Home သတင်း တနသင်္ာရီတိုင်းတွင် ဌာ‌နေအမျိုးသမီးများဦး‌ဆောင်ပြီး ‌တောသစ်ခွ သု‌တေသနပြုလုပ်

တနသင်္ာရီတိုင်းတွင် ဌာ‌နေအမျိုးသမီးများဦး‌ဆောင်ပြီး ‌တောသစ်ခွ သု‌တေသနပြုလုပ်

3980

ဇန်နဝါရီ ၉ရက်၊ ၂၀၂၁ခုနှစ်။ နန်း‌ဝေဖြိုးဇာ

သစ်‌တောအတွင်းရှိ သစ်ခွမျိုးစိတ်များ ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ တနသင်္ာရီတိုင်း‌ဒေသကြီး မြိတ်ခရိုင် သာရဘွင်တိုက်နယ်အတွင်းရှိ ဇီဝမျိုးကွဲ သစ်ခွမျိုး ၅၉မျိုးကို ဌာ‌နေတိုင်းရင်းသူ ကရင်အမျိုးသမီးများက စစ်တမ်း ‌ကောက်ယူထားသည်ဟု သိရသည်။

အဆိုပါ သစ်ခွမျိုးစိတ်များ စစ်တမ်း‌ကောက်ယူသည့် လုပ်ငန်းစဉ်ကို ၂၀၁၈ခုနှစ်တွင် စတင်‌ဆောင်ရွက်ကာ သစ်ခွများ ကို လိုက်လံရှာ‌ဖွေပြီး ဓာတ်ပုံရိုက်ယူထားခြင်းရှိသလို ရရှိလာသည့် သစ်ခွမျိုးစိတ်များကို စုစည်းကာ သစ်ခွပျိုးဥယျာဉ် တွင် ‌မွေးမြူထားခြင်းများ ပြုလုပ်ထား‌ကြောင်း စစ်တမ်း‌ကောက်ယူသူ ဌာ‌နေအမျိုးသမီးများက ‌ပြောဆိုသည်။

စစ်တမ်း‌ကောက်ယူရာတွင် ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ‌ဒေသခံ အမျိုးသမီး ‌နော်အယ်သာရှီးက “တချို့သစ်ခွ ‌တွေက ပြန်လည်‌မွေးမြူပြီး များလာရင် ‌တောထဲမှာရှိတဲ့ သစ်‌ပေ‌တွေမှာ ပြန်ထပ်စိုက်မှာ‌ပေါ့‌နော်။ ‌တွေ့ရှိထားတဲ့ တချို့ သစ်ခွ‌တွေက နာမည်မသိဘူး။ သိပ္ပံနာမည်လည်း မရှိတဲ့အခါကြ‌တော့ ကျမတို့က ဒီ‌ဒေသမှာရှိတဲ့ ‌ဒေသခံလူထု ‌ခေါ်တဲ့ အ‌ခေါ်အ‌ဝေါ်‌တွေနဲ့ ပြန်‌ပေးမလား။ အဲလို‌တွေ ပြန်တိုင်ပင်‌ဆွေး‌နွေးတယ်။ ရှာ‌ဖွေတဲ့အခါမှာလည်း အပွင့် ပွင့်တဲ့ ရာသီနဲ့ မတိုက်ဆိုင်ရင်လည်း အဆင်မ‌ပြေဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို သစ်ခွမျိုးစိတ်သု‌တေသန ပြုလုပ်နိုင်ရန်အတွက် အမျိုးသမီးဦး‌ဆောင်သည့် ၁၄ဦးပါဝင်သည့် ‌ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ကွင်းဆင်း‌ဆောင်ရွက်သည့်အချိန်တွင် ၎င်းအမျိုးသမီးများ အပါအဝင် ‌ဒေသအတွင်းရှိ ဌာ‌နေပြည်သူ များကလည်း ပူး‌ပေါင်းလုပ်‌ဆောင်ကြသည်ဟု သိရသည်။

တနသင်္ာရီတိုင်းရှိ ဌာ‌နေတိုင်းရင်းသူ ကရင်အမျိုးသမီးများသည် ‌ဒေသအတွင်းရှိ အရင်းအမြစ်များ စီမံခန့်ခွဲနိုင်သည့် အခွင့်အ‌ရေးကို ရည်ရွယ်ပြီး လမ်းဖွင့်လုပ်‌ဆောင်‌ပေးခြင်းဖြစ်သည်ဟု သစ်ခွသု‌တေသန ပြုလုပ်သည့် လုပ်ငန်းစဉ်ဖြစ် ‌မြောက်ရန် ကူညီ‌ဆောင်ရွက်‌ပေးသည့် Tenasserim River and Indigenous People Network (TRIPNET) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌စောဖရန်ကီက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ရည်ရွယ်ချက်က ဌာ‌နေအမျိုးသမီး‌တွေဟာ ဒီထိန်းသိမ်း‌ရေးလုပ်ငန်း‌တွေမှာ တက်ကြွစွာပါဝင်ဖို့၊ ပြီး ‌တော့ သူတို့ရဲ့ အရင်းအမြစ်‌တွေကို သူတို့မှာ စီမံခန့်ခွဲနိုင်တဲ့ အခွင့်အ‌ရေး‌တွေကို ဖွင့်‌ပေးတဲ့အ‌နေနဲ့ သူတို့ စိတ်ဝင်စားတဲ့ သစ်ခွ သု‌တေသန‌လေးကို ဝိုင်းလုပ်ကြတယ်။ တနည်းအားဖြင့်‌ပြောရရင် သစ်ခွရဲ့အမျိုးအမည်၊ သစ်ခွရဲ့သ‌ဘောသဘာ ဝ၊ သစ်ခွကို ဘယ်လိုရှာရမလဲ။ သူတို့ဆီက အချက်အလက်ကိုယူတယ်။ သူတို့ကို ဓာတ်ပုံ‌လေး‌တွေ ရိုက်‌ပေးတယ်။ စု‌ဆောင်း‌ပေးတယ်။ ပြီး‌တော့ ‌နေပြည်‌တော်မှာရှိတဲ့ သစ်‌တောဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး တိုင်းအဆင့် identify လုပ်ခိုင်း တာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဒေသတွင် ယခင်က သစ်ခွမျိုးစုံရှိကာ ပြည်တွင်းစစ်‌ကြောင့် စားဝတ်‌နေ‌ရေး အခက်အခဲရှိသည့် ‌ဒေသခံများအ ‌နေဖြင့် သစ်ခွများကိုခူးယူ၍ အိမ်နီးချင်း တစ်ဖက်ထိုင်းနိုင်ငံသို့ ထုတ်ယူ‌ရောင်းချခြင်းရှိသည့်အတွက် ယခုအချိန်တွင် သစ်ခစိတ်များ မ‌ပျောက်ကွယ်သွားရန် ‌ဒေသခံအမျိုးသမီးများက ယခုလို လုပ်‌ဆောင်ခြင်းဖြစ်သည်။

အလားတူပင် KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ ၅ရှိ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်တွင် အမျိုးသမီးများဦး‌ဆောင်၍ ၂၀၁၂ခုနှစ်မှ၂၀၁၅ခုနှစ်အထိ ‌လေးနှစ်တာ အချိန်ယူကာ ‌တောသစ်ခွမျိုးစိတ်‌ပေါင်း ၁၀၀‌ကျော်ကို သု‌တေသနပြုလုပ် ကာ ရှာ‌ဖွေ‌တွေ့ရှိထားခြင်းလည်း ရှိခဲ့သည်ဟု သိရသည်။