Home သတင်း နှစ် ၇ဝ ပြည့် ကရင်အာဇာနည်‌နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့်အမှု ၈ ရက်‌နေ့ အမိန့်ချမည်

နှစ် ၇ဝ ပြည့် ကရင်အာဇာနည်‌နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့်အမှု ၈ ရက်‌နေ့ အမိန့်ချမည်

2277

စက်တင်ဘာ ၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ရန်ကုန်တွင် နှစ် ၇ဝ ပြည့် ကရင်အာဇာနည်‌နေ့ ကျင်းပသည့်အတွက် ‌ကျောက်တံတား ရဲစခန်းက ငြိမ်း၊ စု၊ စီ ပုဒ်မ ၂ဝ ဖြင့် တရားစွဲထားခံရသည့် စသိန်း‌ဇော်မင်း၊ ‌စောဆာကွာလာနှင့် မစိန်‌ထွေးတို့ အမှုကို လာမည့် ၈ ရက်‌နေ့ရုံးချိန်းတွင် အပြီးသတ် အမိန့်ချသွားမည် ဖြစ်သည်။

အဆိုပါ အမှုအတွက် တတိယ‌မြောက် ရုံးချိန်းကို ယ‌နေ့ ‌ကျောက်တံတားမြို့နယ် တရားရုံး၌ ကြားနာပြီး‌နောက် တရားသူကြီးက စက်တင်ဘာ ၈ ရက်‌နေ့တွင်အပြီးသတ် အမိန့်ချရန် ထပ်မံချိန်းဆိုလိုက်သည်။

“ကျ‌နော်တို့ကို ၈ ရက်‌နေ့ရုံးချိန်းမှာ အမိန့်ချမယ်လို့ ‌ပြောပါတယ်။ ‌ထောင်အချုပ်မှာ ‌နေရတာ အဆင်‌ပြေပါတယ်။ ကျန်းကျန်းမာမာ ရှိပါတယ်” ဟု စသိန်း‌ဇော်မင်းက ယ‌နေ့ရုံးချိန်းအပြီးတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ရုံးချိန်းသို့ တရားစွဲခံရသူ ၃ ဦး၏ ‌ဆွေမျိုးများ၊ ကရင်လူငယ်များ အသီးသီး ကိုဗစ် ကာကွယ်‌ရေးနှင့်အညီ လာ‌ရောက် အား‌ပေးနှုတ်ဆက်ခဲ့ပြီး တရားစွဲခံရသူသုံးဦးသည် လက်ရှိ အချိန်တွင် အင်းစိန်‌ထောင်သို့ ပြန်‌ခေါ်သွားမည့် အချုပ်ကားအား‌စောင့်ဆိုင်း လျက်ရှိ‌ကြောင်းသိရသည်။