Home ရွေးကောက်ပွဲသတင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲ အမြန်ဆုံးကျင်းပ‌ပေး‌ရေး AA နှင့် တပ်မ‌တော်၏ တိုက်တွန်းချက်အစိုးရအ‌ပေါ်ဖိ အား‌ပေးရာ‌ရောက်ဟုဆို

ကြားဖြတ်‌ရွေး‌ကောက်ပွဲ အမြန်ဆုံးကျင်းပ‌ပေး‌ရေး AA နှင့် တပ်မ‌တော်၏ တိုက်တွန်းချက်အစိုးရအ‌ပေါ်ဖိ အား‌ပေးရာ‌ရောက်ဟုဆို

3427

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ဒီဇင်ဘာလ (၃၁)ရက်‌နေ့မတိုင်မီ ရခိုင်ပြည်နယ်၏ ကျန်ရှိ မြို့နယ်များအတွင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပ ရန် ရက္ခိုင့်တပ်‌တော်(AA)၏ ‌တောင်းဆိုချက်နှင့် ၎င်း‌တောင်းဆိုချက်အ‌ပေါ် တပ်မ‌တော်၏ ပြန်လည်ကြိုဆို တိုက်တွန်းချက်များသည် အစိုးရအ‌ပေါ် ဖိအား‌ပေးရာ‌ရောက်‌စေ‌ကြောင်း နိုင်ငံ‌ရေး‌လေ့လာသူအချို့က ‌ထောက် ပြ‌ပြောဆိုကြသည်။

ယမန်‌နေ့ နိုဝင်ဘာလ ၁၂ ရက်‌နေ့က AA အ‌နေဖြင့် ၎င်းတို့ တစ်ဖက်သတ်အပစ်ရပ်ထားသည့် ဒီဇင်ဘာလ ၃၁ရက်‌နေ့အ‌တောအတွင်း လုံခြုံ‌ရေးအ‌ကြောင်းပြချက်‌ကြောင့် ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင်ပြည် နယ်၏ ကျန်မြို့နယ်များတွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို အမြန်ဆုံးကျင်းပရန် NLD အစိုးရနှင့် တပ်မ‌တော်ကို တိုက်တွန်းထားပြီး တပ်မ‌တော် အ‌နေဖြင့်လည်း ၎င်းအ‌ပေါ် ကြိုဆိုကာ အတတ်နိုင်ဆုံး ပူး‌ပေါင်း‌ဆောင်ရွက် သွားမည်ဖြစ်‌ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ ‌မောင်‌ကျော်စွာက “ ကာလ ကန့်သတ်ပြီး ‌တောင်းဆိုချက်က တစ်စုံတစ်ရာ ဖိ အား‌ပေး အကြပ်ကိုင်တဲ့ သ‌ဘောဖြစ်ပါတယ်။ အခုက သူတို့က ဖိအား‌ပေးသလို ‌တောင်းဆိုတဲ့ ဘယ်‌တော့ ဘယ်အတွင်းမှာ‌တော့ လုပ်‌ပေးဖို့ သ‌ဘောမျိုးနဲ့ အကြမ်းဖက်အဖွဲ့ မတရားအသင်းအ‌နေနဲ့ ‌ကြေညာထားတဲ့ အဖွဲ့ရဲ့ ‌ပြောတဲ့ဟာကို စစ်တပ်က လက်ခံပြီး‌တော့ အစိုးရနဲ့ ‌ကော်မရှင်ကို တိုက်တွန်း‌နေတဲ့ဟာက ချက်ချင်း လက်ငင်း မဖြစ်လာနိုင်ဘူးလို့ ကျ‌နော်က‌တော့ ယူဆတယ်။” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

နိုဝင်ဘာလ ၁၂ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် AA ၏ ‌ကြေညာချက်တွင် မြန်မာ့တပ်မ‌တော်အ‌နေဖြင့် ရခိုင် ပြည်နယ်အတွင်း ပြုလုပ်‌သော ထိုးစစ်ဆင်မှုများကို ရပ်တန့်ပြီး တပြည်လုံးအတိုင်းအတာဖြစ် အပစ်အခတ်ရပ်စဲ ‌ရေးကို ‌ကြေညာကာ ကြားဖြတ်‌ရွေး‌ကောက်ပွဲအမြန်ဆုံး ကျင်းပနိုင်‌ရေး NLD အစိုးရနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သင့် ‌ကြောင်းနှင့် ၂၀၂၀၊ ဒီဇင်ဘာလ ၃၁ရက်‌နေ့ မတိုင်ခင်အ‌တောအတွင်းကျင်းပနိုင်ရန် ‌မေတ္တာရပ်ခံ တိုက်တွန်း ထားသည်။

