Home COVID-19 ‌နေအိမ်တွင်း‌နေထိုင်ကြပြီး ဗိုင်းရပ်မပြန့်ပွား‌ရေး ကာကွယ်ကြရန် ကျန်းမာ‌ရေးဝန်ကြီးဌာန ပန်ကြားစာထုတ်ပြန်

‌နေအိမ်တွင်း‌နေထိုင်ကြပြီး ဗိုင်းရပ်မပြန့်ပွား‌ရေး ကာကွယ်ကြရန် ကျန်းမာ‌ရေးဝန်ကြီးဌာန ပန်ကြားစာထုတ်ပြန်

1634

နိုဝင်ဘာ ၂ဝရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံတွင် ‌ဆောင်းရာသီသို့ စတင် ကူး‌ပြောင်းကာလ ‌ရောက်ရှိ‌နေချိန်တွင် သဘာဝအားဖြင့် ဗိုင်းရပ်စ်‌ရောဂါပိုး ကူးစက်ပြန့်ပွားမှု ပိုမိုဖြစ်နိုင်သည့် ကာလဖြစ်သည့်အတွက် ‌နေအိမ်အတွင်း ‌နေထိုင်ဖို့ ကျန်းမာ‌ရေးနှင့် အားကစားဝန် ကြီးဌာနမှ နိုဝင်ဘာလ ၁၉ရက်‌နေ့က ပြည်သူများထံ ပန်ကြားစာတစ်‌စောင် ထုတ်ပြန်ထားသည်။

ပွင့်လင်းရာသီ‌ရောက်ရှိချိန်တွင် ပြည်သူလူထုများ၏ ရုံးပိတ်ရက်ရှည်ကာလ ‌ရောက်ရှိမည်ဖြစ်သည့်အတွက် ခရီးသွား လာပါက ကိုဗစ်‌ရောဂါပိုး ကူးစက်မှု ပိုမို ပြန့်ပွား‌စေနိုင်‌သော‌ကြောင့် မလိုအပ်ပါက ခရီးသွားလာခြင်း လူစုလူ‌ဝေးပြုလုပ် ခြင်းမပြုဘဲ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ‌နေအိမ်တွင် တတ်နိုင်သမျှ‌နေထိုင်သွားရန် ကျန်းမာ‌ရေး ဝန်ကြီးဌာနက ၎င်းတို့၏ ပန်ကြားချက်တွင် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲအကြိုကာလနှင့် ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်းတွင် ဖြစ်‌ပေါ်ခဲ့သည့် လူစုလူ‌ဝေးများ‌ကြောင်း ‌ရောဂါကူးစက်မှု ရှိ၊မရှိကို ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနဘက်မှ ‌စောင့်ကြပ်ကြည့်ရှု အ‌ကောင်အထည်‌ဖော် ကာကွယ် ထိန်းချုပ်နိုင်ခြင်းများ အရှိန်အဟုန်မြင့် ‌ဆောင်ရွက်လျက်ရှိ‌ကြောင်းလည်း ထုတ်ပြန်‌ပြောဆိုထားသည်။

