နှစ်သစ်မှာအမျိုးသားအကျိုးဆောင်ရွက်နိုင်ကြပါစေ
ယနေ့မျက်မှောက်ခေတ်တွင် မြန်မာနိုင်ငံသည် နိုင်ငံရေးပြောင်းလဲလာခဲ့သည်မှာ ယခုဆို ဆယ့် ငါးနှစ်ထဲသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ မြန် မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီ အခင်းအကျင်းကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။ ဒီမိုကရေစီသဘော အရ ပါတီများတည်ထောင်ပြီး ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်ကြရသော စနစ်ဖြစ်သဖြင့် လူမျိုး တိုင်းသည် မိမိတို့လူမျိုး ဖွံ့ဖြိုးတိုးက်တက်မှုကို ဆောင်ရွက်နိုင်ရန် ပါတီတည်ထောင်ပြီး ဝင်ရောက် ယှဉ်ပြိုင်လာကြသည်။
ယင်းကဲ့သို့သော ရည်ရွယ်ချက်၊ ရည်မှန်းချက် များဖြင့် တိုင်းရင်းသားများသည် နိုင်ငံရေးလောက ထဲသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။ ကရင် တိုင်းရင်းသားတို့၏ ပါတီသည်လည်း ထို့တူပင် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသည်ကို တွေ့ရလေသည်။
၂၀၁ဝ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကြီးကို စတင်ကျင်းပရာတွင် ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တဆ ည) နှင့်အတူ ပါတီငယ်များ၊ တိုင်းရင်းသားပါတီ များနှင့် ယှဉ်ပြိုင်တွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ် တွင် ပထမဆုံး ဦးသိန်းစိန်အစိုးရအဖြစ် စတင် အုပ်ချုပ်ခွင့်ရရှိခဲ့ပါသည်။ ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ စတင်ပြောင်းလဲ လုပ်ဆောင်ပေးခဲ့သည်။ သို့သော် ဒီမိုကရေစီစံနှုန်းကဲ့သို့ အပြည့်အဝတော့ မရရှိနိုင်သေးသည်ကိုတော့ အားလုံးအသိပင် ဖြစ် သည်။
ထိုစဉ်က တိုင်းရင်းသားပါတီများလည်း တချို့ အနိုင်ရရှိခဲ့ကြပြီး လွှတ်တော်ထဲသို့ ရောက် ရှိခဲ့ကြသည်။ ပထမဆုံးစတင် ဝင်ရောက်ယှဉ်ပြိုင် သော ကေပီပီပါတီ(ကရင်ပြည်သူ့ပါတီ)သည် လွှတ်တော်ထဲသို့ အမတ်များ တချို့ဝင်ရောက် နိုင်ခဲ့သည်ကိုလည်း တွေ့ရလေသည်။ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)သည် ဝင် ရောက်ယှဉ်ပြိုင်ခြင်း မရှိသေးပေ။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် သမတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ကြားတွင် ဝန်ကြီးဦးအောင်ကြည်က ဆက်သွယ်ရေးအဖြစ် ညှိနှိုင်းပေးမှု ပြုလုပ်ပေးခဲ့ သည်။ ထိုအခါကျမှ အန်အယ်ဒီပါတီသည် ကြား ဖြတ်ရွေးကောက်ပွဲတွင် စတင်ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါသည်။ ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် အန် အယ်ဒီပါတီသည်လည်း အမတ်နေရာ ၄ဝ ကျော် လောက် အများဆုံးရရှိခဲ့ဟု ယူဆရပါသည်။
