Home သတင်း စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြပွဲနှင့် မပတ်သက်ရန် မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ ဝန်ထမ်းမိသားစုများ ဖိအား‌ပေးခံရ

စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြပွဲနှင့် မပတ်သက်ရန် မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ ဝန်ထမ်းမိသားစုများ ဖိအား‌ပေးခံရ

2213

‌ဖေ‌ဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌နောက်ဖက်ကမ်းရှိ တန်(၄,၀၀၀) မြိုင်က‌လေးဘိလပ်‌မြေစက်ရုံ၏ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များသည် လတ်တ‌လော ဖြစ်ပွား‌နေသည့် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြမှုများနှင့် မပတ်သက်ရန် ဖိအား‌ပေးခံ‌နေရ‌ကြောင်း စက်ရုံဝန်ထမ်းများက ‌ပြောသည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း စက်ရုံမှူးကြီးမှ လက်မှတ်ထိုးကာ ‌ဖေ‌ဖော်ဝါရီ ၁၇ ရက်စွဲဖြင့် အမိန့်စာထုတ်ပြီး ဝန်ထမ်းနှင့်မိသားစုဝင်များကို ထိုသို့ ဖိအား‌ပေး‌နေခြင်းဖြစ်‌ကြောင်း မိသားစုဝင်တစ်ဦးက ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၂၄ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဆန္ဒပြပွဲ မသွားဖို့၊ Facebook မှာ ဆန္ဒပြတဲ့ ပုံ၊ သတင်း‌တွေကို like, comment, share ‌တွေမလုပ်ဖို့ လက် မှတ်ထိုးရတယ်။ ‌နောက်တစ်ခုက မိသားစုဝင်‌တွေကို လိုင်စင်ဓာတ်ပုံ ‌တောင်းတယ်။ ‌နောက်‌တော့ လိုင်စင် ဓာတ်ပုံတင်မဟုတ်ဘဲ သူတို့ညွှန်ကြားထား‌ပေးတဲ့ ဓာတ်ပုံဆိုင်ကို သွားရိုက်ခိုင်းပြီး သူတို့ကို သွား‌ပေးရတယ်။ ဘာ‌ကြောင့် ဓာတ်ပုံ‌တောင်းတာလဲလို့‌မေး‌တော့ အ‌ကြောင်းပြချက် မ‌ပေးနိုင်ဘူးလို့‌ပြောတယ်။” ဟု ၎င်းက ‌ပြော သည်။

‌ကေအိုင်စီမှရရှိသည့် ‌ဖေ‌ဖေါ်ဝါရီလ ၁၇ ရက်‌နေ့ ရက်စွဲဖြင့် ညွှန်ကြားစာ‌ဖော်ပြချက်အရ မိမိတို့ဝန်ထမ်းများ အ‌နေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျတာဝန်ထမ်း‌ဆောင်ရန်၊ ဆန့်ကျင်ဘက် နိုင်ငံ‌ရေးလှုပ်ရှား မှုများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန်၊ လုံ‌လောက်‌သော အ‌ကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်ခြင်း မပြုရန်၊ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်‌စေပြီး တည်ငြိမ်‌အေးချမ်း‌ရေးကို ထိခိုက်‌စေနိုင်‌သော နိုင်ငံ‌ရေးလှုပ်ရှားမှုများတွင် ပါဝင်‌ဆောင်ရွက်ခြင်း၊ Face book များတွင် ပါဝင်‌ရေးသားခြင်း၊ Share & Like ပြုလုပ်ခြင်းများ ‌ရှောင်ကြဉ်ရန်နှင့် ‌ဆောင်ရွက်မှုများရှိပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အ‌ရေးယူသွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

စက်ရုံမှ ယခုလို ဖိအား‌ပေး‌သော်လည်း စက်ရုံဝန်ထမ်းနှင့်၎င်းတို့၏မိသားစုဝင် အများအပြားမှာ ဖားအံမြို့သို့ တက်ကာ ဆန္ဒထုတ်‌ဖော်‌နေကြသလို ဓာတ်ပုံ‌တောင်းသည့်ကိစ္စမှာလည်း တပ်မ‌တော်‌ထောက်ခံသူများအဖြစ် ပြုလုပ်ကြမည်ကို စိုးရိမ်မိ‌ကြောင်း ၎င်းမိသားစုဝင်က ယခုလိုဆက်‌ပြောသည်။

