Home သတင်း တပ်မ‌တော်မှ လူ‌နေအိမ်တစ်လုံး မီးရှို့ခဲ့ဟု ‌ကေအဲန်ယူ‌ပြော

တပ်မ‌တော်မှ လူ‌နေအိမ်တစ်လုံး မီးရှို့ခဲ့ဟု ‌ကေအဲန်ယူ‌ပြော

5486

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဖာပွန်(မူ‌တြော်)ခရိုင် ၊ ဒွယ်လိုးမြို့နယ် မယ်‌ဝေ(မဲဝိုင်)မှ လူ‌နေအိမ်တစ်လုံးကို ယမန်‌နေ့ ဇန်နဝါရီလ ၂၄ရက်‌နေ့ ည‌နေ ၆နာရီ‌ကျော်တွင် မြန်မာ့တပ်မ‌တော်မှ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ‌ကေအဲန်ယူ မူ‌တြော်ခရိုင် ‌ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။

“ ‌အောက်‌ခြေက ‌ပေးပို့လာတဲ့ သတင်းအရ မြန်မာ့တပ်မ‌တော် ရှို့ပစ်လိုက်တာက တိကျတဲ့သတင်းပါ။ မီးရှို့တဲ့အ‌ကြောင်းအရင်းက‌တော့ မသိပါဘူး။ ခမရ ၃၃၉ တပ်ရင်းက ရွာထဲမှာပဲရှိတာ၊ ရွာက ဘုန်းကြီး‌တွေကိုလည်း ဖမ်းထားတာလည်းရှိတယ်။”ဟု ပဒိုမန်းမန်းမန်းက ယ‌နေ့တွင် ‌ပြောသည်။

ယခုလို ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလတွင် မြန်မာ့တပ်မ‌တော်ဘက်က ရွာသားများကို ပစ်မှတ်ထားသည့် လုပ်ရပ်သည် မဖြစ်သင့်သည့် လုပ်‌ဆောင်ချက်ဖြစ်သည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် မယ်‌ဝေ(မဲဝိုင်)ရွာသားအများစုသည် ‌ကေအဲန်ယူ တပ်မဟာ ၅နှင့် မြန်မာ့တပ်မ‌တော်တို့ကြား စစ်‌ရေးတင်းမာမှု စတင်ဖြစ်ပွားခဲ့သည့် ယခုလဆန်းပိုင်းကတည်းက ထွက်‌ပြေးတိမ်း‌ရှောင်ထားကြပြီး ‌ကျေးရွာတွင် ဘုန်းကြီးနှင့် ဒါယိကာအချို့သာ ‌နေထိုင်ကြသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ‌ကေအိုင်စီအ‌နေဖြင့် သက်ဆိုင်ရာ တပ်မ‌တော်တာဝန်ရှိသူများကို ဆက်သွယ်‌မေးမြန်း၍ မရသလို တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း တစ်စုံတရာ ထုတ်ပြန်ထားတာမရှိ‌သေး‌ပေ။