ဆက်လက်ပြီး အန်အယ်ဒီပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရာတွင် အ ပြတ်အသတ် အနိုင်ရရှိခဲ့သဖြင့် အစိုးရအဖြစ် အုပ် ချုပ်ခွင့် ရရှိခဲ့ပါသည်။ ပြောင်းလဲချိန်တန်ပြီ ဟူ သော ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော အန်အယ်ဒီသည် အကြီးအကျယ် ပြောင်းလဲမှုကို ပေးလိမ့်မည်ဟု ယုံကြည်ခဲ့ကြ သည်။ သို့တွက်ကြောင့် တိုင်းရင်းသားအပါအဝင် ပြည်သူအများစုသည် အန်အယ်ဒီကို ပုံအောပြီး မဲပေးခဲ့ကြသည်။ သို့သော် ငါးနှစ်အတွင်း အစိုးရ ဖြစ်နေချိန်တွင် တိုင်းရင်းသားများအတွက် ဆောင် ရွက်ရာတွင် တိုင်းရင်းသားများက အားရကျေနပ်မှု သိပ်မရှိခဲ့ပေ။ ထိုအခါ တိုင်းရင်းသားများသည် အန်အယ်ဒီပါတီကို ယုံကြည်အားကိုးမှု အားနည်း လာခဲ့လေသည်။ ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့လောက် လက်မှတ်ထိုးနိုင်ခဲ့သော်လည်း အန်အယ်ဒီအစိုးရ လက်ထက်တွင် အနည်းငယ်သာ လက်မှတ်ထိုးနိုင်ခဲ့သည်ကို တွေ့ရလေသည်။ ငြိမ်းချမ်းရေးသည် ဝေးချင်သလိုဖြစ်လာခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသားပါတီများသည် ၂၀၂ဝ ပြည့် ရွေးကောက်ပွဲ ရောက်လာသည့်အခါ ပါတီကြီးများကို အားကိုးလို့မဖြစ်တော့သည်ကို သိရှိလာသဖြင့် ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် ဝင်ရောက်လာသည်ကို တွေ့ရလေသည်။ တိုင်း ရင်းသားအများစု နေထိုင်ကြသော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် တိုင်းရင်းသားလူမျိုးစုတို့ သည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာကြ သည်။ ထိုအထဲတွင် ကရင်တိုင်းရင်းသားပါတီ များသည် ကရင်တိုင်းရင်းသားရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် နယ်စုံဝင်ရောက် ယှဉ် ပြိုင်လာကြသည်ကို တွေ့ရလေသည်။ ပြည်နယ် နှင့်တိုင်းဒေသကြီးရှိ တိုင်းရင်းသားတို့သည် အံ့ဩဖွယ် နိုင်ငံရေးတွင် နိုးကြားလှုပ်ရှားလာကြ သည်မှာလည်း အားရကျေနပ်စရာ ကောင်းလှပေ သည်။
