Home သတင်း ‌ရေးမြို့နယ် ကရင်တိုင်းရင်းသားသပိတ်စစ်‌ကြောင်း ဖြိုခွင်းခံရ၊

‌ရေးမြို့နယ် ကရင်တိုင်းရင်းသားသပိတ်စစ်‌ကြောင်း ဖြိုခွင်းခံရ၊

1578

မတ်လ ၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ပြုလုပ်သည့် မွန်ပြည်နယ် ‌ရေးမြို့နယ်လုံးဆိုင်ရာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွင် ‌ရေးမြို့နယ်မှ ကရင်တိုင်းရင်းသားများ သပိတ်စစ်‌ကြောင်းလည်း ပူး‌ပေါင်းပါဝင်ခဲ့သည်။

စစ်တပ်နှင့်ရဲများမှ ပူး‌ပေါင်းပြီး ရာဘာကျည်များဖြင့် လူစုခွဲ ဖြိုခွင်းမှုကို ခံခဲ့ရ‌သော်လည်း ‌ရေးမြို့ခံများ အကူအညီ‌ကြောင့် ဆန္ဒပြသူအချို့ ဖမ်းဆီးမိခဲ့ရာမှ လွတ်‌မြောက်လာ‌ကြောင်း သပိတ်တာဝန်ရှိသူများက ‌ကေအိုင်စီသို့‌ပြောသည်

ကရင်သပိတ်စစ်‌ကြောင်းကိုဦး‌ဆောင်သူ ကရင်လူငယ်တစ်ဦးက “ဆန္ဒပြပြီးခါနီးမှာ ‌ရေးမြို့မ‌ဈေး ကမ်းနားအ‌ရောက် ရာဘာကျည်နဲ့ ကျ‌နော်တို့ ပစ်ခံရတယ် ။ ကရင်လူငယ် ၃ ဦးအဖမ်းခံထိတယ်။ ဒါ‌ပေမယ့် ‌နောက်ပိုင်း‌တော့ ပြန်လွှတ်‌ပေးလိုက်တယ် ” ဟု ‌ကေအိုင်စီသို့‌ပြောသည်

ယ‌နေ့ပြုလုပ်သည့် ‌ရေးသပိတ်တွင် ကရင်အများဆုံးပါဝင်ခဲ့ပြီး အခြား မြို့ခံ တိုင်းရင်းသားများလည်း ပါဝင်ခဲ့‌ကြောင်း သိရသည်