Home COVID-19 ကရင်ပါတီကိုယ်စားလှယ်‌လောင်း ၃ဦးနှင့် ရွာသူရွာသားများ Quarantine ရက်ပြည့်၍ ‌နေအိမ်ပြန်‌ရောက်

ကရင်ပါတီကိုယ်စားလှယ်‌လောင်း ၃ဦးနှင့် ရွာသူရွာသားများ Quarantine ရက်ပြည့်၍ ‌နေအိမ်ပြန်‌ရောက်

2253
‌အောက်တိုဘာ ၉ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ၏ ဖားအံမြို့နယ် ကိုယ်စားလှယ်‌လောင်း ၃ဦးနှင့် ရွာသူရွာသား ၄၇ဦးတို့ မှာ အစိုးရသတ်မှတ်ထားသည့် ဖားအံတက္ကသိုလ်၊ ‌ကျောက်စိမ်း‌ဆောင် Quarantine(ကွာရန်တင်း)၌ ‌နေထိုင်ကာ စစ် ‌ဆေးမှုခံယူခဲ့ပြီး (၁၄)ရက်ပြည့်သည့် ‌အောက်တိုဘာ ၆ရက်ည‌နေတွင် ‌နေအိမ်များသို့ ပြန်လည်‌ရောက်ရှိပြီဖြစ်သည်။

Q ပြန်ထွက်လာသည့် ကိုယ်စားလှယ်‌လောင်း ၃ဦးမှာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက် အ‌ရွေးခံမည့် KNDP မှ နန်း‌စေးအွာ(ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ်အမှတ်-၁)၊ နန်းလှယဉ်‌မေ(အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ်အမှတ်-၆)၊ ‌စောမင်း‌ဇော်ဦး (ပြည်သူ့လွှတ်‌တော်)တို့ဖြစ်ကြပြီး ၁၄ရက်တာအတွင်း ‌နေထိုင်ခြင်းသည် ၎င်းတို့ ၏တာဝန်ယူမှုကို ပြသခြင်းဖြစ်‌ကြောင်း နန်း‌စေးအွာက ‌ပြောသည်။

ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း နန်း‌စေးအွာက “Q ဝင်ရတဲ့ အ‌တောအတွင်း ကျမတို့အတွက် စည်းရုံး‌ရေး ဆင်းဖို့ ကြန့်ကြာသွားတာ စိတ်မ‌ကောင်းဖြစ်ရတယ်။ ဒါ‌ပေမယ့် ကိုယ်လုပ်ထားတဲ့ ကိစ္စဖြစ်တဲ့အတွက် ကိုယ်တာဝန် ပြန်ယူရတာ‌ပေါ့‌နော်။”ဟု ‌အောက်တိုဘာလ ၆ရက်‌နေ့ ည‌နေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုယ်စားလှယ်‌လောင်းများ အပါအဝင် Q ဝင်ခဲ့သူ စုစု‌ပေါင်း ၅ဝဦးစလုံးကို Covid-19 ‌ရောဂါ စစ်‌ဆေးရာတွင် ‌ရောဂါပိုး ကင်းစင်‌ကြောင်း အ‌ဖြေထွက်ရှိခဲ့သည့်အတွက် ပြန်လာခဲ့ကြ‌သော်လည်း မိမိတို့‌နေအိမ်အတွင်း Q (၇)ရက် ဆက်လက် ‌နေထိုင်‌နေကြရသည်။

‌နေအိမ်တွင် ‌နေထိုင်ရသည့်ကာလ ပြီးစီးပါကလည်း မဲဆွယ်စည်းရုံးခြင်းကို ‌ဟော‌ပြောခြင်းများဖြင့် မပြုလုပ်‌တော့ဘဲ လှည့်လည်အသိ‌ပေးကာ မျက်နှာပြခြင်းမျှသာ ပြုလုပ်‌တော့မည်ဖြစ်‌ကြောင်း KNDP ကို အား‌ပေးကြရန်လည်း မဲဆန္ဒရှင် ‌ဒေသခံများအားလုံးကို နန်း‌စေးအွာက တိုက်တွန်း‌ပြောဆိုသည်။

ကရင်ပါတီကိုယ်စားလှယ်‌လောင်းများနှင့်အတူ ဖားအံမြို့နယ်၊ ‌ကော့လှိုက်‌ကျေးရွာအုပ်စုရှိ ဝါးဆူးရွာ၊ ‌ကော့ဒါန်းမယ်ရွာ နှင့် ရွာအချို့မှ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ လူငယ်ရွာသား ၄၇ဦးတို့လည်း ကွာရန်တင်း(Q) ဝင်ခဲ့ကြပြီး ထိုအထဲမှ ဝါးဆူး ရှာသား ခှနျထှနျးဝငျးက ၎င်း၏ခံစားချက်ကို ယခုလို ‌ပြောသည်။

“ဆရာမ(နန်း‌စေးအွာတို့ ၃ဦး)ဟာ လာစစ်တဲ့အချိန် အ‌စောကြီး ပြန်ရတယ်။ ပြီးရင် ဘာ‌ပြောလဲဆို‌တော့ ရွာသား မပြန် မချင်း ကျမတို့မပြန်ဘူးဆို‌တော့ ငါတို့ရွာသားလည်း ‌တော်‌တော်‌လေး အားရတယ်ကွ။ KNDP ကလည်း အားလုံး စရိတ် အကုန်ခံ‌ပေးတယ်။ ပါတီကို အများကြီး ‌ကျေးဇူးတင်တယ်။”ဟု ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို ပြန်လည် ‌ပြောဆိုသည်။

စက်တင်ဘာလ ၁၉ရက်‌နေ့က ‌ကော့လှိုက်‌ကျေးရွာအုပ်စု၊ ဝါးဆူး‌ကျေးရွာ၌ ပြုလုပ်ခဲ့‌သော KNDP ၏ မဲဆွယ်‌ဟော‌ပြော ပွဲတွင် ပါဝင်တက်‌ရောက်ခဲ့သူထဲမှ ‌ကော့ဒါန်းမယ်ရွာသား ‌စောတင်လှိုင်မှာ Covid-19 ‌ရောဂါပိုး သံသယရှိခံရပြီး ၎င်းနှင့် ထိ‌တွေ့မှုရှိခဲ့‌သော ရွာသူရွာသားများနှင့် ကိုယ်စားလှယ်‌လောင်းများက စက်တင်ဘာ ၂၃ရက်တွင် Q ဝင်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂၄ရက်‌နေ့ ထုတ်ပြန်ချက်အရ သံသယရှိသူမှာ ‌ရောဂါပိုး‌တွေ့ရှိ သဖြင့် Q ဝင်‌နေသည့် ကိုယ်စားလှယ်‌လောင်း ၃ဦးကို နှာ‌ခေါင်း၊ အာ‌ခေါင်တို့ဖတ် ရယူခဲ့ပြီး ‌ရောဂါပိုးမ‌တွေ့ရှိ‌ကြောင်း ကရင်ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနက စက်တင်ဘာ ၂၅ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရွာသား ၄၇ဦးကိုမူ စက်တင်ဘာ ၂၈ရက်‌နေ့၌ နှာ‌ခေါင်း၊ အာ‌ခေါင် တို့ဖတ် ရယူကာ စက်တင်ဘာလ ၃ဝရက် ‌နေ့တွင် ပိုးမ‌တွေ့ရှိ‌ကြောင်း ကရင်ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ အသိ‌ပေးခဲ့သည်ဟု သိရသည်။