သို့တွက်ကြောင့် နိုင်ငံရေးလေ့လာသူ ပညာရှင် တို့သည်ပင် တိုင်းရင်းသားပါတီများ အတော်အ တန် အနိုင်ရ ရှိလိမ့်မည်ဟု အားလုံးက ဟောကိန်း ထုတ်ခဲ့ကြသည်။ သို့သော် ဟောကိန်းမှာ အားလုံး လွဲခဲ့ကြသည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ ပေ။ အန်အယ်ဒီပါတီသည်သာ အပြတ်အသတ် အနိုင်ရရှိခဲ့လေသည်။
ထိုအထဲတွင် ကရင်ပါတီများနှင့် ကရင်ပြည်သူ တို့သည် နိုးကြားတက်ြွကစွာ မဲစည်းရုံးလောက ထဲတွင် တွေ့ရသဖြင့် ကရင်ပါတီအမတ်များလည်း များစွာအနိုင်ရရှိလိမ့်မည်ဟု တွက်ထားခဲ့ပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ကရင်ပြည်သူလူထု ၏ လှုပ်ရှားမှုအင်အားသည် လွန်စွာအားရကျေနပ် စရာ ကောင်းခဲ့ပါသည်။ သို့သော် ကရင်ပါတီများ သည် လေးပါတီလောက် ဝင်ရောက်ယှဉ်ပြိုင် ကြ သည့်အပြင် တစ်သီးပုဂ္ဂလ ကရင်အမတ်များလည်း ဝင်ရောက်ယှဉ်ပြိုင်ကြလေသည်။ ယင်းသို့ ၂၀၂ဝ ပြည့် ရွေးကောက်ပွဲတွင် ကရင်ပါတီများ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း အောင်မြင်မှု မရ ဘဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်ကို အားလုံးအသိ ပင်ဖြစ်သည်။ အခြားသော တိုင်းရင်းသားပါတီများ မှာ ထိုက်သင့်သလောက် အသီးအသီး အနိုင်ရရှိခဲ့ ကြသည်ကိုတွေ့ရလေသည်။ ကရင်ပါတီများ ဘာကြောင့် ရှုံးနိမ့်သွားရသည်ကိုလည်း နိုင်ငံရေး သမားများက ဝေဖန်သုံးသပ် ပြောဆိုခဲ့ပြီးပြီ။ စင် စစ်မှာမူ ရှုံးနိမ့်ရသည့်အကြောင်းရင်းတွင် ကရင် ပါတီများနှင့် ကရင်ပြည်သူများသည် လိုအပ်ချက် အသီးသီး ကိုယ်စီရှိနေခြင်းကြောင့်ပင် ဖြစ် သည်။
ယနေ့မြန်မာ့နိုင်ငံရေးသည် ၂၁-ရာစုခေတ်ဦး ထဲ စတင်ဝင်ရောက်သည်နှင့် ပြောင်းလဲမှုကို စတင်လေတော့သည်။ ယခင် နိုင်ငံရေးခေတ်စနစ် လို ကျင့်သုံးလိုမရတော့သည်ကို အားလုံးအသိပင် ဖြစ်သည်။
သို့တွက်ကြောင့် ဒီမိုကရေစီစနစ်ကို ယခု စတင်ကျင့်သုံးလာရခြင်းဖြစ်သည်။ ဒီမိုကရေစီ စနစ် တစ်ခုတည်းလား မဟုတ်ပေ။ ဖက်ဒရယ် စနစ်သည်လည်း ပါလာခဲ့လေသည်။ ပြောင်းလဲတိုး တက်လာသော ကမ္ဘာ့နိုင်ငံရေး အခြေအနေနှင့်အတူ တိုးတက်မြင့်မားလာသော တိုင်းရင်းသားတို့၏ နိုင်ငံရေးအတွေးအခေါ်များကို လွန်ဆန်လို့ မရ တော့သဖြင့် ဖက်ဒရယ်စနစ်ကိုပင် ကျင့်သုံးရန် ပြောဆိုလာကြသည်ကို အားလုံးအသိပင်ဖြစ် သည်။
တကယ်ဆို ဖက်ဒရယ်စနစ်ကို လွတ်လပ်ရေး မရခင်ကပင် ကျင့်သုံးရန် တိုင်းရင်းသားအားလုံး သဘောတူထားပြီးသားဖြစ်သည်။ သို့သော် အာ ဏာရှင်တို့၏ ရက်စက်မှုကြောင့် ဖက်ဒရယ်ကို ခွဲထွက်ရေးဟု ပညာမဲ့စွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး အာဏာသိမ်းလိုက်သည်။
