Home COVID-19 ‌ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်‌ရောဂါကူးစက်မှု ပိုများလာ

‌ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်‌ရောဂါကူးစက်မှု ပိုများလာ

1589
Photo: Dawna Aung Toe

နိုဝင်ဘာ ၁၆ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်တွင် ယခုလအတွင်း ကိုဗစ်၁၉ ‌ရောဂါပိုးကူးစက်မှု များလာသည့်အပြင် ‌ရောဂါပိုး ရှိသူနှင့် ထိ‌တွေ့ထားရှိသူလည်း များသည်ဟု ‌ကော့ကရိတ်ခရိုင် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၏ နိုဝင်ဘာ ၁၅ရက်‌နေ့ ထုတ်ပြန်ထားသည့် စာရင်းအရ ‌ကော့ကရိတ်မြို့ နယ်တွင် လက်ရှိ ‌ဆေးရုံတွင် ‌ဆေးကုသခံ‌နေရသည့် ကိုဗစ်ပိုးရှိသူ ၂၉ဦးရှိ‌နေကာ ‌ကော့ကရိတ်ပြည်သူ့‌ဆေးရုံတွင် ၇ဦး၊ ကျုံဒိုးတိုက်နယ်‌ဆေးရုံတွင် ၁ဝဦး‌ကော့ဘိန်းတိုက်နယ်‌ဆေးရုံတွင် ၁၁ဦးနှင့် ‌တောင်ကြာအင်းတိုက်နယ်‌ဆေးရုံတွင် ၁ဦး ရှိသည်ဟု သိရသည်။

ကျုံဒိုးမြို့နှင့် ‌ကော့ဘိန်းတိုက်နယ်တို့တွင် ယခု‌ရောဂါပိုးရှိသူများနှင့် ထိ‌တွေ့မှုရှိထားသူများကို ချိတ်ဆက် ရှာ‌ဖွေ‌ဖော် ထုတ်ရကာ ထိ‌တွေ့မှုရှိသူများကို စာသင်‌ကျောင်းတွင်ဖွင့်လှစ်ထားသည့် Quarantine Center တွင် ‌စောင့်ကြည့်ထားရှိ သလို ‌နေအိမ်တွင် အသွားအလာ ကန့်သတ်ထားသူလည်းရှိသည်ဟု ‌ကော့ကရိတ်ခရိုင် ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာန မှူး‌ဒေါက်တာ‌ကျော်ထိုက်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“Covid ထိ‌တွေ့ရင် အသွားအလာကန့်သတ်ထားတယ်။ ကန့်သတ်ထားပြီးရင် ကျန်းမာ‌ရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ၃ရက်‌မြောက်‌နေ့မှာ အ‌ဖြေစစ်တာ‌ပေါ့။ အခု အဲဒီထိ‌တွေ့တဲ့သူ‌တွေကို ‌ကျောင်းက Quarantine Center မှာ သီးသန့်ထားတယ်။ ကျန်းမာ‌ရေးဝန်ထမ်းဘက်ပြန်ကြည့်ရင် Covid မဖြစ်ခင်ကတည်းက လည်း အင်အားနည်းတယ်။ အခုလည်း အဲဒီအင်အားပဲ။ အခု‌တော့ နိုင်နိုင်နင်းနင်းရှိ‌သေးတာ‌ပေါ့။”ဟု ‌ဒေါက်တာ‌ကျော် ထိုက်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ဘိန်းတိုက်နယ်အတွင်းရှိ ‌ကော့ဘိန်း၊ ‌ကော့‌ပေါက်၊ မင်းရွာနှင့် ဘုရားကြီးရွာရှိ ‌ဒေသခံအချို့မှာ ကိုဗစ်‌ရောဂါပိုးရှိ သူနှင့် ထိ‌တွေ့ထားခြင်းရှိသည့်အတွက် ၎င်း‌ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် Quarantine Center ၌ စုစု‌ပေါင်း အ‌ယောက် ၁၀၀‌ကျော် Quarantine ဝင်‌နေရသလို ကျုံဒိုးတွင်လည်း ‌ရောဂါကူးစက်မှုများသည့်အတွက် ကျုံဒိုးမြို့ရှိ Quarantine Center ၌ လူအ‌ယောက် ၅၀‌ကျော် Quarantine ဝင်‌နေရသည်ဟု သိရသည်။

အဆိုပါ Quarantine Center များတွင် လိုအပ်သည့် ပစ္စည်းများ သွား‌ရောက်လှူဒါန်းသည့် ‌ကော့ကရိတ် Volunteer အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျုံဒိုးမှာက ‌ရောဂါပိုးရှိတာကိုသိတာနဲ့ ထိ‌တွေ့မှုရှိထားတဲ့လူကို လိုက်ဆွဲထုတ်တာ တချို့က Quarantine ဝင်တယ်။ တချို့က မဝင်ဘူး။ မဝင်‌တော့ ကူးစက်မှုများမှာကို စိုးရိမ်တယ်။ ‌ကော့ဘိန်းတို့မှာက ထိ‌တွေ့တဲ့လူ ‌တော်‌တော်များများ Quarantine ဝင်တာ‌တွေ့ရတယ်။ ကျုံဒိုးက ‌ရောဂါပိုး ရှိတဲ့သူ‌တွေထဲမှာ မဲရုံ‌စောင့် ဝန်ထမ်းအချို့ ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ‌မေလ ၁၈ရက်မှ နိုဝင်ဘာလ ၁၅ရက်‌နေ့အထိ ပြည်နယ်ကျန်းမာ ‌ရေးဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းအရ ကရင်ပြည်နယ်တွင် ‌ရောဂါကူးစက်ခံထားရသူ စုစု‌ပေါင်းလူနာ ၅၄၆ဦး ရှိခဲ့ပြီး လက်ရှိ‌ဆေးရုံတွင် ‌ဆေးကုသခံယူ‌နေရသည့် လူနာ ၁၂ဝဦးရှိသလို ‌ရောဂါ‌ပျောက်ကင်းပြီး ‌ဆေးရုံဆင်းသွားရ သည့်လူနာ ၃၈၆ဦးနှင့် ‌သေဆုံးသူ ၄ဦးရှိသည်ဟု သိရသည်။