Home အမြင်သဘောထား နယ်ပယ်အသီးသီးမှ ကရင်‌ခေါင်း‌ဆောင်များ၏ နှုတ်ခွန်းဆက်စကား

နယ်ပယ်အသီးသီးမှ ကရင်‌ခေါင်း‌ဆောင်များ၏ နှုတ်ခွန်းဆက်စကား

3127

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်နှစ် ၂၇၆ဝ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ အထိမ်းအမှတ်အတွက် နယ်ပယ်အသီးသီးမှ ကရင်အမျိုးသား‌ခေါင်း‌ဆောင်အချို့၏ နှစ်သစ်နှုတ်ခွန်းဆက်စကားကို စုစည်း‌ဖော်ပြလိုက်ပါသည်။


ပဒို‌စော‌ဒေးဗစ်သ‌ဘော ( ဒု ဥက္ကဋ္ဌ‌ဟောင်း၊ ကရင်အမျိုးသားအစည်းအရုံး)
ငြိမ်းချမ်း‌ရေး ဖြစ်‌ပေါ်‌ရေးအတွက်‌တော့ ကျ‌နော်တို့ဆန္ဒရှိတယ်‌ပေါ့။ ဒါ‌ပေမယ့်လို့ တစ်ဖက်က‌တော့ တစ်ချို့ ‌နေရာ‌တွေမှာ စစ်‌ပြေးဒုက္ခသည်‌တွေဖြစ်‌ပေါ်လာပြန်ပြီ။ အဲဒီကိစ္စအတွက်ကို အများကြီး‌တော့ စိုးရိမ်စရာရှိတယ်။ သို့‌သော် သူတို့‌ဘေးကင်းရန်ရှင်းဖို့အတွက် ‌ပေါ့ဗျာ။ နတ်‌ကောင်း၊ နတ်မြတ်၊ ဘုရားသခင်အ‌နေနဲ့ ကာကွယ်‌စောင့်‌ရှောက်‌ပေးဖို့ ကျ‌နော်တို့အမြဲတမ်းဆု‌တောင်းပါတယ်။ သူတို့အ‌နေနဲ့ ‌ဘေးကင်းရာ ‌ဘေးလွတ်ရာကို ‌ရောက်ရှိဖို့ဆု‌တောင်းတယ်။ တစ်ချိန်တည်းမှာပဲ တကယ်တမ်းငြိမ်းချမ်း‌ရေးဘက်ကို ဦးတည်နိုင်ဖို့လည်း ဆု‌တောင်းပါတယ်။

‌ဒေါက်တာ စင်သီယာ‌မောင် (မယ်‌တော်‌ဆေးခန်း တည်‌ထောင်သူ)
နှစ်သစ်ကူးအခါသာမယမှာ ကျမတို့ ကရင်‌တွေအပါအဝင် မြန်မာနိုင်ငံမှာ‌နေထိုင်‌နေကြတဲ့ တိုင်းရင်းသား‌တွေ အားလုံး နှစ်သစ်ကူးတိုင်းမှာ ကိုယ့်ရဲ့ ရိုးရာယဉ်‌ကျေးမှု ထုံးတမ်းအစဉ်အလာ၊ ကိုယ့်ရဲ့အခွင့်အ‌ရေး‌တွေကို ထိန်းသိမ်း ‌စောင့်‌ရှောက်ဖို့ ကာကွယ်‌စောင့်‌ရှောက်ဖို့၊ ပြီး‌တော့ စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်နဲ့ ပြည်‌ထောင်စု တစ်ခု တည်‌ဆောက်ဖို့အတွက်ကို ကိုယ့်ရဲ့ ကျရာ ကဏ္ဍက‌နေ ပါဝင်ပြီး‌တော့ အ‌ကောင်းဆုံး ‌ဆောင်ရွက် နိုင်ကြပါ‌စေလို့ အား‌ပေးပါတယ်။