အထက်ပါ မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲ လာမှုကို ကရင်တိုင်းရင်းသားတို့သည် လေ့လာပြီး မိမိတို့ ရှေ့ဆက် အနာဂတ်နိုင်ငံရေးတွင် မည်သို့ လျှောက်လမ်းကြမည်ကို ယခုကတည်းက ကြိုတင် ပြင်ဆင်ရပေလိမ့်မည်။ ယခင်ကလို အေးအေးဆေး ဆေး နေလို့မရတော့ပေ။ ပြီးခဲ့ ၂၀၂ဝ ပြည့် ရွေး ကောက်ပွဲတွင် အားနည်းချက် အားသာချက်များကို လေ့လာပြီး လိုအပ်သည်များကို ထပ်မံဖြည့်ဆည်း ရပါလိမ့်မည်။ အထူးသဖြင့် မိမိတို့ပါတီများ အောင်နိုင်ရန်မှာ ယခုလိုပုံစံနှင့် သွားနေလို့ မရ တော့ပေ။ လူငယ်များကို များစွာမွေးထုတ်ရမည် ဖြစ်သလို ကရင်ပြည်သူတို့၏ လိုအပ်ချက်များ ကိုလည်း ဖြည့်ဆည်းပေးနိုင်ရပါလိမ့်မည်။
ယခုကတည်းက အနာဂတ်ကို ဖန်တီးမည့် ကရင်လူငယ်များကို မွေးထုတ်ပြီး နိုင်ငံရေးသင် တန်း၊ စည်းရုံးရေးသင်တန်း စသော လိုအပ်မှုများ ကို ပြုလုပ်ပေးနိုင်ရမည်။ မျိုးဆက်သစ် ကရင် လူငယ်များကို ဆက်လက်ပြီး ပြုစုပျိုးထောင်ရမည်။ မြန်မာ့နိုင်ငံရေးသည် ယခုအတိုင်းနေမည် မဟုတ် ပေ။ ရှေ့သို့ ဆက်လက်ပြီး တိုးတက်ပြောင်းလဲ ရန်သာ ရှိပေသည်။ သို့တွက်ကြောင့် ဒီမိုကရေစီ စကားအပြင် ဖက်ဒရယ်စနစ် ရွှေစကားလုံးတွေ ကိုပင် ပြောဆိုလာကြပြီ မဟုတ်ပါလား။ နောက် ပြန်ဆုတ်ပြီး ယခင်ကလို ထင်တိုင်းစိုင်းလို့ မရဘဲ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရှေ့သို့သာ ချီတက် ရန်ရှိတော့သည်။ ထိုအခါ ကရင်လူငယ်များသည် ပေါ့ပေါ့နေလို့ မဖြစ်တော့ပေ။ နိုင်ငံရေးကို စိတ် မဝင်စားလည်း စိတ်ဝင်စားအောင် လုပ်ဆောင်ရပါ လိမ့်မည်။
နိုင်ငံရေးကို စိတ်မဝင်စားလျှင် ကျန်ရစ်ပေလိမ့် မည်။ ရွေးကောက်ပွဲ ရလာဒ်ကိုပြန်လည် ကြည့် ခြင်းဖြင့် အမီလိုက်ရန် လိုအပ်လျက်ရှိသည်ကို မြင်တတ်ဖို့ လိုအပ်ပေသည်။
တကယ်တော့ နိုင်ငံရေးကို လုပ်ဆောင်ကြသည် မှာ မိမိတို့၏နိုင်ငံတိုင်းပြည်နှင့် လူမျိုးတိုးတက် ဖွံ့ဖြိုးရေးဖြစ်၍ မွန်မြတ်သည့်လုပ်ငန်းပင် ဖြစ် သည်။ ယင်းတို့၏သဘော သဘာဝကို စနစ်တကျ ကရင်လူငယ်များ သိရှိနားလည်စေရန် သင်တန်း ပေးလျက် ဆောင်ရွက်ရပါမည်။ တချို့ ကရင် များသည် နိုင်ငံရေးကို စိတ်ဝင်စားမှု လွန်စွာ အား နည်းကြသည်။ နိုင်ငံရေးအကြောင်းကို