“ဆန္ဒပြပွဲသွားကြတဲ့အ‌ပေါ်မှာလည်း ‌နောက်‌ယောင်ခံလိုက်ပြီး ဘယ်သူ‌တွေသွားကြလဲဆိုပြီး ‌မေးမြန်းတာ ရှိ တယ်။ ကျ‌နော်တို့က လူညီ‌တော့ ဘယ်သူသွားလဲဆိုတာ မ‌ပြောဘူး။ ကျ‌နော်ကိုယ်တိုင်လည်း ‌နေ့တိုင်း သွားတာ ဆို‌တော့။ ကျ‌နော်တို့ စက်ရုံဝန်ထမ်း‌တွေက ဘုမသိဘမသိဘဲနဲ့ ဓာတ်ပုံ‌တွေ‌ပေးလိုက်ရတယ်။ စစ်တပ်‌ထောက် ခံတဲ့လူ‌တွေဆိုပြီး လုပ်မှာကို စိုးရိမ်ကြတယ်‌ပေါ့‌နော်။ အဲလိုလုပ်ဖို့ အ‌ခြေအ‌နေလည်းများ‌တော့ မပါချင်ကြဘူး ‌ပေါ့‌နော်။”ဟု ‌ပြောသည်။
တန် (၄,၀၀၀) စက်ရုံတွင် အလုပ်လုပ်ကိုင်‌နေ‌သော ဝန်ထမ်းအင်အား ၁,၄၀ဝ ဦးခန့်ရှိပြီး စက်ရုံဝင်းကြီးထဲရှိ ဝန်ထမ်းအိမ်ရာများ၌‌နေထိုင်‌သော ဝန်ထမ်းနှင့်မိသားစုဝင်များမှာ စုစု‌ပေါင်း လူဦး‌ရေ ၃,၀၀ဝ ‌ကျော်ခန့် ရှိ ‌ကြောင်းလည်း သိရသည်။

စက်ရုံဝန်ထမ်းတစ်ဦးကလည်း “ ဥပ‌ဒေအထက်မှာ ဘယ်သူမှရှိတာကို မမြင်ချင်ဘူး။ မဟုတ်တာလုပ်တာ သိ ရက်နဲ့ ဘာမှ လုပ်လို့ မရဘဲ လက်ပိုက်ကြည့်‌နေရမယ့်အ‌ခြေအ‌နေကို မလိုချင်ဘူး။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ထက် ‌ကျော်လွန်ပြီး‌တော့ ကိုယ်‌ရေးကိုယ်တာကိစ္စ‌တွေမှာပါ ဝင်‌ရောက်ထိန်းညှိတာမျိုး ကျ‌နော်တို့ မကြိုက်ဘူး။ ဝန်ထမ်းစည်းကမ်း‌ဖောက်ဖျက်ခြင်းမရှိပါဘဲနဲ့ အခုက ဝင်‌ရောက်စွက်ဖက်‌နေပြီ‌လေ။ အဓိက တစ်ချက်က‌တော့ တပ်မ‌တော်‌ထောက်ခံသူအ‌နေနဲ့ မပါချင်ဘူး။” ဟု ‌ပြောသည်။

(တန် ၄,၀၀၀) စက်ရုံကဲ့သို့ အနီးတွင်ရှိ‌သော (တန် ၉၀၀) မြိုင်က‌လေးဘိလပ်‌မြေစက်ရုံတွင်လည်း ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ့မှပင်စတင်ကာ အလားတူဖြစ်ရပ်မျိုး ဖိအား‌ပေးမှုများ ကြုံ‌တွေ့‌နေရ‌ကြောင်းလည်း ဝန်ထမ်းများက ‌ပြောသည်။
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွား‌ရေး ‌ကော်ပို‌ရေးရှင်း-MEC မှ မြိုင်က‌လေး‌ဒေသရှိ အမှတ် (၁) တန် ၉၀ဝ ဘိလပ်‌မြေစက်ရုံကို ၁၉၈ဝခုနှစ်တွင် စတင်လည်ပတ်ပြီး အမှတ် (၂)တန် ၄,၀၀ဝ ဘိလပ်‌မြေစက်ရုံကို ၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်ဟု သိရသည်။