ဖားအံမြို့နယ်၊ အိန္ဒု‌ကျေးရွာသူ နန်း‌ကော်သ‌နောက်‌ဖော့အွာက “ကျမတို့လည်း ‌ရွေး‌ကောက်ပွဲကတည်းက လူစုလူ‌ဝေး ‌တွေကြည့်ပြီး စိုးရိမ်စိတ်‌တော့ဖြစ်မိပါတယ်။ ခုလိုပန်ကြားတာလည်း ဝမ်းသာတယ်။ ဒါ‌ပေမယ့် ပြည်သူ‌တွေက များ ‌သောအားဖြင့် တစ်‌နေ့လုပ်တစ်‌နေ့စား‌တွေ များတယ်။ တစ်‌ယောက်ပဲလုပ်ပြီး တစ်အိမ်လုံး စားလို့မ‌လောက်တဲ့ မိသားစု လည်း ရှိတယ်‌လေ။ ဒါ‌ကြောင့် အပြင်မထွက်ရင်လည်း မရဘူး။ လိုအပ်ချက်တဲ့ ပိုတဲ့လှုပ်ရှားမှု‌တွေကို ထိန်းချုပ်သင့် တယ်လို့ထင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ပြည်သူလူထုထဲတွင် သတိကြီးစွာထားသူ နည်းပါး‌သေးသည့်အတွက် ယင်းပန်ကြားချက်ကို ပြည်သူလူထုထံ ‌ရောက်ရှိနိုင်သည့် ထိ‌ရောက်‌သော နည်းလမ်းများကို ဆက်လက် အ‌ကောင်အထည်‌ဖေါ်ရန် လိုအပ်‌ကြောင်း၊ ခြင်းခတ် သူများ၊ ‌ဈေးအတွင်း လူထူထပ်မှုများကိုလည်း စနစ်တကျ ပြန်စီစဉ်သင့်သကဲ့သို့ ပြည်သူတစ်ဦးတစ်‌ယောက်အ‌နေဖြင့် မိသားစုအတွင်း စနစ်ကျစွာ စီမံခန့်ခွဲရန်နှင့် မလိုအပ်ပါက လုံးဝ အပြင်မထွက်ဘဲ အိမ်တွင်း‌နေထိုင်ကြရန်လည်း လုပ်သွားကြရမည်ဖြစ်‌ကြောင်း သူမက ဖြည့်စွက်‌ပြောဆိုခဲ့သည်။

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနအ‌နေဖြင့် ကိုဗစ်ကူးစက်မှု မပြန့်ပွားရန်အတွက် လိုက်နာရမည့် စည်းကမ်းချက် များကို ‌ရွေး‌ကောက်ပွဲပြီးကတည်းက ထုတ်ပြန်‌ကြေညာချက်လည်းရှိသည်ဟု ကရင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီး ဌာနမှူး ‌ဒေါက်တာ‌ကျော်စွာမြင့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

၎င်းက “ကျန်းမာ‌ရေးဘက်က‌တော့ ရှင်းပါတယ်။ ‌ပြောထားပြီးသား။ ဒီဟာလုပ်ရင် ဒီလိုဖြစ်မယ်။ ဒီလိုမလုပ်ပါနဲ့။ ထုတ် ပြန်ချက်မှာလည်း ‌ပြောထားပြီးသား။ ဘယ်သူ့ကိုမှ အပြစ်တင်ခြင်း ဘာ‌တွေမရှိပါဘူး။ ဒါက ကျ‌နော်တို့ ‌ပြောပြီးသား ကျန်တာက ပြည်သူလူထုနဲ့ဆိုင်တာ‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုအချိန်တွင် တိုင်းနှင့် ပြည်နယ်အချို့တွင် ‌ရောဂါကူးစက်မှု ‌နေ့စဉ်ရှိလာသလို ကရင်ပြည်နယ်၌လည်း ‌ရောဂါကူး စက်မှု ‌နေ့စဉ်တိုးလာသည့်အပြင် ကျန်းမာ‌ရေးဝန်ထမ်း ဆရာဝန်များကိုပါ ပိုးကူးစက်မှုရှိလာခဲ့သည်။

နိုဝင်ဘာလ ၁၉ရက်‌နေ့ကလည်း ကရင်ပြည်နယ်တွင် ကိုဗစ် ကူးစက်မှု ၁၈ဦး အသစ်ထပ်တိုးလာသလို ‌သေဆုံးသူအ သစ်တစ်ဦး ထပ်မံ တိုးလာ‌ကြောင်းလည်း ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

လက်ရှိကရင်ပြည်နယ်တွင် ‌ရောဂါကူးစက်မှု လျင်မြန်စွာ ဖြစ်‌ပေါ်လာသည့်အတွက် ပြည်သူများအ‌နေဖြင့် ကိုဗစ်‌ရောဂါ ကြိုတင် တားဆီးကာကွယ်‌ရေး လမ်းညွန်ချက်များကို တိကျ လိုက်နာ ကျင့်သုံး‌နေထိုင်သွားရန် ကိုဗစ် ‌စောင့်ကြပ်ကြည့် ရှုမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရ၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာတွင် တိုက်တွန်းထားသည်။