Home သတင်း စစ်‌ကောင်စီအဖွဲ့ဝင် မန်းငြိမ်း‌မောင်နှင့် ‌စောထွန်း‌အောင်မြင့်ကို လူမှုပြစ်ဒဏ်‌ပေးရန် ကရင် လူငယ်အဖွဲ့ ‌တောင်းဆို

စစ်‌ကောင်စီအဖွဲ့ဝင် မန်းငြိမ်း‌မောင်နှင့် ‌စောထွန်း‌အောင်မြင့်ကို လူမှုပြစ်ဒဏ်‌ပေးရန် ကရင် လူငယ်အဖွဲ့ ‌တောင်းဆို

15027

မတ်လ ၂၄ ရက်။ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်းစစ်‌ကောင်စီ၏ ‌ပေးအပ်သည့် ရာထူးကိုလက်ခံသည့် စစ်‌ကောင်စီအဖွဲ့ဝင် မန်းငြိမ်း‌မောင်နှင့် ‌စောထွန်း‌အောင်မြင့်တို့ကို လူမှုပြစ်ဒဏ်ချက်ချင်း‌ပေးရန် ကရင်လူငယ် ကွန်ရက် (KYN)က ယ‌နေ့ မတ် ၂၃ရက်တွင် ထုတ်ပြန်ချက်ထုတ်ပြီး ‌တောင်းဆိုလိုက်သည်။

အဆိုပါ ပုဂ္ဂိုလ် နှစ်ဉီးသည် ၂၀၂၀‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ(KPP) ပါတီကိုယ် စားပြုပြီး ဝင်‌ရောက်‌ရွေးချယ်ခံခဲ့ကာ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေးအတွက် ကရင်လူငယ်များမှ စွမ်းစွမ်းတမံကူညီ‌ဆောင်ရွက်ခဲ့‌သော်လည်း အာဏာသိမ်းစစ်‌ကောင်စီနှင့် ပူး‌ပေါင်း လိုက်ခြင်းသည် ကရင်လူငယ်များနှင့် မဲထည့် ‌ထောက်ခံသူများကို သစ္စာ‌ဖောက် လိုက်ခြင်းဖြစ်‌ကြောင်း ကရင်လူငယ်ကွန်ရက် ထုတ်ပြန်‌ပြောဆိုသည်။

ကရင်လူမျိုးအပါအဝင် အပြစ်မဲ့ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်သည့် အကြမ်း ဖက်စစ်‌ကောင်စီနှင့် ပူး‌ပေါင်းသူ မန်းငြိမ်း‌မောင်နှင့် ‌စောထွန်း‌အောင်မြင့်တို့ကို ကရင်သ မိုင်းတွင် အဆိုးဝါးဆုံး နှင့် ရက်စက်ယုတ်မာသည့် စစ်ရာဇဝတ်‌ကောင်အဖြစ်လည်း ကရင်လူငယ်များသတ်မှတ်လိုက်သည်ဟု ၎င်းထုတ်ပြန်ချက်တွင်‌ဖော်ပြသည်။

“ စစ်‌ကောင်စီကိုအ‌ထောက်အပံ့‌ပေးတဲ့ မည်သည့် ပုဂ္ဂိုလ်မဆို အဖွဲ့အစည်းမဆို၊ ပါတီမဆို ကရင်သစ္စာ‌ဖောက်လို့သတ်မှတ်ရမှာပဲ၊ မန်းငြိမ်း‌မောင်နဲ့ ‌စောထွန်း‌အောင်မြင့်ကို ပိုပြီးအဓိက ထားလုပ်တာက သူတို့က လူသိရှင်ကြားဖြစ်တယ်။ တစ်ခြား‌သောလူ‌တွေကလည်း ‌နောက်‌နောင် ကရင်လူမျိုးအ‌ပေါ်သစ္စာရှိ‌အောင် သစ္စာမ‌ဖောက်‌အောင်အတွက်ဖြစ်တယ်။ ပြီး‌တော့ သူတို့အပါအဝင် သူတို့‌ဆွေမျိုး‌တွေကိုလည်း ကရင်နဲ့ပတ်သက်တဲ့‌နေ့‌တွေမှာ မဖိတ်‌ခေါ်ဘဲ ဖယ်ထားလိုက်မှာဖြစ်တယ်” ကရင်လူငယ်ကွန်ရက်မှ ‌ပြောခွင့်ရသူတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်နှစ်ဉီးသည် တစ်ဦးချင်းစီအရ‌သော်လည်း‌ကောင်း ၊ ပါတီအရ ‌သော်လည်း‌ကောင်းအဖွဲ့အစည်းအရ‌သော်လည်း‌ကောင်း၊ လူမှု‌ရေး ၊ စီးပွား‌ရေး နှင့်အမျိုးသား‌ရေးဆိုင်ရာ ဆက်စပ်ပတ်သက်မှုအားလုံးကိုချက်ချင်းရပ်တန့်ရန် နှင့် လုံးဝပတ်သက်မှုမပြုရန် ကရင်လူငယ်ကွန်ရက်က တိုက်တွန်းထားသည်။

ထို့အပြင် ကရင်လူမျိုးများအပါအဝင် ပြည်သူတစ်ရပ်လုံးကို လျစ်လျူရှုပြီး အာဏာရာထူးကို မက်‌မောကာ အကြမ်းဖက်စစ်အုပ်စုနှင့် ပူး‌ပေါင်းသည့် ကရင်လူမျိုးများကို ကရင်လူငယ်မှ ဆက်လက်‌ဖော်ထုတ်သွားမည်ဖြစ်ပြီး ကရင်လူမျိုးအ‌ပေါ် သစ္စာ‌ဖောက်သည့် မည်သူမဆို ဆန့်ကျင်‌တော်လှန်သွားမည်ဖြစ်‌ကြောင်း ကရင်လူငယ်က ထုတ်ပြန်ထားသည်။