Home သတင်း မြဝတီခရိုင်အတွင်း မဲ‌ပေးခွင့်ရှိသူ လူဦး‌ရေ ၁၁၅,၀၈၃ ဦးရှိပြီး ထပ်မံပြင်ဆင်ဖြည့်စွက်သူ ၁၀,၀၀ဝ ခန့်ရှိ

မြဝတီခရိုင်အတွင်း မဲ‌ပေးခွင့်ရှိသူ လူဦး‌ရေ ၁၁၅,၀၈၃ ဦးရှိပြီး ထပ်မံပြင်ဆင်ဖြည့်စွက်သူ ၁၀,၀၀ဝ ခန့်ရှိ

1906
Photo: Nay Naw

ဩဂုတ် ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

လာမယ့် နိုဝင်ဘာ ၈ ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ဩဂုတ် ၁၂ ရက်‌နေ့ ‌နောက်ဆုံးစာရင်းအရ မဲ‌ပေးခွင့်ရှိသူ လူဦး‌ရေ ၁၁၅,၀၈၃ ဦးရှိပြီး ပြင်ဆင်ဖြည့်စွက်သူ လူဦး ‌ရေ ၁၀,၀၀ဝ ခန့်ရှိ‌ကြောင်း မြဝတီမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြဝတီမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ ‌ဒေါက်တာဦးမြင့်‌အောင်‌ကျော်က “မြဝတီခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်/‌ကျေး ‌ကော်မရှင် အဖွဲ့ခွဲရုံးများမှာ အသီးသီး‌ကြေညာထားပြီး ဩဂုတ်လ ၁၂ ရက်‌နေ့ထိ ‌နောက်ဆုံးစာရင်းအရ မဲ‌ပေးနိုင်သူ ၁၁၅,၀၈၃ ဦးရှိသည့်အထဲမှာ ပုံစံ ၃၊ ပုံစံ ၄ ၊ ပုံစံ ၄(ဂ)တို့ဖြင့် ပြင်ဆင်ဖြည့်စွက်သူ ၁၀,၀၀ဝ ခန့်ရှိ‌နေပါတယ်။ ”ဟု ‌ပြောသည်။

ထို့အပြင် မြဝတီခရိုင်တွင် မူလက မဲရုံ ၇၈ ရုံ သတ်မှတ်ထား‌သော်လည်း ပြင်ပသို့ ထုတ်မည့် တပ်မဲရုံများနှင့် အခြားမဲရုံ ၅ ရုံခန့် ထပ်မံတိုးလာ ဖွယ်ရှိ‌ကြောင်းလည်း ‌ဒေါက်တာဦးမြင့်‌အောင်‌ကျော် ဖြည့်စွက်‌ပြောသည်။

လာမည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် မြဝတီခရိုင်အတွင်း နိုင်ငံ‌ရေးပါတီ (၇)ခု မှ ဝင်‌ရောက်‌ရွေးချယ်ခံရန် ကိုယ်စားလှယ်‌လောင်း (၃၂)ဦး နှင့် တသီးပုဂ္ဂလအဖြစ် ဝင်‌ရောက်‌ရွေးခံမည့် ကိုယ်စာလှယ်‌လောင်း (၁)ဦး စုစု ‌ပေါင်း (၃၃)ဦးမှ ‌ကော်မရှင်သို့ အမည်စာရင်း တင်သွင်းထားသည်ဟု မြဝတီခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

ယခင် ၂၀၁ဝ နှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲများတွင် မြဝတီခရိုင်မှာ လွှတ်‌တော်သုံးရပ်အတွက် မဲဆန္ဒနယ် (၄)‌နေရာ သာ ရှိ‌သော်လည်း ယခု ၂၀၂ဝ ခုနှစ် နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ‌ရွေး ‌ကောက်ပွဲ၌ ပြည် သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် (၁၁) ၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် (၁၂) ၊ ပြည်နယ် လွှတ်‌တော် မြဝတီမြို့မဲဆန္ဒနယ်(၁) နှင့် ပြည်နယ်လွှတ်‌တော် မြဝတီမြို့ မဲဆန္ဒနယ် (၂) ဟူ၍ မဲဆန္ဒနယ် ၅ ‌နေရာ သတ်မှတ်‌ပေးထားပြီး အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် တစ်‌နေရာစာ ထပ်မံတိုးထား‌ကြောင်း သိရသည်။