၎င်းအပြင် ထိုသို့ ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် လုံခြုံ‌ရေး ဆိုင်ရာ အခင်းအကျင်း အ‌ခြေအ‌နေ တစ်ခုကို ဖန်တီးရန်အတွက် နိုင်ငံ‌တော်အစိုးရ ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့် သင့်‌တော်သလို ကူညီပံ့ပိုးလုပ်‌ဆောင်သွားရန် ဆန္ဒရှိ‌ကြောင်းလည်း AAမှ ၎င်းတို့၏ သ‌ဘောထားကို ထုတ်ပြန်ထားသည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း ‌နောက်ဆက်တွဲ ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ရန်နှင့် မျှတသည့် ‌ရွေး‌ကောက်ပွဲ ဖြစ်ရန် နယ်‌မြေ‌ဒေသအတွင်း ငြိမ်းချမ်းသာယာပြီး ပြည်သူများ အ‌ကြောက်အရွံ့ကင်းစွာ မဲ‌ပေးပိုင်ခွင့်ရှိသင့်သည်ဟု လည်း ‌မောင်‌ကျော်စွာက ဆက်‌ပြောသည်။

“ ရိုးရိုးသားသားနဲ့ ရခိုင်ပြည်သူလူထု‌တွေရဲ့ ‌အေး‌အေးချမ်းချမ်း သူတို့ နှစ်သက်ရာကို ‌ရွေးချယ် မဲ‌ပေးနိုင်ခွင့် ရှိတဲ့ အ‌နေအထားကို ဖန်တီးရမယ်။ ဒါကလည်း ရခိုင်ပြည်နယ်မှမဟုတ်ဘူး ၊ တနိုင်ငံလုံးက တစ်‌ယောက် ‌ယောက်ကို အ‌ကြောင်းတစ်ခုုခု‌ကြောင့်မို့ ‌ကြောက်ရွံ့၍‌သော်လည်း‌ကောင် အဲ့လို မဲ‌ပေးရတာ တရားမမျှတဘူး။ ဒါ‌ကြောင့်မို့လို့ လုံခြုံရမယ်၊ တရားမျှတရမယ်၊ ပြည်သူ‌တွေရဲ့ ဆန္ဒနဲ့လည်း တထပ်ထဲ ဖြစ်‌နေရမယ်” ဟု၎င်းက ‌ပြော သည်။

AA၏ ထုတ်ပြန်ချက် ‌ပေါ်ထွက်လာပြီး‌နောက် အဆိုပါ ‌နေ့တွင်ပင် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး နှင့် ထာဝရ ငြိမ်းချမ်း‌ရေးအတွက် ထုတ်ပြန်ချက်ဟုဆိုကာ သ‌ဘောထား ‌ကြေ ညာချက်တစ်‌စောင်ထုတ်ပြန်ရာတွင် AA၏ ‌မေတ္တာရပ်ခံ ‌တောင်းဆိုချက်အ‌ပေါ် ကြိုဆို‌ကြောင်း နှင့် ကျန်ရှိ သည့်‌နေရာများ၌ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ပြုလုပ်နိုင်‌ရေး အတတ်နိုင်ဆုံး ညှိနှိုင်း‌ဆောင်ရွက်သွား မည်ဖြစ် ‌ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်အတွင်း၌လည်း ကြားဖြတ်‌ရွေး ‌ကောက်ပွဲ အမြန်ကျင်းပနိုင်‌ရေး သက်ဆိုင်ရာအဖွဲ့အစည်းများအ‌နေဖြင့် ပူး‌ပေါင်းညှိနှိုင်း‌ဆောင်ရွက်သွားရန် လည်း တပ်မ‌တော်ဘက်ကက တိုက်တွန်းထားသည်။

တပ်မ‌တော်၏ ထုတ်ပြန်ချက်တွင် ယခင် ထုတ်ပြန်‌ကြေညာချက်များနှင့် မတူဘဲ အစိုးရ မှ အကြမ်းဖက်အုပ်စု အဖြစ် ‌ကြေညာထားသည့် AAအဖွဲ့ကို ‌သောင်းကျန်းသူ အဖျက်သမားများဟု သုံးနှုန်းထားခြင်းမရှိ‌ကြောင်း ‌တွေ့ ရပြီး ယခုလို အပြန်အလှန် ‌မေတ္တာရပ်ခံထုတ်ပြန် ကြိုဆိုမှုမျိုးကို ကြိုဆိုရမှာဖြစ်‌ကြောင်း နိုင်ငံ‌ရေး ‌လေ့လာသုံး သပ်သူ ဦး‌မောင်‌မောင်စိုးက ‌ပြောသည်။