မေးလိုက် လျှင် မယ်မယ်ရရ ဘာမှမဖြေဆိုနိုင်သည်ကို မကြာခဏ တွေ့ရသည်။ သူတို့သည် ဖာသိဖာသာ ဖြင့် နေချင်ကြသည်။ နိုင်ငံရေးသည် လူကြီးများနှင့် သာဆိုင်ပြီး လူကြီးအလုပ်ဟု ထင်တတ်ကြသည်။ စင်စစ်မှာမူ အနာဂတ်နိုင်ငံရေး၊ တိုင်းပြည်ရေးသည် သူတို့လူငယ်များ၏ လက်ထဲတွင် ရှိနေသည်ကို မစဉ်းစားမိရှာကြပေ။ ကရင်လူငယ်များ နိုင်ငံရေး၊ အမျိုးသားရေးများကို စိတ်ဝင်စားမှု မရှိပါလျှင် အနာဂတ်ကရင်လူမျိုးအတွက် အလားအလာ မကောင်းချေ။
ထို့ပြင် ပြည်သူနှင့်တသားတည်းကျအောင် ပြည်သူလူထုထဲသို့ ဆင်းပြီးပြည်သူနှင့်အတူ လို အပ်မှုတွေကို ဆွေးနွေးကြရမည်။ ပြည်သူများ လို အပ်သော စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း စသည်တို့ကို တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပေးရ မည်။ ပြည်သူများ၏အကျိုးကို မိမိတို့သည် နိုင် သည့်ဖက်က ဖေးမကူညီမှုများကို လုပ်ဆောင်ပေး နိုင်ရမည်။ အလွယ်ကူဆုံးပြောလျှင် ပရဟိတ လုပ် ငန်းများကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ အာ ဏာရလာမှ ပြည်သူ့အကျိုးကို လုပ်ဆောင်မည်ဆို လျှင် ပြည်သူနှင့် အလှမ်းဝေးနေပါလိမ့်မည်။ ကာယအား Óဏအားများကို ပေးနိုင်ရပါမည်။ သို့သော် ကာယအား မပေးနိုင်သည့်တိုင် Óဏ အားတော့ လမ်းညွှန်ဆောင်ရွက် ပေးရပါလိမ့်မည်။ ယခုကတည်းက ပြည်သူ့အကျိုးအတွက် ဆောင် ရွက်ပေးသင့်သည့် လုပ်ငန်းများကို လုပ်ဆောင် ကူညီပေးရပါလိမ့်မည်။ ပြည်သူ့အင်အားပါမှ ပါတီအင်အား တောင့်တင်းမှုရှိမည်။
ပြီးခဲ့သော ရွေးကောက်ပွဲကို ကြည့်ပါလျှင် မိမိကိုယ်ကိုအားကိုးလိုသော ကရင်က နည်းပြီး သူများအားကိုးလိုသည့် ကရင်က များနေသည့် အတွက်ကြောင့် ကရင်ပါတီများ ရှုံးနိမ့်သွားရသည် ဟု ပြောလျှင် မည်သည့်ကရင်မှ လက်ခံမည် မဟုတ်ပေ။ ဆင်ခြေ အကြောင်းအမျိုးမျိုး ပြပါ လိမ့်မည်။ တကယ်စင်စစ် တွေးကြည့်စေချင်ပါ သည်။ မြန်မာနိုင်ငံတွင် ကရင်ဦးရေ မြောက်များစွာ နေရာအနှံ့ ရှိနေပါသည်။ ကရင်လူမျိုးအားလုံး စည်းစည်းလုံးလုံး မနေသင့်ဘူးလား။ တစ်လုံး တစ်စည်း တစ်ဖွဲ့တည်း ဖြစ်နေသင့်သည်။ နေရ ပါလိမ့်မည်။ တခြားကွဲပြားမှုတွင် ရှိချင်ရှိနိုင်ပါ သည်။
နိုင်ငံရေးမှာ လူတိုင်းကွဲပြားနိုင်သည် မှန် သော်လည်း မိမိလူမျိုးအတွင်း နိုင်ငံရေးမှာ လုံးဝ (လုံးဝ)ကွဲလို့ မဖြစ်နိုင်ပေ။ အမျိုးမျိုးကွဲနေလျှင် အင်အားနည်းမည်။ အင်အားနည်းလျှင် ရှုံးပြီးသာ မှတ်။ ဘယ်တော့မှ နိုင်မည်မဟုတ်ပေ။ နွားကွဲလျှင် ကျားဆွဲမည်ဟူသော စကားပုံလည်း သိပြီးသား ပင်ဖြစ်သည်။ ယင်းကိုသိလျှင် တစ်လုံးတစ်စည်း တည်း နေဖို့သာ ရှိပါသည်။