ပဒို‌စောတာဒိုမူး (အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ်၊ ကရင်အမျိုးသားအစည်းအရုံး)
ကျ‌နော်တို့ ကရင်အမျိုးသား‌တွေအားလုံး ကရင်နှစ်သစ်ကူးက‌နေတဆင့် ကျ‌နော်တို့အားလုံး ကျန်းမာ ရွှင်လန်းစွာနဲ့ ဒီနှစ်သစ်အခင်းအကျင်းထဲမှာ တည်ငြိမ်မှု‌အေးချမ်းမှုဆိုတဲ့ အရသာ‌တွေကို ခံစားနိုင်ဖို့အတွက် အတူတကွ ခံစားနိုင်ဖို့အတွက်ကို ကျ‌နော်တို့ နှုတ်ခွန်းဆက်ချင်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီငြိမ်းချမ်း‌ရေးဆိုတာ ကျ‌နော်တို့ နိုင်ငံအတွက် အားလုံးပါဝင်ပြီး‌တော့ သူ‌ထောင့်၊ ကိုယ့်‌ထောင့်က‌နေ ပါဝင်ကြမှသာလျှင် ကျ‌နော်တို့လိုချင်တဲ့ တည်ငြိမ်‌အေးချမ်းတဲ့ နိုင်ငံကို ‌ရှေးရှုနိုင်မှာဖြစ်ပါတယ်။

ပဒို‌နော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ‌ဟောင်း၊ ကရင်အမျိုးသားအစည်းအရုံး )
ယခု ကျ‌ရောက်မယ့် ကရင်နှစ်သစ်ကူး ၂၇၆ဝ နှစ်ပြည့်မှာ ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်‌ဒေသမှာ အားလုံး‌နေထိုင်တဲ့ ကရင်အမျိုးသားများကို နှုတ်ခွန်းဆက်သပါတယ်။ ဒီနှစ်ကရင်နှစ်သစ်ကူးမှာ ကျမတို့ ကရင်အမျိုး သား‌တွေကို ‌ကောင်းမွန်တဲ့နှစ်သစ်၊ ပြည့်စုံ‌စေ‌သော‌ကောင်းချီးမဂင်္လာ‌တွေကို သယ်‌ဆောင်လာပါ‌စေလို့ ဆုမွန်‌ကောင်း ‌တောင်း‌ပေးပါတယ်။

ကျမတို့ ကရင်အမျိုးသားအားလုံးဟာ ‌နောင်လာမယ့် နှစ်သစ်အတွက် ‌ရှေ့ဆက်ပြီးလုပ်‌ဆောင်ရမည့် အလုပ် ‌တွေအတွက် အတူတကွ အားလုံး အင်အားအသစ်‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်သွားနိုင်ဖို့ရန်နဲ့ ကျမတို့ကရင် တစ်မျိုးသား လုံးရဲ့ရည်မှန်းချက် ပန်းတိုင်ဆီ‌ရောက်‌အောင် အတူတကွလက်တွဲ လုပ်‌ဆောင်သွားနိုင်ရန်အတွက် ကျမ‌မျှော်လင့်မိ ပါတယ်။ ‌နောက်တစ်ခုက ယခုကျ‌ရောက်မည့်နှစ်သစ်မှာ ကျမတို့ ကရင်အချင်းချင်း ဘာသာ‌ရေး ကွဲပြားမှု၊ လက်နက်ကိုင် ကွဲပြားမှု ဒါ‌တွေကိုလုံးဝမထား‌တော့ဘဲ အတူတကွ ညီညွတ်စွာ ကရင်အချင်းချင်း လက်တွဲ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ရန် အတွက် ကျမ‌နေနဲ့နှုတ်ခွန်းဆက်‌ပြောကြားလိုပါတယ်။

ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ (စစ်ဦးစီးချုပ်၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်)
ဒီနှစ်သစ်ကူး‌နေ့ အခါသမယမှာ ရပ်‌ဝေး၊ ရပ်နီးမှာရှိတဲ့ ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံးကို ဆုမွန်‌ကောင်း ‌တောင်း‌ပေးချင်တာက ဒီနှစ်သစ်အခါသမယမှာ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ကျန်းမာ‌ရေးခြင်း‌တွေ သယ်‌ဆောင်လာပြီး‌တော့ အစာ‌ရေစာ ဖူလှုံမှုရှိပြီး ‌ရောဂါဘယ‌ဘေးမှ ကင်း‌ဝေးကြပါ‌စေ။

