Home Facts Checking News မြဝတီမြို့အဝင်၌ Covid-19 ကာကွယ်‌ရေးအတွက် ကျန်းမာ‌ရေးစစ်‌ဆေးမှုများ စတင်‌ဆောင်ရွက်

မြဝတီမြို့အဝင်၌ Covid-19 ကာကွယ်‌ရေးအတွက် ကျန်းမာ‌ရေးစစ်‌ဆေးမှုများ စတင်‌ဆောင်ရွက်

3068
Photo: Nay Naw

ဩဂုတ် ၂၆ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် Covid-19 ကပ်‌ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့် အ‌နေဖြင့် ရန် ကုန်၊ ဖားအံ၊ ‌မော်လမြိုင်မြို့မှ လာ‌ရောက်သူများကို မြို့အဝင် သဃင်္န်းညီ‌နောင် စစ်‌ဆေး‌ရေးဂိတ်၌ ကျန်း မာ ‌ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်အတူ အဖွဲ ့စုံပူး‌ပေါင်းကာ ကျန်းမာ‌ရေးစစ်‌ဆေးမှုများကို စတင်လုပ် ‌ဆောင် လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ စစ်‌ဆေးမှုလုပ်ငန်းတွင် ကျန်းမာ‌ရေးဝန်ထမ်းများ၊ မြဝတီခရိုင်ရဲတပ်ဖွဲ့၊ တပ်မ‌တော်‌ဆေးတပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဌာနမှ ဝန်ထမ်းများ၊ ဌာ‌နေပြည်သူ့စစ်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်လျက်ရှိသည်။

“မြဝတီမြို့မှာ ထိုင်းနိုင်ငံက ပြန်လာတဲ့အလုပ်သမား‌တွေကို အမှတ် ၂ တံတား BCF ဇုန်မှာတာ ဝန်ရှိသူ‌တွေက ကိုဗစ်‌ရောဂါနဲ့ပတ်သက်ပြီးကျန်းမာ‌ရေး စစ်‌ဆေးမှု‌တွေကို စနစ်တကျစစ်‌ဆေး‌ဆောင်ရွက်ပြီး သက်ဆိုင်ရာ Quarantine စခန်း‌တွေကို ပို့‌ဆောင်‌ပေးလျက်ရှိပါတယ်။ ဒါ့အပြင် လတ်တ‌လော ရခိုင်ပြည်နယ်မှ အစပြုပြီး အခြားပြည်နယ်နှင့် တိုင်းများကိုပါ ကူးစက်ပျံ့နှံ့မှုများရှိ‌နေလို ့ကပ်‌ရောဂါ ဒုတိယလှိုင်းက ထပ်မံဝင်‌ရောက်လာ တဲ့အ‌ခြေအ‌နေမှာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အ‌နေနဲ့ အထူးသတိထားရမယ့် အ‌ခြေအ‌နေပါ” ဟု အ‌ရေး‌ပေါ် တုန့်ပြန်‌ရေးနှင့်စီမံခန့်ခွဲ‌ရေး‌ကော်မတီ တာဝန်ရှိသူက ‌ပြောသည်။

မြဝတီမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား နှာ‌ခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် အသိပညာ ‌ပေးခြင်းများ ပြုလုပ်‌နေသလို မြဝတီမြို့အဝင်စစ်‌ဆေး‌ရေးဂိတ်၌ ရန်ကုန်၊ ဖားအံ၊ ‌မော်လမြိုင်နှင့် အခြားမြို့ များမှလာသည့် ‌မော်‌တော်ယာဉ်‌ပေါ်ပါ ခရီးသည်များကို ကျန်းမာ‌ရေးစစ်‌ဆေးမူများ ပြုလုပ်ကာ မသကင်္ာဖွယ် ‌တွေ့ရှိပါက ပြည်သူ့‌ဆေးရုံသို ့ပို့‌ဆောင်ကာ လိုအပ်သည့် ကုသမှုများ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ကျန်းမာ ‌ရေးဌာန တာဝန်ရှိသူများက ‌ပြောသည်။

ယ‌နေ ့ (ဩဂုတ် ၂၆ ရက်‌နေ ့) နံနက်ပိုင်းထိ ကိုဗစ် ကူးစက်ခံရသူလူနာသစ် ၇ဝ ဦး စံချိန်တင် ထပ်မံ‌တွေ ့ရှိ ရပြီး အများပြည်သူများ ဂရုစိုက် ‌နေထိုင်ကြရန် ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။