Home သတင်း ကိုဗစ်‌ကြောင့် သီရိမဂင်္လာ‌ဈေးသစ်ရှိ ကွမ်းဒိုင်အများအပြား ယာယီရပ်နား

ကိုဗစ်‌ကြောင့် သီရိမဂင်္လာ‌ဈေးသစ်ရှိ ကွမ်းဒိုင်အများအပြား ယာယီရပ်နား

2120
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ဖြစ်ပွားမှုနှုန်း မြှင့်တက်လာ‌နေသည့် Covid-19 ‌ကြောင့် ရန်ကုန်တိုင်း‌ဒေသကြီး လှိုင်မြို့နယ် သီရိမဂင်္လာ ‌ဈေးသစ် အတွင်းဖွင့်လှစ်ထားသည့် ကွမ်း‌ရောင်းဝယ်‌ရေးဒိုင် ထက်ဝက်‌ကျော်ခန့် လုပ်ငန်းများ ယာယီရပ်နား ထားရ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်ခန့်က သီရိမဂင်္လာ‌ဈေးသစ်အတွင်း Covid-19 အတည်ပြုလူနာများ စတင်‌တွေ့ရှိသည့် သတင်းများထွက်‌ပေါ်ပြီး‌နောက် ကွမ်း‌ရောင်းဝယ်မှုများကို ကွမ်းဒိုင်အချို့မှ ယာယီအ‌နေဖြင့် အ‌ရောင်းအဝယ် ရပ်နားထားမှုများပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ဦးဘန်ကွမ်း‌ရောင်းဝယ်‌ရေးဒိုင်မှ ကိုလှခိုင်က “ကျ‌နော်‌တောင် ‌ရောဂါ‌တွေ‌ကြောက်တာနဲ့ဒိုင်ပိတ်ထားတာ ၁ဝ ရက်‌ကျော်ပြီ။ အများစုက‌တော့ပိတ်ကြတယ်။ သုံးပုံနှစ်ပုံ‌လောက်‌တော့ပိတ်ကြတယ်။ အနည်းစု‌လောက်ပဲ ဖွင့်ကြတယ်။ အဓိကက‌တော့ ကျန်းမာ‌ရေး အ‌ခြေအ‌နေအရ ကိုယ့်အသိစိတ်နဲ့ကိုယ်ပိတ်ကြတာ‌ပေါ့။ ကွမ်းယာ ဆိုင်အ‌တော်များများလည်းပိတ်ကြ‌တော့ အ‌ရောင်းအဝယ်‌အေးတဲ့အ‌နေအထား‌တော့ရှိတယ်” ဟု‌ကေ အိုင်စီသို့‌ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း Covid-19 ‌ရောဂါဖြစ်ပွားမှုအ‌ခြေအ‌နေများအရ တိုင်း‌ဒေသကြီး တစ်ခုလုံး Stay at Home အစီအစဉ်‌ကြေညာပြီး‌နောက်ပိုင်း သွားလာ‌ရေးနှင့်‌ရောင်း ဝယ်‌ဖောက်ကားမှုများတွင် ပိုမိုကြပ်တည်းလာသည့်အ‌ခြေအ‌နေများ ဖြစ်‌ပေါ်‌နေသည်ဟုလည်း ကွမ်း‌ရောင်းဝယ်သူများက‌ပြောဆိုသည်။

အဆိုပါအ‌ခြေအ‌နေများ‌ကြောင့် ကွမ်း‌ဈေးအနည်းငယ်မြှင့်တက်လာနိုင်‌ကြောင်း ကွမ်း‌ရောင်းဝယ်သူများ၏ သုံးသပ်‌ပြောဆိုမှုများရှိ‌နေပြီး လက်ရှိ‌ရောင်းဝယ်မှုများအရ အမျိုးအစား၊ အရွယ်အစားနှင့်အရည် အ‌သွေးများ အ‌ပေါ်မူတည်ပြီး ပျမ်းမျှအားဖြင့် အနိမ့်ဆုံးကျပ်‌ငွေ ၂ ‌ထောင်မှ ၇‌ထောင်အထိရှိ‌ကြောင်းသိရသည်။

သီရိမဂင်္လာ‌ဈေးသစ်တွင် ‌ရောင်းဝယ်‌နေကြသည့် ကွမ်းအများစုမှာ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကွမ်းစိုက်‌တောင်သူများထံမှ အဓိကထားဝယ်ယူ‌ရောင်းချခြင်းဖြစ်ပြီး ‌ဈေးကွက် အ‌ခြေအ‌နေအရ ဧရာဝတီရှိကွမ်းစိုက်‌တောင်သူများနှင့်အပြန်အလှန်မှီခို‌နေကြရသည့်အ‌ခြေအ‌နေဖြစ်သည်။

ပန်းတ‌နော်မြို့နယ် ‌တော‌ကျောင်း‌ကျေးရွာရှိ ကွမ်းစိုက်‌တောင်သူ မန်းဝင်းဦးက “ ရန်ကုန်က‌တော့အရင်လိုပို့ ဖို့မလွယ်‌တော့ဘူး။ ဒါ‌ပေမယ့်ကြား‌ပေါက်ပို့တာ‌လေး‌တွေ‌တော့ရှိတယ်။ ပို့‌ဆောင်‌ရေးအခက်အခဲအပြင်ကို ဝယ်လက်‌တွေလည်း သိပ်မရှိ‌တော့ဘူး။ ဒီကလူ‌တွေက ကွမ်းပဲအဓိကထားပြီး ကွမ်း‌ရောင်းလို့ရတာနဲ့ရိက္ခာဝယ် ယူစား‌သောက်‌နေကြရ‌တော့ ဒီအတိုင်း ‌နောက်ဆယ်‌လေးငါး ရက်‌လောက်ဆို ဒီဘက်ကလူ ‌တွေ‌တော် ‌တော်ကြပ်တည်းမယ့်အ‌ခြေအ‌နေ‌တော့ရှိမယ်” ဟု‌ပြောသည်။

ထို့အတူ ကွမ်းစိုက်ပျိုးရာတွင် ယခုမိုးရာသီကာလများအတွင်း ဆယ်ရက်လျှင် တစ်ကြိမ်ခန့် ခူးယူ‌ရောင်း ချနိုင်သည့်အတွက် Covid-19 ‌ကြောင့် လက်ရှိဖြစ်‌ပေါ်‌နေသည့်အ‌ခြေအ‌နေများအရ ကွမ်းကိုသာ အဓိက မှီခို‌နေရသူများအတွက် များစွာထိခိုက်မှုများရှိလာနိုင်‌ကြောင်းလည်း ကွမ်းစိုက်‌တောင် သူများ က‌ပြော ဆို‌နေကြသည်။