Home သတင်း ဗဟို‌ကော်မတီဝင်တစ်ဦးနှင့် မြို့နယ်ဥက္ကဌအပါအဝင် အဖွဲ့ဝင်ရှစ်ဦး ကရင်ပြည်သူ့ပါတီမှ နုတ်ထွက်

ဗဟို‌ကော်မတီဝင်တစ်ဦးနှင့် မြို့နယ်ဥက္ကဌအပါအဝင် အဖွဲ့ဝင်ရှစ်ဦး ကရင်ပြည်သူ့ပါတီမှ နုတ်ထွက်

2672

မတ်လ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်သူ့ပါတီ (KPP) ၏ ဗဟို‌ကော်မတီဝင် ‌စော‌မောင်တုတ်နှင့် ဧရာဝတီတိုင်း‌ဒေသကြီး ကျိုက်လတ်မြို့နယ် ပါတီဥက္ကဌ ‌စော‌မောင်ကြီးအပါအဝင် မြို့နယ်အလုပ်အမှု‌ဆောင်ရှစ်ဦး ပါတီမှ တရားဝင်နုတ်ထွက်လိုက်‌ကြောင်း ကာယံကာရှင်များက ‌ကေအိုင်စီသို့ မတ် ၅ ရက်တွင် အတည်ပြု‌ပြောသည်။

၎င်းတို့ ပါတီမှ နုတ်ထွက်ရခြင်းမှာ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁ ရက်တွင် တပ်မ‌တော်က နိုင်ငံ့‌ခေါင်း‌ဆောင်များကို ဖမ်းဆီ၍ အာဏာသိမ်းပြီး‌နောက် ဖွဲ့စည်းလိုက်သည့် စစ်‌ကောင်စီတွင် ပါတီ‌ခေါင်း‌ဆောင်များ သွား‌ရောက်တာဝန်ထမ်း‌ဆောင်‌နေသည့်အ‌ပေါ် ရပ်တည်ချက်မတူသည့်အတွက်ဖြစ်သည်ဟု ဆိုသည်။

“အစကတည်းက ပါတီကို ပြည်သူ‌တွေက အမြင်မရှင်းတာ‌တွေရှိ‌နေတယ်။ အခုလို သွားပါဝင်‌တော့ ပိုအမြင်မကြည်ဖြစ်ကုန်တယ်။ ကျွန်‌တော်က ပါတီကနုတ်ထွက်‌ကြောင်း ပါတီတာဝန်ရှိသူ‌တွေကို ဖုန်းဆက် လှမ်း‌ပြောလိုက်တယ်။ သူတို့ကလည်း လူတိုင်း ကိုယ့်အမြင်နဲ့ကိုယ်ရှိတာကို လက်ခံပါတယ် လို့‌ပြောပါတယ်” ဟု အငြိမ်းစား အလယ်တန်း‌ကျောင်းအုပ်ဆရာဖြစ်သူ ဆရာ‌စော‌မောင်တုတ်က ‌ပြောသည်။

၎င်းသည် ၂၀၁ဝ ပြည့်နှစ်ကတည်းက ကရင်ပြည်သူ့ပါတီသို့ဝင်‌ရောက်ခဲ့ပြီး ‌မှော်ဘီမြို့နယ် ပါတီအလုပ်အမှု‌ဆောင်‌ကော်မတီဝင်၊ ထို့‌နောက် ပါတီ ဗဟို‌ကော်မတီဝင်အဖြစ် တာဝန်‌ပေးခံခဲ့ရပြီး ပါတီပြန်ကြား‌ရေး ‌ကော်မတီတွင် နုတ်မထွက်ခင်အချိန်ထိ တာဝန်ထမ်း‌ဆောင်ခဲ့သလို ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ပါတီ‌အောင်နိုင်‌ရေးအတွက် လုပ်‌ဆောင်‌ပေးခဲ့သူတစ်ဦးဖြစ်‌ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး ကျိုက်လတ်မြို့နယ် KPP ပါတီ ဥက္ကဌနှင့် မြို့နယ်ပါတီ အလုပ်အမှု‌ဆောင်‌ကော်မတီဝင် ရှစ်ဦးတို့သည် ပါတီမှ နုတ်ထွက်‌ကြောင်း တိုင်း‌ကော်မတီသို့ အ‌ကြောင်းစာ‌ပေးပို့လိုက်သည်ဟု မြို့နယ်ဥက္ကဌ ‌စော‌မောင်ကြီးက ‌ပြောသည်။

“ကျ‌နော်တို့ ကျိုက်လတ်မှာ အလုပ်အမှု‌ဆောင် ရှစ်ဦး နုတ်ထွက်စာတိုင်းကို‌ပေးပို့လိုက်တယ်။ ကျ‌နော်က ဖျာပုံ ခရိုင်တာဝန်လည်း ယာယီလုပ်‌ဆောင်ခဲ့ပါတယ်။ ဖျာပုံမြို့နယ် အလုပ်အမှု‌ဆောင် အဖွဲ့လည်း နုတ်ထွက်‌တော့မယ်လို့ ကျ‌နေ်ာ့ကို ဖုန်းဆက်‌ပြောခိုင်းလို့ တိုင်းတာဝန်ရှိ သူ‌တွေကို ဖုန်းဆက်‌ပြောလိုက်ပါတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ညောင်တုန်း၊ အဂင်္ပူ၊ ဟသင်္တ မြို့နယ်တို့မှ KPP ပါတီဝင်များလည်း နုတ်ထွက်မှုရှိ‌ကြောင်း သတင်းများထွက်‌ပေါ်‌နေ‌သော်လည်း ‌ကေအိုင်စီသတင်းဌာနအ‌နေဖြင့် အတည်ပြုနိုင်‌ရေး စုံစမ်းလျက်ရှိသည်။

လက်ရှိ ကရင်ပြည်သူ့ပါတီ ဥက္ကဌ ‌စောထွန်း‌အောင်မြင့်သည် အာဏာသိမ်း‌ကောင်စီတွင် တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးဌာနတွင် ပြည်‌ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသလို၊ ပါတီကိုယ်စားလှယ်‌လောင်းတဦးဖြစ်သူ မန်းငြိမ်း‌မောင်သည်လည်း တပ်မ‌တော်က အာဏာသိမ်းလိုက်ပြီး‌နောက် ဖွဲ့စည်းလိုက်သည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်မှု‌ကောင်စီတွင် အရပ်သားကိုယ်စားလှယ်အဖြစ် ပါဝင်‌နေသည်။

ယခုလို ပါဝင်‌နေသည့်အ‌ပေါ် ကရင်လူငယ်များက ‌ကြေညာချက်ထုတ်ကန့်ကွက်မှုများရှိသလို ကရင်ပြည်သူများကလည်း ‌ဝေဖန်မှုများရှိကာ ပါတီဝင်များလည်း တရားဝင်နုတ်ထွက်မှုများ ပြုလုပ်‌နေ‌ကြောင်း သိရသည်။