Home သတင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဆက်လက်အ‌ကောင်အထည်‌ဖော်သင့် မ‌ဖော်သင့် အပစ်ရပ်အဖွဲ့များအကြား ‌ဆွေး‌နွေး‌နေ

ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဆက်လက်အ‌ကောင်အထည်‌ဖော်သင့် မ‌ဖော်သင့် အပစ်ရပ်အဖွဲ့များအကြား ‌ဆွေး‌နွေး‌နေ

2469

‌ဖေ‌ဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ရွေး‌ကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်အာဏာသိမ်းပြီး‌နောက် ယခင်အ‌ကောင်အထည်‌ဖော်‌ဆောင်လာခဲ့ သည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို ဆက်လက်အ‌ကောင်အထည်‌ဖော်သင့် မ‌ဖော်သင့်နှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA) အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ယ‌နေ့ အထူးအစည်းအ‌ဝေးပွဲတစ်ရပ်‌ခေါ်ယူ ကျင်းပ၍ ‌ဆွေး‌နွေး ‌နေကြ‌ကြောင်းသိရသည်။

အပစ်ရပ် ၁ဝဖွဲ့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)‌ခေါင်း‌ဆောင်များမှ အထူးအစည်းအ‌ဝေး ပွဲတစ်ရပ်ကို ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ (၁၉) ရက်‌နေ့၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့် စတင်ကျင်း ပလျက်ရှိပြီး အာဏာသိမ်း စစ်အုပ်ချုပ်‌ရေးကာလတွင် ငြိမ်းချမ်း‌ရေး ဆက်လက် ‌ဆွေး‌နွေးသင့် မသင့်ကို ‌ဆွေး‌နွေး ညှိနှိုင်း ဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်း PPST ၏ ယာယီအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အစည်းအ‌ဝေးအဖွင့်မိန့်ခွန်း၌ ယခုလို ထည့်သွင်း‌ပြောဆိုထားသည်။

“လူထု‌ရွေး‌ကောက်ခံ အစိုးရ မ‌ပေါ်‌ပေါက်‌သေးမီ အာဏာသိမ်း စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလမှာ NCA စာချုပ်ရဲ့ ပြည်‌ထောင်စု အဆင့် နိုင်ငံ‌ရေးဆိုင်ရာ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှု‌တွေကို ယာယီ ဆိုင်းငံ့ထားသင့်၊ မထားသင့်၊ တစ်ဖွဲ့ချင်းနဲ့ဆိုင်တဲ့ နှစ်ဖက်သ‌ဘောတူစာချုပ်(Bilateral Agreements) များကို အ‌ခြေခံပြီး ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဆက်လက်အ‌ကောင်အထည်‌ဖော်သင့်၊ မ‌ဖော်သင့် စတာ‌တွေကို ဒီ‌နေ့ အစည်းအ‌ဝေး မှာ ‌ဆွေး‌နွေးညှိနှိုင်း ဆုံးဖြတ်သွားမှာဖြစ်ပါတယ်” ဟု ‌ဖော်ပြပါရှိသည်။

လက်ရှိ တပ်မ‌တော်၏ အာဏာသိမ်းမှုအ‌ပေါ် လက်မခံဆန့်ကျင်သလို နည်းလမ်း‌ပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်‌နေကြသည့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်လည်း အတူတကွ မားမားမတ်မတ် ရပ်တည် အား‌ပေး‌ထောက်ခံ‌နေ‌ကြောင်းလည်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်း‌ဖော်ပြထားသည်။

အလားတူ ဆန္ဒ‌ဖော်ထုတ်ပွဲများနှင့် Civil Disobedient Movement (CDM) လူထုအုံကြွမှုတွင် ပါဝင်‌နေကြသည့် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များကို ရဲ၊ တပ်မ‌တော်သားများမှ ညအချိန်မ‌တော် လိုက် လံဖမ်းဆီးမှုများကို ရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းသူများကို ပြန်လွှတ်‌ပေး‌ရေးနှင့် ငြိမ်းချမ်းစွာဆန္ဒ‌ဖော် ထုတ်သူများကို အကြမ်းဖက်နည်းလမ်းဖြင့် မဖြိုခွဲရန်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ၎င်း၏ မိန့်ခွန်း၌ ‌တောင်းဆိုထားသည်။

ဒုစရိုက်သမားများကို အစုအလိုက်အပြုံလိုက် လွှတ်ငြိမ်းချမ်းသာခွင့်‌ပေးခြင်း‌ကြောင့် လက်ရှိ နိုင်ငံ‌ရေး အကြပ်အတည်းကို ပိုမို ခက်ခဲ ရှုပ်‌ထွေး‌စေသလို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို ထိခိုက် ‌စေ‌ကြောင်း နှင့် ‌ခေတ်နှင့် မ‌လျော်ညီသည့် ဥပ‌ဒေများကို စစ်အစိုးရမှ ဆင့်ကဲ ထုတ်ပြန်‌နေခြင်းသည်လည်း အာဏာရှင် စနစ်ကို သက်ဆိုးရှည်‌စေသလို ဖက်ဒရယ် ဒီမိုက‌ရေစီ စံနှုန်းများဖြင့် လုံးဝ ဆန့်ကျင် ‌နေ‌ကြောင်းလည်း ထည့်သွင်း‌ပြောဆိုထားသည်။

ယ‌နေ့ အထူးအစည်းအ‌ဝေးပွဲကို သက်ဆိုင်ရာအပစ်ရပ် အဖွဲ့အစည်းများမှ PPST အဖွဲ့ဝင် ‌ခေါင်း‌ဆောင်များ အစုံအလင် တက်‌ရောက်‌နေ‌ကြောင်း‌တွေ့ရပြီး အနာဂတ် ‌ဆွေး‌နွေးချပြနိုင်မည့် အပစ်ရပ်အဖွဲ့များ၏ ဖက်ဒရယ် အ‌ခြေခံမူများအပြင် လက်ရှိ နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ကိုက်ညီမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ယ‌နေ့ အစည်းအ ‌ဝေးပွဲတွင် ‌ဆွေး‌နွေးသွားမည်ဟုလည်းသိရသည်။

အလားတူ လက်ရှိ အပစ်ရပ် (၁၀)ဖွဲ့တွင် ပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA နှင့် KNU/KNLA-PC ငြိမ်းချမ်း‌ရေး‌ကောင်စီစသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်း များကို ကရင်အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၈၅) ဖွဲ့မှ လက်ရှိ အာဏာသိမ်း စစ်‌ကောင်စီ နှင့် ပတ်သက်မှု မပြုရန် ‌မေတ္တာရပ်ခံတိုက်တွန်းထားမှုလည်းရှိသည်။