၎င်းက “ ဒီ‌ရွေး‌ကောက်ပွဲ ဖြစ်ဖို့အတွက် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု‌တွေကို ‌လျော့ဖို့ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အစိုးရဘက်ကလည်း ဒါကို(‌တောင်းဆိုချက်)လက်ခံဖို့ လိုအပ်ပါတယ်။ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ကလည်းပဲ ဒါကို အစိုးရ နဲ့ တပ်မ‌တော် ဘက်က လုံခြုံ‌ရေးဆိုင်ရာ အာမခံချက်‌ပေးတဲ့အ‌ပေါ်မှာ လုပ်‌ဆောင် သွားဖို့ လိုအပ်ပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

(တပ်မ‌တော်ကာကွယ်‌ရေးစစ်ဦးစီးချုပ်ရုံး)

တပ်မ‌တော်နှင့် AA အဖွဲ့တို့၏ ထုတ်ပြန်‌တောင်းဆိုချက်များ ထွက်‌ပေါ်လာ‌သော်လည်း လက်ရှိ အချိန်ထိ ကြား ဖြတ် ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ရေး မကျင်းပ‌ရေးနှင့်ပတ်သက်ပြီး နိုင်ငံ‌တော် သမ္မတရုံး နှင့် ‌ရွေး‌ကောက်ပွဲ ‌ကော်မ ရှင်တို့ မှ တစ်စုံတရာထုတ်‌ဖော်‌ပြောကြားခြင်းမရှိ‌သေး‌ကြောင်း‌တွေ့ရသည်။

အဆိုပါ တပ်မ‌တော်နှင့် AA အဖွဲ့တို့ ထုတ်ပြန်ချက်များအ‌ပေါ် ရခိုင်အမျိုးသားပါတီ(ANP) မှ ကြိုဆို‌ထောက်ခံ လိုက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး အခင်းအကျင်း၌ ထာဝရငြိမ်းချမ်း‌ရေး လမ်း‌ကြောင်းအစပျိုးသည့် အပြု သ‌ဘော‌ဆောင်သည့် ချဉ်းကပ်မှုဖြစ်သည်ဟု ယ‌နေ့ နိုဝင်ဘာလ ၁၃ရက်‌နေ့ ရက်စွဲဖြင့် သ‌ဘောထား ‌ကြေညာ ချက် တစ်‌စောင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်‌မြေတို့တွင် လွတ်လပ်ပြီး တရားမျှသည့် ‌ရွေး‌ကောက်ပွဲ ‌စောလျင်စွာ ကျင်းပနိုင်‌ရေးအတွက် သက်ဆိုင်သူများအားလုံး ပူး‌ပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

လက်ရှိ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ ‌ရွေး‌ကောက်ပွဲရလဒ် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း ရခိုင်အ မျိုးသား ပါတီ မှ ပြည်နယ်လွှတ်‌တော် ၇‌နေရာ၊ ပြည်သူ့လွှတ်‌တော် ၄ ‌နေရာ၊ အမျိုးသားလွှတ်‌တော် ၄‌နေရာ စုစု‌ပေါင်း ၁၅‌နေရာဖြင့် ပြည်နယ်အတွင်း ကိုယ်စားလှယ် ‌နေရာအများစုကို အနိုင်ရထား‌ကြောင်း သိရသည်။

ယခင် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ ထုတ်ပြန်ထားချက်အရ ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် နယ်‌မြေများတွင် ရခိုင်နှင့် ရှမ်းပြည်နယ်အတွင်း အများဆုံးဖြစ်ပြီး ကျန်ရှိ‌သော တိုင်းရင်းသား ‌ဒေသများတွင်လည်း ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် ‌ဒေသအများအပြားလည်းပါဝင်ထားသည်။

သို့‌သော် လွှတ်‌တော် ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်‌မြေများကို ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပရန်အတွက် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်(UEC)မှ သက်ဆိုင်ရာ နယ်‌မြေ၊ အစိုးရအဖွဲ့များ၊ အုပ်ချုပ်‌ရေး အာဏာ ပိုင်များ၊ ပြည်ထဲ‌ရေးနှင့်ကာကွယ်‌ရေးပိုင်းမှ တာဝန်ရှိသူများ၏ သ‌ဘောထားမှတ်ချက်များနှင့် နယ်‌မြေလုံခြုံ ‌ရေး အ‌ခြေအ‌နေများကို ရယူသုံးသပ်ပြီး ‌ရွေး‌ကောက်ပွဲ ကျင်းပမည့် နယ်‌မြေများကို သတ်မှတ်‌ကြေ ညာပိုင်ခွင့်ရှိ သည်။