Home တွေ့ဆုံမေးမြန်းခန်း ရန်ကုန် ကရင်‌ရေးရာအတွက် ဝင်ပြိုင်မည့် PPPပါတီမှ ကိုယ်စားလှယ်‌လောင်းနှင့် ‌မေးမြန်းခြင်း

ရန်ကုန် ကရင်‌ရေးရာအတွက် ဝင်ပြိုင်မည့် PPPပါတီမှ ကိုယ်စားလှယ်‌လောင်းနှင့် ‌မေးမြန်းခြင်း

4487
Photo: PPP

‌မေးမြန်းချက်

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး‌နေရာအတွက် ဝင်‌ရောက်အ‌ရွေးချယ်ခံ ယှဉ်ပြိုင်သွားမည့် ပြည်သူ့ ‌ရှေ့‌ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်‌လောင်း ‌နော်လင်းသဂင်္ီထွန်းအား ‌ကေအိုင်စီ အကြီးတန်း သတင်း ‌ထောက် စဖန်း‌ရှောင်းက ‌မေးမြန်းထားခြင်းဖြစ်သည်။

‌မေး ။ ။ လာမယ့်‌ရွေး‌ကောက်ပွဲမှာ ကရင်ပါတီ‌တွေလည်း ဝင်‌ရောက်ယှဉ်ပြိုင်ကြဖို့ရှိ‌တော့ အ‌နောအ‌နေနဲ့ ဘာဖြစ်လို့ PPP မှာ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ‌ရွေးချယ်ဆုံးဖြတ်ပါလဲ။
PPP ပါတီ‌ရွေးချယ်ရခြင်းမှာ Programmatic (အစီအစဉ်တကျ) ပါတီဖြစ်ပြီး လူငယ်‌တွေကို အဓိကထားပြီး ‌မြေ‌တောင်‌မြှောက်‌ပေးတဲ့ ပါတီဖြစ်တယ်။ ပါတီဥက္ကဋ္ဌရဲ့ မူဝါဒများ၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များကို ကြိုက်နှစ်သက်လို့ ဝင်‌ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

‌မေး ။ ။ အ‌နောရဲ့‌မွေးရပ်ဇာတိနဲ့ ‌နောက်ပြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာအတွက် ဝင်‌ရောက် အ‌ရွေးချယ်ခံယှဉ်ပြိုင်သွားမယ်ဆို‌တော့ အ‌နောအ‌နေနဲ့ တကယ်လို့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေ ရာအတွက် အ‌ရွေးချယ်ခံရမယ်ဆိုရင် ဘာကိုအဓိကလုပ်‌ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါလဲ။
‌မွေးရပ်ဇာတိက‌တော့ ‌မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်း‌ဒေသကြီးဖြစ်ပြီး မိဘနှစ်ပါးစလုံးမှာ က ရင်တိုင်းရင်းသား၊ တိုင်းရင်းသူများဖြစ်ကြပါတယ်။ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာ ဝင်ပြိုင်ရခြင်းက ရန်ကုန်မြို့မှာ ပြည်နယ်အရပ်ရပ်က ‌ရွှေ့‌ပြောင်းအ‌ခြေချလာတဲ့ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများစွာရှိပါ တယ်။ ကရင်တိုင်းရင်းသား‌တွေ တန်းတူအခွင့်အ‌ရေးမညီမျှခြင်း၊ ပညာတတ်နည်းပါး‌နေပြီး အ‌ခြေခံလုပ်ငန်းများ ‌တွေမှာသာ ဝင်‌ရောက်လုပ်ကိုင်‌နေရခြင်း‌တွေ‌ကြောင့် ကရင်တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေး အပြည့်အဝရရှိ ‌ရေးနဲ့ ကရင်လူမျိုးတို့ရဲ့ စာ‌ပေ၊ ဓ‌လေ့၊ ယဉ်‌ကျေးမှုနဲ့ဘာသာစကား မ‌ပျောက်ပျက်‌အောင် ‌ဆောင်ရွက်သွားဖို့ ကြိုးစားလုပ်‌ဆောင်သွားမှာဖြစ်ပါတယ်။

ကျမဝင်‌ရောက်အ‌ရွေးချယ်ခံ ယှဉ်ပြိုင်သွားမယ့် ‌နေရာက ကရင်ပြည်သူလူထုရဲ့ ‌ထောက်ခံ အား‌ပေးမှု ‌ကြောင့် ကျမအနိုင်ရခဲ့မယ်ဆိုရင်‌တော့ ကရင်တိုင်းရင်းသားအ‌ရေးကို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း အပြည့် အဝခံစားခွင့်ရ‌အောင် ‌ဆောင်ရွက်သွားမှာဖြစ်သလို အခြားပြည်နယ်နဲ့တိုင်း‌ဒေသကြီး‌တွေမှာ‌နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား‌တွေအတွက်လည်း သာတူညီမျှရ‌အောင် ညှိနှိုင်း‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကက ‌တော့ ကရင်တိုင်းရင်းသားလူ‌နေမှုဘဝတိုးတက်‌ရေး၊ သာတူညီမျှ‌ရေးနဲ့ ရိုးရာဓ‌လေ့များ မပ‌ပျောက်‌ရေးတို့ကို အ‌လေးထား‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

