Home လူထုအသံ ပေးစာကဏ္ဍ ကရင်ပြည်နယ်မှ CDM ဝန်ထမ်းတစ်ဦး၏ ‌ပေးစာ

ကရင်ပြည်နယ်မှ CDM ဝန်ထမ်းတစ်ဦး၏ ‌ပေးစာ

2514

ပထမဆုံး ကရင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင်ရှိ‌သော ဝန်ထမ်းများကို “CDM မှာ ပါဝင်ဖို့ အသိပညာရှိစို့” ‌လေးစားစွာ တိုက်တွန်းပါရ‌စေ။

မြန်မာနိုင်ငံ၏ လတ်တ‌လောဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေမှာ ပြည်သူ့ဝန်ထမ်းထဲက CDM မလုပ်ရ‌သေး‌သော ဝန်ထမ်းများအ‌နေဖြင့် CDM ပါဝင်လာသင့်ပြီဖြစ်ပါသည်။

အဘယ်‌ကြောင့်ဆို‌သော် သန်း (၅၀)‌ကျော်‌သော ပြည်သူပြည်သားတို့၏ အနာဂတ်လှပရန် လက်ရှိ CDM တွင် ပါဝင်‌သော ဝန်ထမ်း အများအပြားရှိ‌နေ‌သော်လည်း တိုင်းပြည်ကယ်တင်ရန်အတွက် ရာခိုင်နှုန်းအနည်း ငယ်ရရှိရန် လိုအပ်လျက်ရှိပါသည်။ ယခုအ‌ခြေအ‌နေမှာ စစ်အာဏာရှင်ယန္တရား ယိုယွင်းပျက်စီးလာပြီး ဌာန အလိုက် ရုံးပိုင်းဆိုင်ရာကိစ္စရပ်များ လုံးဝ ရပ်တန့်သွားရန် အာဏာရှင်၏ တရားမဝင်‌သော အမိန့် ညွှန်ကြား ချက်လုပ်ငန်းတစ်ခုကို ‌ဆောင်ရွက်‌ပေး‌နေရသည်ကို ‌တွေ့ရှိရပါသည်။

လက်ရှိ အ‌ခြေအ‌နေမှာ အချို့‌သော CDM မလုပ်ရ‌သေး‌သော ဝန်ထမ်းများသည် အဘယ်‌ကြောင့် ‌စောင့်‌နေရ သနည်း။ ဓမ္မ၊ အဓမ္မအလုပ်ကို ခွဲခြားသိမြင်နိုင်‌လောက်ပြီ ထင်ပါသည်။ အဘယ်‌ကြောင့် ‌တွေ‌ဝေ‌နေရပါသ နည်း။ ကျ‌နော့်အမြင်မှာ အချက် (၂)ချက်‌ကြောင့် ‌တွေ‌ဝေ‌နေသည်ဟု ထင်ပါသည်။

(၁) မိသားစု စားဝတ်‌နေ‌ရေး
(၂) မိမိဘဝနှင့် မိသားစုဘဝ လုံခြုံ‌ရေး
စ‌သော အချက်(၂)ချက်နှင့် ‌တွေ‌ဝေ‌နေသည်ဟု ထင်ပါသည်။

အဆိုပါ ‌တွေ‌ဝေ‌နေသည့် ဝန်ထမ်းများကို ရှင်းပြပါ့မည်။ (၁) စားဝတ်‌နေ‌ရေးအတွက် ပြည်သူ့အစိုးရလက် ထက်က လစာ ၂လစာ ကြိုတင်ထုတ်‌ပေးထားပြီဖြစ်သည့်အတွက် စားဝတ်‌နေ‌ရေး ကြီးကြီးမားမား မရှိဟု ယူဆပါသည်။ (၂) မိမိဘဝနှင့် မိသားစုဘဝလုံခြုံ‌ရေးအတွက် ရက်အနည်းငယ်သာ အနစ်နာခံ၊ အပင်ပန်းခံရ မည် ဖြစ်ပါသည်။ ထို့အပြင် CDM လုပ်‌နေ‌သော ဝန်ထမ်းများ စားဝတ်‌နေ‌ရေးအတွက် ထိုက်သင့်သ‌လောက် လစာများကို ‌ထောက်ပံ့‌ပေး‌နေမည်ကို မျက်မြင်‌တွေ့မြင်‌နေရပါသည်။

