြေ အတွင်းမှ ထွက်ခွာသွားရန် ယ‌နေ့ (မတ်လ ၂ ရက်)တွင် ဆန့်ကျင်ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

သံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ်နယ်‌မြေထဲရှိ ‌ဒေသခံ ‌ကျေးရွာ ၃၄ ရွာစု‌ပေါင်း၍ မြန်မာစစ်တပ်အ‌နေဖြင့် ၎င်းတို့၏ ‌ဒေသအတွင်း ကျူး‌ကျော် ဝင်‌ရောက်‌နေထိုင်၍ ၎င်းတို့၏ ငြိမ်းချမ်းစွာ အသက်ရှင်‌နေထိုင်‌ရေးအ‌ပေါ် ခြိမ်း ‌ခြောက်‌နေ‌သော‌ကြောင့် ယခုလိုဆန့်ကျင်ဆန္ဒ‌ဖော်ထုတ်ခြင်းဖြစ်‌ကြောင်း ဦး‌ဆောင်ပါဝင်သူများက ဆိုသည်။

ဆန္ဒ‌ဖော်ထုတ်မှုကို ဦး‌ဆောင်ပါဝင်သူ ‌နော်သဲ‌နေက “ကျမတို့ တကယ်လိုလားတာက ကျမတို့ သံလွင်ငြိမ်းချမ်း ‌ရေး ဥယျာဉ်‌မြေ‌ပေါ်မှာ စစ်တပ်ရှိတာကို မလိုလာဘူး။ ‌နောက်ပြီး ကျမတို့ကို ခြိမ်း‌ခြောက်ဖျက်ဆီးတာမျိုး မလိုလားဘူ။ ကျမတို့ ဌာ‌နေ ပြည်သူ‌တွေအ‌နေနဲ့ အ‌ကြောက်တရားမရှိ ‌အေး‌အေးချမ်းချမ်း‌နေထိုင်လိုတဲ့ အတွက် ဒီ‌နေ့ ဆန္ဒ‌ဖော်ထုတ်ခြင်းဖြစ်တယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် လက်ရှိ စစ်အာဏာသိမ်းမှုအ‌ပေါ် ဆန့်ကျင်ဆန္ဒ‌ဖော်ထုတ်‌နေကြသူများနှင့်လည်း ထပ်တူ ‌ထောက်ခံ ‌နေ‌ကြောင်း နှင့် ကရင်အမျိုးသားများ၏ လိုလားချက်များနှင့်အတူ ထပ်တူကျ‌ကြောင်းအပြင် နိုင်ငံတကာမှ လည်း ပြည်တွင်း‌ပြောင်းလဲ‌ရေးအတွက် ပြည်သူများ၏ အသံကို နား‌ထောင်‌ပေးရန် ‌နော်သဲ‌နေက ဆက်‌ပြောသည်။

ယ‌နေ့ ဆန္ဒ‌ဖော်ထုတ်မှုကို သံလွင်မြစ်နံ‌ဘေးတွင် ‌နေထိုင်ကြသည့် ‌ဒေသခံများမှ မြစ်ရိုးတစ်‌လျှောက် စက် ‌လှေများဖြင့် အစုန်အဆန်တက်၍ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြပြီး မဟာလူမျိုးကြီး ဝါဒနှင့် စစ်အာဏာရှင်စနစ် ကျရှုံးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရန်၊ ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ထောင်ရန်၊ တန်းတူ‌ရေးနှင့် ကိုယ်ပိုင် ပြဌာန်း ခွင့်ရှိရန်၊ ကမာ္ဘ့ကုလသမဂ္ဂ နှင့် နိုင်ငံတကာမှ စစ်‌ကောင်စီနှင့် ပူး‌ပေါင်းခြင်းမပြုရန်အပြင် ‌ဒေသတွင်း စစ်တပ်စခန်းများ ပြန်လည်ဆုတ်ခွာရုပ်သိမ်း‌ပေးရန် ဆိုင်းဘုတ်ကိုင်‌မြောက်ကာ ‌တောင်းဆိုခဲ့ကြသည်။

မြန်မာစစ်တပ်အ‌နေဖြင့် နယ်‌မြေအတွင်း ကျူး‌ကျော်ဝင်‌ရောက်‌နေထိုင်ခြင်းသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ ‌နေ ထိုင်နိုင်‌ရေးတန်ဘိုးနှင့်ကိုက်ညီမှုမရှိဘဲ အရပ်သားများအ‌ပေါ်ပစ်ခတ်တိုက်ခိုက်မှုများအား ရပ်တန့်ရန်နှင့် ၎င်းတို့ နယ်‌မြေအတွင်း ချက်ချင်းထွက်ခွာသွားရန် ‌ဒေသခံများမှ ထုတ်ပြန်ချက်ထုတ်၍ ‌တောင်းဆိုခဲ့ကြသည်။

‌ဒေသခံများသည် ၎င်းတို့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်အပြည့်အဝရှိ‌သော သံလွင်ငြိမ်ချမ်း‌ရေးဥယျာဉ် နယ်‌မြေတွင် ‌နေထိုင်ကြသူများဖြစ်ပြီး နိုင်ငံ‌ရေးအရ ၎င်းတို့သာ တရားဝင် အာဏာရှိသူများသာဖြစ်‌ကြောင်းနှင့် ဗဟိုချုပ်ကိုင်မှုချမှတ်ထား‌သော အုပ်ချုပ်‌ရေး စနစ်အားလုံးကို ဆန့်ကျင်‌ကြောင်းလည် ထုတ်ပြန်ချက်၌ ဆက် လက် ‌ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်၏ အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချ‌ကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွင်းခြင်းကိုလည်း အပြင်းအထန် ကန့် ကွက်‌ကြောင်း၊ စစ်အာဏာရှင် ဆန္ဒပြသူများနှင့်အတူ ရပ်တည် ‌ထောက်ခံ‌ကြောင်း၊ တန်းတူညီမျှအခွင့်အ‌ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်‌သော ဖက်ဒရယ် ပြည်‌ထောင်စုရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်‌ကြောင်း နှင့် နိုင်ငံတကာမှ ၎င်းတို့ ၏ ရုန်းကန် ‌တောင်းဆိုမှုများကို ရပ်တည်‌ထောက်ခံသွားရန်လည်း ဆက်လက်‌တောင်းဆိုခဲ့ကြသည်။

အလားတူ KNU နယ်‌မြေ ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ၊ နို‌ဂေါ်‌ကျေးရွာအုပ်စု၊ ထိုက်ထူ ‌ကျေးရွာတွင်လည်း ယ‌နေ့ မတ်လ ၂ရက်‌နေ့တွင် ‌ကျေးရွာ‌ပေါင်း(၁၁)ရွာမှ လူဦး‌ရေ (၁,၀၀၀) ‌ကျော်ပါဝင်၍ လှည်း၊ ဆိုင်ကယ်များဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေဖျက်သိမ်း‌ရေး၊ Federal Democracy နိုင်ငံထူ‌ထောင်‌ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူများ လွှတ်‌ပေး‌ရေး၊ စစ်‌ကောင်စီမှ ချမှတ်ထား‌သော အုပ်ချုပ်‌ရေးအလိုမရှိ၊ တိုင်းရင်းသား‌ဒေသအတွင်း နယ်ချဲ့ဝါဒများအလိုမရှိ စသည့် ‌တောင်းဆိုချက်များဖြင့် ထိုက်ထူ‌ကျေးရွာမှ ‌တောခို‌ကျေးရွာအထိ လှည့်လည် ဆန္ဒပြကြသည်။