Home သတင်း ဒုံးအကကို ကမာ္ဘသိ‌အောင် ကြိုးစား‌နေဟု ကရင်ဝန်ကြီးချုပ်‌ပြော

ဒုံးအကကို ကမာ္ဘသိ‌အောင် ကြိုးစား‌နေဟု ကရင်ဝန်ကြီးချုပ်‌ပြော

1352

ဇန်နဝါရီ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ‌စောရှား

ကရင်ရိုးရာဒုံးအကကို ကရင်ပြည်နယ်တွင်သာမက တစ်ကမာ္ဘလုံးအထိ လူအများ အသိအမှတ်ပြု သိရှိသွားရန် ကြိုးစား ‌နေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ယ‌နေ့(ဇန်နဝါရီ ၂၆ရက်)တွင် ‌ပြောကြားလိုက်သည်။

ဖားအံမြို့၊ ဖားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ‌ဆောင်သစ်တွင် ပြုလုပ်သည့် UNESCO သို့ တင်သွင်းမည့် ကရင်ရိုးရာ ဒုံးအကကို တင်ဆက်ကပြသည့်အခမ်းအနား၌ ဝန်ကြီးချုပ်က သူမ၏ အဖွင့်မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်း‌ပြောကြား လိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “‌ခေတ်အဆက်ဆက် နှစ်‌ပေါင်းများစွာ ဒုံးအကတည်ရှိတာ ထိန်းသိမ်းလာပြီး‌တော့ ဒီ‌နေ့ ‌ခေတ်မှာ ‌ဖော်ထုတ်လာတာကို ကရင်ပြည်နယ်တစ်ခုတည်းသာမက၊ နိုင်ငံတစ်နိုင်ငံလုံးသာမက ကမာ္ဘကြီးတစ်ခုလုံးပါ အသိအမှတ်ပြုနိုင်တဲ့ဟာတစ်ခုကို ကျမတို့ ကြိုးစား‌နေတာပါ။”ဟု ‌ပြောသည်။

တစ်ကမာ္ဘလုံးအသိအမှတ်ပြုနိုင်ရန် ကြိုးစား‌နေကြသည့် ဒုံးအကဆိုင်ရာဆရာ၊ အကသမားနှင့်တာဝန်ရှိသူများ၊ ပံ့ပိုးကူ ညီသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအ‌နေဖြင့် လိုအပ်ချက်၊ ပင်ပမ်းမှုများစွာရှိကြ‌သော်လည်း ‌နောင်လာ‌နောက်သား များ စားသုံးနိုင်ရန် အပင်စိုက်‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း ဝန်ကြီးချုပ်က ဥပမာ‌ပေးကာ အား‌ပေးစကား ‌ပြောဆိုသွားခဲ့သည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုံးအကဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ပရိဿတ်များ တက်‌ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မိန့်ခွန်း‌ပြောကြားခြင်း၊ ‌ခေတ်အလိုက်ဒုံးအကများဖြစ်ကြသည့် ကိုလိုနီ‌ခေတ်ဒုံး၊ ပ‌ဒေသ ရာဇ်‌ခေတ် ကျွဲဒုံး၊ လွတ်လပ်ပြီး‌ခေတ် ၁၂ လရာသီဒုံး၊ ကျားဒုံး၊ မျက်‌မှောက်‌ခေတ် ဒုံးအကများ ကပြခြင်း၊ ဒုံးအကပညာ ရှင်များမှ ကကြိုးကကွက်နှင် ဝတ်စုံများအ‌ကြောင်း ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။

ဒုံးအကကို UNESCO (ကုလသမဂ္ဂ၏ ပညာ‌ရေး၊ သိပ္ပံနှင့် ယဉ်‌ကျေးမှုဆိုင်ရာ အဖွဲ့အစည်း)အသိအမှတ်ပြု တင်သွင်းရန် ကရင်ပြည်နယ်အတွင်း ၂၀၂ဝခုနှစ်၊ ဇွန်လကုန်ပိုင်းမှ စတင်ကြိုးပမ်းခဲ့ကာ ဇူလိုင်လကုန်ပိုင်းတွင် ဒုံးအကနှင့်အတူ ရှမ်း ပြည်လက်ဖက်၊ မန္တ‌လေးလွန်းရာချိတ်တို့က ဆန်ကာတင် သုံးမျိုး စာရင်းထဲ ပါဝင်ခဲ့သည်။

ထိုဆန်ကာတင် သုံးမျိုးအနက် တစ်မျိုးကိုသာ ပြည်‌ထောင်စုမြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဆက်လက်‌ရွေးချယ်ရမည်ဖြစ်ပြီး ထိုမှတဆင့် ယူနက်စကိုအဖွဲ့ထံသို့ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင်တင်သွင်းရမည်ဟုလည်း ဒုံးအကတာဝန်ရှိသူများထံမှ သိရသည်။