CDM ‌ဆောင်ရွက်‌နေ‌သော ဝန်ထမ်းများလည်း ပြည်သူ့အစိုးရဘက်မှ တိုင်းရင်းသား‌ခေါင်း‌ဆောင် လက်နက် ကိုင်အပိုင်း ကူညီ‌စောင့်‌ရှောက်ရမည့် တာဝန်ရှိ‌ကြောင်း CDM မပါဝင်‌သေး‌သော ဝန်ထမ်းများလည်း သိရှိထား ပြီးဖြစ်သည်ဟု ‌မျှော်လင့်ပါသည်။ CDM မပါဝင်‌သေး‌သော ဝန်ထမ်းများအ‌နေဖြင့် ပြည်သူ့အသက်ကို ကယ် တင်‌ပေး‌သော ပုဂ္ဂိုလ်ဟု ထင်မြင်ပါသည်။ ယခုအချိန်မှာ ပြည်နယ်နှင့် တိုင်း(၇)တိုင်းအတွင်းရှိ‌သော ဝန်ထမ်း များအားလုံး အမြင်မှန်ရသင့်ပြီဟု မြင်ပါသည်။ အထူးသဖြင့် စစ်အာဏာရှင်လက်ထက်က တိုင်းရင်းသား ‌ဒေသ ပြည်နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက် စ‌တေးရ၊ ဖိနှိပ်ခံ ‌အောက်ကျ‌နောက်ကျ‌နေခဲ့ရသည်မှာ သိနှင့်ထားပြီးလည်း ဖြစ်သည်။

လက်ရှိတွင် စစ်အာဏာရှင် တွန်းလှန်ဆန္ဒပြပွဲမှာ အသက်စ‌တေးခဲ့ကြရသူများမှာ ပြည်မ‌ဒေသမှ ပြည်သူနှင့် CDM ဝန်ထမ်းများ အများဆုံးဖြစ်သည်။ ၎င်းတို့၏ ကူရာမဲ့အချိန်တွင်ပင် စွန့်စားရဲ‌သေးလျှင် (အများအား ဖြင့်)ဝန်းရံ‌ပေးသူရှိသည့် ပြည်နယ်‌ဒေသရှိ ဝန်ထမ်းများအ‌နေဖြင့် အဘယ်‌ကြောင့် ‌တွေ‌ဝေ‌နေပါသနည်း။ ယခု အချိန်၌ နိုင်ငံတကာမှလည်း ပိတ်ဆို့အ‌ရေးယူမှု အ‌တော်များများ ‌ဆောင်ရွက်ထားသည်ကိုလည်း သိရှိထားပြီ ဖြစ်ပါသည်။ ထို့‌ကြောင့် သင်တို့ CDM မလုပ်ရ‌သေး‌သော ဝန်ထမ်းများအ‌နေဖြင့် စစ်ကျွန်ဖိနပ်‌အောက်မှာ ဆက်ရှိရန် မစဉ်းစားဘဲ CDM လုပ်ကြရန် အ‌လေးအနက် တိုက်တွန်းလိုပါသည်။

စစ်အာဏာရှင်အစိုးရလက်ထက် ဝန်ထမ်းများ မဆိုထားဘိ။ ယခု လက်ရှိဝန်ထမ်းများမှာ စစ်ယူနီ‌ဖောင်းချွတ် များ၏ သားသမီးဝန်ထမ်းနှင့် တိုင်းရင်းသား‌ဒေသခံ ပြည်သူ့ဝန်ထမ်းဆိုပြီး နှစ်မျိုးရှိ‌နေတာ သိပြီးဖြစ်မှာပါ။ ‌ဝေးလံ‌ခေါင်ပါး အန္တရာယ်များ‌နေရာမှာ တာဝန်ထမ်း‌ဆောင်တာ ရှိပါသလား။ ဥပမာ (နတလ)ဌာနတွင် အကြီးအကဲအားလုံးမှာ ယူနီ‌ဖောင်းချွတ်ချည်းဆိုသည်ကို သိကြပြီးသား ဖြစ်မှာပါ။ အဆိုပါဌာန စဖွဲ့စဉ်က ပြည်နယ်နှင့် ‌ဝေးလံ‌ခေါင်ပါး‌သော မြို့နယ်ငယ်တွင် ယူနီ‌ဖောင်းချွတ်မဟုတ်‌သော အရာရှိငယ်ကို ‌ဒေသခံ တိုင်းရင်းသားပြည်သူ့ဝန်ထမ်းသာ ထားရှိပါသည်။ ‌နောက်ပိုင်း ယူနီ‌ဖောင်းချွတ်များ ရာထူးတိုး၍ ‌နေရာမရှိ သည့်အခါ ခရိုင်၊ မြို့နယ်ကြီးအဆင့်တွင် ပြန်ထားသည်။ သူတို့‌နေရာရှိ‌အောင် ဖွဲ့စည်းလိုက်သည်။ မြို့နယ်ခွဲ တွင်ရှိ‌သော ရုံးဌာနများ ပယ်ဖျက်ပြီး အရာရှိငယ် တိုင်းရင်းသားပြည်သူ့ဝန်ထမ်းများကို ၎င်းတို့လက်‌အောက် တွင် ပြန်ထားသည်။