ယခုအခါ မိမိတို့လူမျိုးအတွင်း စည်းလုံးခြင်း သည် လွန်စွာအားနည်းလှပေသည်။ ကရင်လူမျိုး အားလုံး တစ်လုံးတစ်စည်းတည်း နေပါလျှင် လို ချင်သောအမျိုးသားရေး လုပ်ငန်းများ အောင်မြင် နိုင်ပါသည်။ ယခုမှာ ဝါးအစည်းပြေသလို ဖြစ်နေ သည်။ တစ်ဖက်အဖွဲ့အစည်းက စည်းရုံးလည်း ကရင်ပါသွားသည်။ နောက်တစ်ဖွဲ့ လာစည်းရုံး လည်း ကရင်ပါသွားသည်။ မြောက်များစွာသော နိုင်ငံရေးအဖွဲ့အစည်းများ ကြိုက်သလောက် လာ စည်းရုံး ကရင်ပါသွားမည်သာဖြစ်သည်။ နိုင်ငံရေး အဖွဲ့အစည်းတိုင်းတွင် ကရင်ကအများဆုံး ပါဝင် သည်ကိုသာ တွေ့ရသည်။ ကရင်မပါဝင်သော နိုင်ငံရေးအဖွဲ့အစည်းမှာ ခပ်ရှားရှားပင်ဖြစ်သည်။ သူများအဖွဲ့အစည်း နှင့် အသက်ရှင်နေထိုင်ကြရ သည်။ မိမိတို့အဖွဲ့အစည်းနှင့် နေထိုင်လို့မရပေ။
ကျန်ခဲ့သော ကရင်များသည်လည်း တစ်လုံးတစ် စည်းဖြင့် ဖွဲ့စည်းပြီးနေလို့လည်း မရပြန်ပေ။ နှစ်ဖွဲ့သုံးဖွဲ့ ဖြစ်နေပြန်သည်။ မိမိတို့ဘယ်တော့ တစ်လုံးတစ်စည်းတည်း ဖြစ်လာမည်နည်း။ ကရင့် သူရဲကောင်း အဖူထော့မဲပါ ပြန်လာမှ တစ်လုံးတစ် စည်းတည်း ဖြစ်လာမည်လား မေးလိုက်ချင်ပါ သည်။
တကယ်တော့ မိမိလူမျိုးအတွင်း စည်းလုံးရေး သည် ပြောဆိုရေးပြရသည်မှာ လွယ်ကူသလောက် တကယ်တန်း အကောင်အထည်ဖော်လျှင် မလွယ် ကူတော့ပေ။ ဝါဒများက အမျိုးမျိုး၊ အတွေးအခေါ် က အဖုံဖုံ စုံလို့နေသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိနှိုင်း လို့ပင် မရပေ။ အနာဂတ်မှာ ဒီမိုကရေစီတို့၊ ဖက် ဒရယ်စနစ်တို့ မပေါ်လာသေးဘဲ ယခုကတည်းက စကွဲနေပြီ။ နိုင်ငံတကာ အတွေ့အကြုံလည်း ရှိကြ သည်။ ပညာရှင် ပညာတတ်များလည်း ရှိနေကြ သည်။ မည်သည့်နေရာတွင် လိုအပ်နေမှန်းကို မသိနိုင်ရှာပေ။ စင်စစ်မှာမူ ကရင်အမျိုးသားရေး စိတ်ဓာတ်ရှိပါလျှင် စည်းလုံးစရာပင် မလိုအပ်ပေ။ မိမိတို့ကိုယ်တိုင် အသိတရားရှိရှိ စည်းလုံးလာပြီး စုစည်းပေါင်းစည်းကြလျက် လုပ်ဆောင်ကြပါလိမ့် မည်။ ထို့ကြောင့် လာမည့်နှစ်သစ်မှာ စစ်မှန်သော မိမိအမျိုးသားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင် ကြပါစေဟု နှစ်ဦးမှာ တောင်းဆုချွေလိုက်ပါ သည်။
S. မင်းခိုက်သူ (P.T.N)



