လက်ရှိက ကျ‌နော်တို့‌တွေဟာ ‌တော်လှန်‌နေဆဲကာလအတွင်းမှာပဲ ရှိ‌နေ‌သေးတဲ့အတွက် ကျ‌နော်တို့စည်းလုံးညီ ညွတ်ဖို့လိုတယ်။ ကျ‌နော်တို့စည်းလုံးညီညွတ်မှသာလျှင် ကျ‌နော်တို့ အမျိုးသား‌ရေး ‌မျှော်မှန်းချက်ကို ‌ရောက်ရှိနိုင်မှာဖြစ် ပါတယ်။ ကျ‌နော်တို့ လိုလား‌တောင်းတချက်‌တွေကို ဒီလိုပဲ လက်ဖြန့်‌တောင်းလို့ မရဘူး ။ ကျ‌နော်တို့ တိုက်ယူရမယ်။ နည်းလမ်း‌ပေါင်းစုံ ကျ‌နော်တို့ တိုက်ယူရမှာဖြစ်တဲ့အတွက် ကျ‌နော်တို့ ကရင်အမျိုးသားထု‌တွေအားလုံး စည်းလုံးညီညွတ်ဖို့ အချိန်တန်ပါပြီ။ ကျ‌နော်တို့အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်ရမယ်။ လူမျိုးတိုင်းမှာ အခွင့်အ‌ရေးကိုယ်စီရှိကြတဲ့အတွက် ကျ‌နော်တို့ကရင်လူမျိုးသည်လည်းပဲ အခွင့်အ‌ရေးရရှိဖို့အတွက် ကျ‌နော်တို့ ကိုယ်တိုင်ကပဲ ကြိုးပမ်းလုပ်‌ဆောင်သွား ရမှာဖြစ်ပါတယ်။ ဒီနှစ်သစ်ကူး‌နေ့ အခါသမယမှာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေအားလုံးငြိမ်းငြိမ်းချမ်းချမ်း‌နေထိုင်နိုင်ပြီး‌တော့ အားလုံး ပြန်လည်ညှိနှိုင်း‌ပေါင်းစည်းဖို့အတွက် ‌မျှော်လင့်ပါတယ်။

‌စောချစ်ခင် (လွှတ်‌တော်ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်)
ကျ‌နော်တို့ ကရင်အမျိုးသား‌တွေ အထွဋ်မြတ်ထားတဲ့ ကရင်နှစ်သစ်ကူး‌နေ့မှာ ကျ‌နော်တို့ကရင်ပြည်နယ်မှာရှိတဲ့ ကရင်တိုင်းရင်းသား မိသားစုများအပါအဝင် ပြည်နယ်သူ ပြည်နယ်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့အတူ ‌ကောင်းခြင်းမဂင်္လာအဖြာဖြာဖြင့် ဆု‌တောင်း‌ပေးပါတယ်။ ဒါ့အပြင် အခုလက်ရှိ ကျ‌နော်တို့ အားလုံး ရင်ဆိုင်ကြုံ‌တွေ့ရတဲ့ ကိုဗစ် ‌ရောဂါကိုလည်း အားလုံး ကင်း‌ဝေးကြပါ‌စေလို့ ဆု‌တောင်း‌ပေးပါတယ်။ ပြီး‌တော့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူ အားလုံးဟာ ကျ‌နော်တို့ မိသားစု‌တွေဘဲဆို‌တော့ ကျ‌နော်တို့ ကရင် မိသား စုများအားလုံး ကရင်ပြည်နယ် ဖွံ့ဖြိုး‌ရေးအတွက် မိသားစုအားလုံး လက်တွဲညီညီနဲ့ ကျ‌နော်တို့ ကရင်ပြည်နယ်တိုး တက်ဖို့အ‌ရေးကို ဝိုင်းဝန်းကူညီ‌ဆောင်ရွက်‌ပေးပါလို့လည်း ‌မေတ္တာရပ်ခံပါတယ်လို့လည်း ‌ပြောကြားချင်ပါတယ်။

ဂါ့မိုးမြတ်မြတ်သူ (ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး)
ကရင်သက္ကရာဇ် ၂၇၆ဝ ခုနှစ်။ ခရစ်နှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်‌နေ့မှာ ကျ‌ရောက်မယ့် ကရင် အမျိုးသားနှစ် သစ်အခါသမယမှာ ရပ်နီးရပ်‌ဝေးသာမက ကမ႓ာတစ်ဝှမ်းလုံးမှာ ‌ရောက်ရှိပျံ့နှံ့‌နေထိုင်‌နေကြတဲ့ ကျမတို့ ကရင်အမျိုးသားအားလုံး စည်းလုံးညီညွတ်မှုနှင့်အတူ ချစ်ခင်ရင်းနှီးမှု၊ ငြိမ်းချမ်း‌ပျော်ရွှင်မှု‌တွေ ရရှိခံစားရပါ‌စေလို့ ဆု‌တောင်း‌ပေးလိုက်ပါတယ်။ ကျမအ‌နေနဲ့ဦးစွာ ‌ပြောချင်တာက ယ‌နေ့‌ခေတ်ကာလ‌ရောက်ရှိလာတဲ့အခါမှာ ကျမတို့ကရင်အမျိုးသား‌တွေရဲ့ဘဝ‌တွေ တိုးတက်မြင့်မားလာ‌ရေးအတွက် ကရင်ညီအစ်ကို‌မောင်နှမများအားလုံး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နား လည် ‌ဖေးမမှု‌တွေနဲ့အတူ စည်းလုံးညီညွတ်စွာနဲ့ ‌နေထိုင်သွားကြဖို့လို အပ်လာပြီဖြစ်ပါတယ်။