လက်ရှိ နိုင်ငံတကာ အလှူရှင်၊ ‌ထောက်ပံ့‌ငွေ၊ အတိုးနည်း‌ချေး‌ငွေများ ပိတ်ဆို့ထားပြီး နတလ သည် ‌ဝေးလံ‌ခေါင်ပါး‌ဒေသမှာ လမ်း၊ တံတားလုပ်‌ဆောင်ကာ ‌ဒေသခံပြည်သူက လက်မခံ၍ ‌ငွေရှိ‌သော်ငြားလည်း လုပ်ငန်းရှိမည် မဟုတ်ပါ။ လုပ်ငန်းမရှိ‌တော့သည့် ဌာနက ကြာကြာ ဘယ်ခံနိုင်မည်နည်း။ အလုပ်မရှိဘဲ ဌာနတစ်ခုလုံး လစာကို ပုံမှန်အတိုင်း ‌ပေးမည်မဟုတ်ပါ။ ထိုအရာလည်း တိုင်းရင်းသား‌ဒေသခံဝန်ထမ်းများ သိပြီးသား ထင်ပါသည်။

ထို့အပြင် စစ်အာဏာရှင်လက်ထက်က မရှိသည့် ဌာနများကိုလည်း ‌ပြောချင်ပါသည်။ ဒီမိုက‌ရေစီရရှိပြီးမှ ပြည်တွင်းပြည်ပ အလှူရှင်နှင့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်သည့်ဌာနများ မိမိဌာန မည်မျှကြာရှည်ခဲ့မည် နည်း။ အသိပညာရှိလျှင် စဉ်းစား၍ရပြီဟု ထင်ပါသည်။

နိဂုံးချုပ်အ‌နေဖြင့် ‌ပြောလိုသည်မှာ ဝန်ထမ်းဟူသည် ပြည်သူ့အတွက် ဝန်‌ဆောင်မှု‌ပေး‌နေ‌သော အဖွဲ့အစည်း ဖြစ်သည်။ ပြည်သူက လစာ‌ပေးပြီး အားကိုးခြင်းဖြစ်ပါသည်။ ဤသည်ကို သိလျက်နှင့် မသိနားမလည် ဟန်‌ဆောင်ကာ လုပ်ခလစာယူပြီး ကိုယ့်မိသားစုတစ်ခုတည်း ‌ကောင်းစား “ဘယ်သူ‌သေ‌သေ င‌တေ မာရင် ပြီး‌ရော” အ‌တွေးမျိုး မ‌တွေး‌စေလိုပါ။ မ‌ကောင်းမှုဖယ်၊ ‌ကောင်းမှုကယ် စိတ်ထားပြီး သုက္ခ‌စေလွှတ်ရာထံ သံသရာဝယ် အမှားအမှန် ခွဲတတ်ရန် ပညာအသိ၊ သတိရှိဟူ‌သော ဘုရားရှင်ဆုံးမစကားနှင့်အတူ သိမြင်နိုင် ‌သော ပြည်သူ့ဝန်ထမ်း‌ကောင်းတစ်ဦး ဖြစ်ပါ‌စေသတည်း။

(အ‌ရေး‌တော်ပုံ ‌အောင်ရမည်)