Home သတင်း ပြည်‌ထောင်စုသ‌ဘောတူစာချုပ်၏ ဦးတည်ချက်မှာ ဖက်ဒရယ်ပြည်‌ထောင်စုအတွက် အစပျိုးမှုဟု မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ‌ပြော

ပြည်‌ထောင်စုသ‌ဘောတူစာချုပ်၏ ဦးတည်ချက်မှာ ဖက်ဒရယ်ပြည်‌ထောင်စုအတွက် အစပျိုးမှုဟု မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ‌ပြော

2440

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂ဝ ပြည်နှစ်။ စအိုင်ဆူူး

ယ‌နေ့ ‌နေပြည်‌တော်တွင် ချုပ်ဆိုလိုက်သည့် ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း (၃)၏ ဦးတည် ချက်သည် ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအတွက် အ‌ရေးကြီးသည့် အစပျိုးမှုဟု မှတ်ယူ‌ကြောင်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအ‌ဝေး၏ ဦး‌ဆောင်သဘာပတိဖြစ်သူ မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက ၎င်း၏အဖွင့်မိန့်ခွန်း၌ ထည့်သွင်း‌ပြောကြားသွားခဲ့သည်။

‌နေပြည်‌တော်၊ MICC II ခန်းမ၌ ယ‌နေ့ (ဩဂုတ်လ ၂၁ရက်) ညီလာခံ၏ ‌နောက်ဆုံး‌နေ့အဖြစ် အစိုးရ၊ တပ်မ‌တော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ညှိနှိုင်း‌ဆွေး‌နွေး သ‌ဘောတူထားသည့် အချက်များကို ပြည်‌ထောင်စု သ‌ဘောတူစာချုပ်၏ အစိတ်အပိုင်း(၃)အဖြစ်လက်မှတ်‌ရေးထိုး ချုပ်ဆိုသည့် အခမ်းအနား အဖွင့်မိန့်ခွန်း၌ နိုင်ဟံသာက ယခုလို ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ယ‌နေ့ ချုပ်ဆိုခဲ့ကြတဲ့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ စတုတ္ထ အစည်းအ‌ဝေးက ရရှိတဲ့ ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း (၃)ရဲ့ ဦးတည်ချက်ဟာ အနာဂတ် ဖယ်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် အ‌ရေးကြီးတဲ့ အစပျိုးမှု တစ်ခုလို့ မှတ်ယူပါတယ်။ တချိန်တည်းမှာပဲ ဆက်လက်‌ဆွေး‌နွေးဖို့ ကျန်ရှိ‌နေခဲ့တဲ့ ပြည်နယ် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ ကိစ္စနဲ့ လွှတ်‌တော်ပိုင်း ဆိုင်ရာ ကဏ္ဍများကိုလည်း ကျ‌နော်တို့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆက်လက် အ‌ဖြေရှာနိုင်မယ်လို့ ‌မျှော်လင့် ပါတယ်” ဟု ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် NCA တွင် ချမှတ်ထားခဲ့သလို ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုကို ယုံကြည်မှုအပြည့်နှင့် အမြန် အ‌ကောင်အထည်‌ဖော်သွားရန်လိုအပ်‌ကြောင်း၊ စစ်မှန်သည့် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်ကို ရှာ‌ဖွေ‌ဖော် ထုတ်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်း‌ရေးကို ရရှိမည်ဖြစ်‌ကြောင်းလည်း နိုင်ဟံသာက ဆက်လက် ထည့်သွင်း ‌ပြောဆိုသွားခဲ့သည်။

ဩဂုတ်လ ၁၉ရက်မှ ယ‌နေ့ ၂၁ ရက်‌နေ့အထိ ညီလာခံကို ပြုလုပ်ကျင်းပခဲ့ပြီး ယ‌နေ့တွင် အစိတ်အပိုင်း (၃) ခု ပါဝင်သည့် ပြည်‌ထောင်စု သ‌ဘောတူ စာချုပ် အစိတ်အပိုင်း (၃)ကို အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ EAO နှင့် နိုင်ငံ‌ရေးပါတီ စသည့် အစုအဖွဲ့ ကိုယ်စားလှယ် (၅)ဦး နှင့် အစိုးရ၊ EAO၊ နိုင်ငံ‌ရေး ပါတီမှ အသိသက်‌သေ ကိုယ်စားလှယ် ၆ ဦးဖြင့် လက်မှတ်‌ရေးထိုး ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ သ‌ဘောတူစာချုပ်၏ အစိတ်အပိုင်း (၃)ခု၏ အပိုင်း (၁)၌ NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မူ ‌ဘောင် သ‌ဘောတူညီချက် (၁၅)ချက်၊ အပိုင်း (၂)တွင် ၂၀၂ဝ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့် လိုက် အ‌ကောင်အထည်‌ဖော်မှု ဇယား(၁) နှင့် အပိုင်း (၃)တွင် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အ‌ခြေခံသည့် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုင်ရာ လမ်းညွှန်အ‌ခြေခံမူ သ‌ဘောတူညီချက်(၅)ချက် ပါဝင်သည်။

နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း စာချုပ် လက်မှတ်‌ရေးထိုးမှုအပြီး ‌ကျေးဇူး တင်စကား ‌ပြောကြားရာ၌ ယခုချုပ်ဆိုလိုက်‌သော စာချုပ်သည် ယခင် ချုပ်ဆိုခဲ့‌သော ပြည်‌ထောင်စု သ‌ဘောတူ စာချုပ်များထက် ပိုမို ထူးခြား‌လေးနက်ပြီး ပိုမိုအနစ်သာရ ပြည့်ဝ‌သော စာချုပ်ဖြစ်‌ကြောင်း ‌ပြောကြားကာ အစိတ်အပိုင်း တစ်ခုစီ၏ အားသာချက်အခွင့်အလမ်းများကို ရှင်းပြ‌ပြောဆိုသွားခဲ့သည်။

နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီက‌နေ့ ဒီအချိန်မှာ ကျမတို့ နိုင်ငံ ၊ ကျမတို့ ပြည်‌ထောင်စုကို ဒီမိုက‌ရေစီ ပြည်‌ထောင်စုအဖြစ် တည်‌ဆောက်မယ်ဆိုတာဟာ အငြင်းပွားစရာမရှိ‌တော့ပါဘူး။ ဒီက‌နေ့ ချုပ်ဆိုတဲ့ ပြည် ‌ထောင်စု သ‌ဘောတူစာချုပ် အပိုင်း(၃)အရ ဘယ်လိုအဆင့်‌တွေ ဘယ်လို အစီအစဉ်‌တွေနဲ့ သွားမယ် ဆိုတာကို လည်း သ‌ဘောတူညီချက် ရရှိလာခဲ့ပါပြီး။ ဒီ‌တော့ ဘယ်အချိန်မှာ ဘယ်အ‌ခြေအ‌နေ ဘယ်အ‌နေ အထား ‌တွေကို‌ရောက်‌အောင် သွားကြမလဲဆိုတဲ့ တိုးတက်မှုပြမှတ်တိုင်‌တွေ ပါဝင်လာမယ့် အ‌သေးစိတ် အစီအစဉ်ကို ကျမတို့ ဆက်လက် ညှိနှိုင်းကြရမှာပါ” ဟု ‌ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကစ၍ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်၏ နှစ်ဖက်‌ဆွေး‌နွေး ညှိနှိုင်းမှုများတွင် တစ်ဆို့မှု များ ဖြစ်‌ပေါ်ခဲ့ပြီး‌နောက် နှစ်ဖက်အကြား တရားဝင် ‌ဆွေး‌နွေးပွဲများ ရပ်တန့်ခဲ့ရပြီး အလွှတ်သ‌ဘော‌တွေ့ဆုံမှုများဖြင့် ပြန်လည် စတင်ခဲ့ရကာ လက်ရှိ ပြည်‌ထောင်စု သ‌ဘောတူညီချက် ရရှိလာသည်အထိ နှစ်ဖက် အဆိုပြုချက် များအ‌ပေါ် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရသည်။

ယခင် ပြုလုပ်ပြီးစီးခဲ့သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ရာစု ပင်လုံ အစည်းအ‌ဝေးများနည်းတူ ယခုအစည်းအ‌ဝေးတွင် ညီလာခံ မတိုင်ခင် ‌ဆွေး‌နွေးရသည့် အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများ၊ လူမျိုးအလိုက် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ၊ ကဏ္ဍအလိုက် ‌ဆွေး‌နွေးပွဲများစသည့် လုပ်ငန်းစဉ်များမပါဝင်‌တော့ဘဲ အလွတ်သ‌ဘော ‌တွေ့ဆုံမှုများမှတဆင့် သ‌ဘောတူညီချက်များရယူကာ တရားဝင်‌ဆွေး‌နွေးမှုများကို ပြန်လည်စ တင်ခဲ့ပြီး‌နောက် ယခုလို ညီလာခံကို ပြန်လည် ကျင်းပပြီး သ‌ဘောတူညီချက်များ ရယူခဲ့ကြခြင်း ဖြစ်သည်။

အလားတူ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ၏ ဒုတိယနှင့် တတိယအကြိမ်‌မြောက် အစည်း အ‌ဝေးအထိ ကဏ္ဍအလိုက်‌ဆွေး‌နွေးမှု၏ ကဏ္ဍ(၅)ခုမှ လုံခြုံ‌ရေးဆိုင်ရာကဏ္ဍမှလွဲ၍ ကျန်ရှိသည့် နိုင်ငံ‌ရေး၊ စီး ပွား‌ရေး၊ လူမှု‌ရေး နှင့် ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍအသီးသီးအတွက် အ‌ခြေခံမူဝါဒ (၅၁) ချက်ကို ပြည်‌ထောင်စု သ‌ဘောတူ စာချုပ်အစိတ်အပိုင်း (၁)နှင့် (၂)အဖြစ် ချုပ်ဆိုထားပြီးဖြစ်သည်။

ယခုပြုလုပ်သည့် ညီလာခံသို့ ရက္ခိုင့်တပ်‌တော် (AA) အပါအဝင် ‌မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်တက်‌ရောက်နိုင်ခြင်း မရှိခြင်းအ‌ပေါ် နိုင်ငံ‌ရေးအရ ‌ဝေဖန်မှုများစွာလည်း ထွက်‌ပေါ်ခဲ့ သည်။

ယ‌နေ့ ပြုလုပ်ကျင်းပပြီးစီးသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအ‌ဝေးသို့ အစိုးရ အစုအဖွဲ့၊ လွှတ်‌တော်အစုအဖွဲ့၊ တပ်မ‌တော်အစုအဖွဲ့ ၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့၊ နိုင်ငံ‌ရေး ပါတီအဖွဲ့နှင့် အကျိုး‌ဆောင်၊ အ‌ထောက်အကူအဖွဲ့ အပါအဝင် စုစု‌ပေါင်း ၄၂၂ ဦးတက်‌ရောက်ခဲ့ သည်ဟု သိရသည်။