‌မေး ။ ။ ကရင်မှာ လက်ရှိအ‌ခြေအ‌နေအရ ကရင်အ‌ရေးအတွက် လက်နက်ကိုင်ပြီး ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလမ်း‌ကြောင်းက‌နေတစ်ဆင့်သွား‌နေတာရှိသလို ပါတီ‌ထောင်ပြီး လွှတ်‌တော်နိုင်ငံ‌ရေး လမ်း‌ကြောင်း‌တွေက‌နေ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေတာ‌တွေရှိ‌တော့ အဲဒီအ‌ပေါ် အ‌နော အမြင်‌လေးသိပါရ‌စေ။
ကရင်အဖွဲ့အစည်း‌တွေအ‌နေနဲ့က‌တော့ ကရင်ပြည်နယ် ‌အေးချမ်းသာယာဖွံ့ဖြိုး‌ရေးကို နံပါတ်( ၁) အ‌နေ နဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလမ်း‌ကြောင်းက‌နေ စတင်အ‌ကောင်အထည်‌ဖော်‌ဆောင်လာတယ်လို့ မြင်မိပါ တယ်။ ဒုတိယအဆင့်အ‌နေနဲ့က‌တော့ အဲဒီငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းက‌နေတစ်ဆင့် လွှတ်‌တော်နိုင်ငံ‌ရေးကို ‌ပြောင်းလဲ‌ဖော်‌ဆောင်ပြီး ကရင်ပြည်နယ်တိုးတက်ဖို့ တရားဝင်လမ်း‌ကြောင်းကို ‌ရွေးချယ်ခြင်းလို့မြင်မိပါတယ်။

‌မေး။ ။ ‌နောက်ပြီးကရင်‌ရေးရာဝန်ကြီး‌နေရာ‌တွေအတွက် ကရင်ပါတီ‌တွေက‌နေ ကိုယ်စားလှယ်‌လောင်း ‌တွေအပါအဝင် အခြား‌သောအင်အားကြီးပါတီ‌တွေက‌နေလည်း ဝင်‌ရောက်ယှဉ်ပြိုင်သွားမယ်လို့သိရ‌တော့ အ‌နေနဲ့ဒီ့အ‌ပေါ်မှာ မိမိကိုယ်ကို ယုံကြည်မှုဘယ်‌လောက်ရှိပါလဲ။
ဟုတ်ပါတယ်။ အရှိန်အဝါကြီးတဲ့ ပါတီအချို့ကလည်း ဝင်ပြိုင်မယ်လို့ သိရပါတယ်။ ကျမက‌တော့ ကရင်လူမျိုး‌တွေ တိုးတက်‌အောင် ကြိုးစား‌ပေးသူ ဘယ်သူ့ကိုမဆို နိုင်‌စေချင်ပါတယ်။ ကျမနိုင်ဖို့ထက် ကျမခံ ယူချက်က ရန်ကုန်မှာရှိတဲ့ ကျမတို့တိုင်းရင်းသား‌တွေအ‌ရေးကို ကြိုးပမ်းသယ်ပိုးသူမည်သူမဆို ပြိုင်ဘက်ဆို တာထက် တစ်‌သွေးတသားထဲလို့ မှတ်ယူထားပါတယ်။ အကယ်လို့ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ အနိုင်ရခဲ့ မယ်ဆို ရင်‌တော့ ကရင်တိုင်းရင်းသားအ‌ရေးကို မားမားမတ်မတ် ထိထိ‌ရောက်‌ရောက် ရပ်တည်နိုင်‌အောင် အဓိကထား ‌ဆောင်ရွက်သွားမှာပါ။

‌မေး ။ ။ အခြားဖြည့်စွက်‌ပြောဆိုချင်တာများရှိရင် ဖြည့်စွက်‌ပြော‌ပေးပါ။
ကျမတို့က တိုင်းရင်းသားများ ပြည်နယ်‌နေသူ၊ ရန်ကုန်မှာ ‌နေထိုင်သူ၊ ‌တောသူ၊ နိုင်ငံခြား‌နေသူ‌တွေ ပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသားအ‌ရေးကို ကျမအ‌ရေးလို့ ခံယူထားပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျမက ကရင်တိုင်းရင်းသူဖြစ်‌နေလို့ပါ။ ကရင်လူမျိုး‌တွေအတွက် ကိုယ်စွမ်းရှိသ‌လောက် လုပ်‌ဆောင်လိုသလိုပြည် ‌ထောင်စုစိတ်ဓာတ်နဲ့ အခြားတိုင်းရင်းသား‌တွေအတွက်လည်း သာတူညီမျှ ချစ်ချစ်ခင်ခင် အခွင့်အ‌ရေး‌တွေကို တန်းတူရရှိ‌စေမှသာ ငြိမ်းချမ်းတဲ့ဖက်ဒရယ် ဒီမိုက‌ရေစီစနစ်ကို ‌ဖော်‌ဆောင်နိုင်မှာ ဖြစ်ပါတယ်။