ကျမတို့ဘိုးဘွား‌တွေရဲ့ ဆိုရိုးစကားရှိခဲ့သလိုပဲ ခ‌လောက်လန်းဖ ‌ပေါ်အိုင်သီ“ နွားကွဲရင်ကျားဆွဲတယ်” ၊ ပအန်ဟို့လန်းအွီ “အတူစားရင်မြိန်တယ်”၊ ပမိုးဟို့လန်း‌လော “ အတူခြုံ‌တော့ ‌နွေးတယ်” ဆိုးရိုးစကား ‌တွေရှိခဲ့တဲ့အတိုင်း ကျမတို့‌တွေ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းမကွဲဘဲ၊ ချစ်ချင်ခင်ခင်နဲ့‌နေသွားကြရမယ့်အပြင် စည်းလုံးညီညွတ်စွာနဲ့ ကရင် အမျိုးသား ဘဝတိုးတက်မြင့်မား‌ရေးကို ‌ရှေးရှုပြီး လုပ်‌ဆောင်သွားကြရ မှာဖြစ်ပါတယ်။ ဒီက‌နေ့ကျမတို့‌တွေ လိုလား ‌တောင့်တတဲ့ ငြိမ်းချမ်း‌ရေးရှိဖို့အတွက်ကို အားလုံးပဲအတူတကွ လက်တွဲလုပ်‌ဆောင်သွားဖို့လိုအပ်သလို ကျမတို့ ကရင်အမျိုးသား‌တွေအ‌နေနဲ့လည်း မိမိတို့ရဲ့ရိုးရာအ‌မွေအနှစ်ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရင်း မိမိတို့ရဲ့အခွင့်အ‌ရေးကို အမိအရဆုပ်ကိုင်ရင်းနဲ့ စည်းလုံးညီညွတ်စွာနဲ့ ‌ရှေ့ဆက်လုပ်‌ဆောင်ကြပါစို့။

‌နော်စူစဲန်နာလှလှစိုး (ကရင်‌ရေးရာဝန်ကြီး‌လောင်း၊ ရန်ကုန်တိုင်း‌ဒေသကြီး )
ကရင်သက္ကရာဇ် ၂၇၆ဝ ခုနှစ် ၊ ပြာသိုလဆန်း ၁ ရက်‌နေ့မှာ ကျ‌ရောက်မယ့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့မှာ ကျမတို့ ကရင်လူမျိုး‌တွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား‌တွေအားလုံး ၊ ကမ႓ာသူ ကမ႓ာသားအားလုံး စစ်‌ဘေး စစ်ဒဏ်က‌နေကင်း‌ဝေးပြီး ‌ရေရှည်တည်တံ့တဲ့ ထာဝရငြိမ်းချမ်း‌ရေးရရှိကြပါ‌စေ။

ကျမတို့အ‌နေနဲ့ ဒီကိုဗစ်ကပ်ကို‌အောင်မြင်စွာ‌ကျော်လွှားပြီး‌တော့ ‌နောက်လာမယ့်နှစ်‌တွေမှာ တစ်‌ယောက်နဲ့ တစ် ‌ယောက် ‌တွေ့ဆုံရင်းနှီးခွင့်ရမယ့် ပွဲ‌တော်မျိုး‌တွေ လုပ်နိုင်ဖို့အတွက်လည်း ဆု‌တောင်းပါတယ်။ ကျမတို့နိုင်ငံမှာ ဖြစ်‌နေတဲ့ ပဋိပက္ခ‌တွေ‌ပေါ့၊ လက်နက်ကိုင်ပဋိပက္ခ‌သော်လည်း‌ကောင်း၊ ဘာသာ‌ရေး၊ လူမျိုး‌ရေးအရ‌သော်လည်း‌ကောင်း ခွဲခြားမှု‌တွေ ပ‌ပျောက်ပြီး‌တော့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုဆီကို ‌အောင်မြင်စွာ ‌လျှောက်လှမ်းနိုင်ဖို့ကိုလည်း ကျမအ‌နေနဲ့ဆန္ဒပြုအပ်ပါတယ်။